တာချီလိတ်တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာ မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲ နှင့် ဖျော်ဖြေရေးပွဲအတွက် ကြိုတင်လက်မှတ်များ ၀ယ်ယူနိုင်ပြီ
တာချီလိတ်တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာ မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲ နှင့် ဖျော်ဖြေရေးပွဲအတွက် ကြိုတင်လက်မှတ်များ ၀ယ်ယူနိုင်ပြီ
နိုဝငျဘာ 30, 2016
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် တာချီလိတ်မြို့ အခြေစိုက် Eastern Eagle Motorcycle Club မှ ဒုတိယအကြိမ်မြောက် နိုင်ငံတကာ မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲ နှင့် ဖျော်ဖြေရေးအတွက် ကြိုတင်လက်မှတ်များကို ရောင်းချပေးနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်ရက်အတွင်းဖြစ်သည့် ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် မြန်မာအဆိုတော်များမှ သီဆိုဖျော်ဖြေမှာဖြစ်ပြီး၊ ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် ထိုင်းနိုင်ငံမှ အဆိုတော်များမှ လာရောက်ဖျော်ဖြေကြမှာ ဖြစ်ရာ ၀င်ခွင့် လက်မှတ်များကို တစ်ဦးလျှင် ဘတ်(၃၀၀)ဖြင့် ရောင်းချပေးနေပြီး ပွဲခင်းအတွင်း လွတ်လပ်စွာ ကြည့်ရှုနိုင်မှာ ဖြစ်ကြောင်း သိရသည်။
ပွဲအတွင်း သတ်မှတ်ထားရှိသည့် ဆိုင်ခန်းများကိုလည်း ဦးစားပေးစနစ်ဖြင့် ရောင်းချပေးနေသည့်အတွက် ဈေးလာရောက် ရောင်းချလိုသူများအနေဖြင့်လည်း ကြိုတင်ဝယ်ယူနိုင်မှာ ဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် တာချီလိတ်မြို့ အခြေစိုက် Eastern Eagle Motorcycle Club မှ ဒုတိယအကြိမ်မြောက် နိုင်ငံတကာ မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲ နှင့် ဖျော်ဖြေရေးအတွက် ကြိုတင်လက်မှတ်များကို ရောင်းချပေးနပြေီ ဖြစ်ကြောင်း သိရသည်။
"အစကတော့ ပွဲကျင်းပတဲ့ ညကျမှပဲ ဝင်ပေါက်မှာ ရောင်းပေးဖို့ပါ။ မနေ့က အစည်းအေဝးပြုလုပ်ပြီး ကြိုတင်လက်မှတ်တွေ ရောင်းချပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ပွဲရက်မှ လက်မှတ်ထုတ်ရောင်းရင် ဝင်ပေါက်မှာ လူတွေရှုပ်နေမှာစိုးလို့ ကြိုတင်ရောင်းချပေးမဲ့နေရာတွေကို သတ်မှတ်လိုက်တာပါ"ဟု ပွဲဖြစ်မြောက်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ ပွဲတော်ရက်အတွင်းဖြစ်သည့် ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် မြန်မာအဆိုတော်များမှ သီဆိုဖျော်ဖြေမှာဖြစ်ပြီး၊ ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် ထိုင်းနိုင်ငံမှ အဆိုတော်များမှ လာရောက်ဖျော်ဖြကြေမှာ ဖြစ်ရာ ဝင်ခွင့် လက်မှတ်များကို တစ်ဦးလျှင် ဘတ်(၃၀၀)ဖြင့် ရောင်းချပေးနပြေီး ပွဲခင်းအတွင်း လွတ်လပ်စွာ ကြည့်ရှုနိုင်မှာ ဖြစ်ကြောင်း သိရသည်။
"လက်မှတ်ဝယ်ထားတယ်ဆိုရင် နေ့လယ်ပိုင်းမှာ ကျင်းပတဲ့ ပြိုင်ပွဲတွေရော ညပိုင်းမှာ ကျင်းပမဲ့ ဖျော်ဖြေပွဲတွေကိုရော ကြည့်လို့ရပါတယ်။ လက်မှတ်ကို တစ်စောင်(၃၀၀)ဘတ် နှုန်းနဲ့ ရက်အလိုက်ရောင်းပေးထားပါတယ်။ ကျင်းပမှာက (၂)ရက်ပဲဆိုတော့ လက်မှတ်ကို အရောင်နဲ့ ခွဲခြားထားပါတယ်"ဟု၎င်းက ထပ်မံရှင်းပြသည်။
ပွဲအတွင်း သတ်မှတ်ထားရှိသည့် ဆိုင်ခန်းများကိုလည်း ဦးစားပေးစနစ်ဖြင့် ရောင်းချပေးနေသည့်အတွက် ဈေးလာရောက် ရောင်းချလိုသူများအနဖြေင့်လည်း ကြိုတင်ဝယ်ယူနိုင်မှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်တွင် အာဆီယံနိုင်ငံများမှ မော်တော်ဆိုင်ကယ်ကလပ်များ နှင့် မြန်မာပြည်တွင်းမှ မော်တော်ဆိုင်ကယ်ကလပ်များ ရောက်ရှိလာမှာ ဖြစ်ပြီး ပထမအကြိမ်ထက် ယခု ကျင်းပမည့် ဒုတိယအကြိမ်တွင် လူဦးရေပိုမိုများပြားမှာ ဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~