မူးယစ္ေဆး လက္ႀကီးေရာင္းခ်သူ သတင္းေပးႏုိင္ပါက ရဲအရာရိွ၏ကိုယ္ပိုင္ေငြမွ ဆုေငြခ်ီးျမႇင့္မည္

မူးယစ္ေဆး လက္ႀကီးေရာင္းခ်သူ သတင္းေပးႏုိင္ပါက ရဲအရာရိွ၏ကိုယ္ပိုင္ေငြမွ ဆုေငြခ်ီးျမႇင့္မည္
နိုဝင်ဘာ 4, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသ၊ ေက်ာက္မဲၿမိဳ႕တြင္ မူးယစ္ေဆးဝါး အမ်ားအျပား ေရာင္းခ်ေနသူ(လက္ႀကီးသမား) မ်ား၏ သတင္းကို ေပးႏုိင္သူအား ေက်ာက္မဲၿမိဳ႕မွ ရဲအရာရွိတစ္ဦး၏ ကိုယ္ပိုင္ေငြမွ ဆုေငြခ်ီးျမႇင့္မည္ဟု ေၾကညာလိုက္ေၾကာင္း သိရသည္။

“လူမႈကြန္ရက္မွာ လူေတြ ေျပာေျပာေနတဲ့ လက္ႀကီးသမားဆိုတာ( ကြ်န္ေတာ္တို႔မသိႏိုင္တဲ့ အေျမာက္အမ်ား ေရာင္းခ်သူ)ေတြ မူးယစ္ေဆးဝါး ေရာင္းခ်ေနတာကို သတင္းေပးႏိုင္ရင္ ကြ်န္ေတာ့္ရဲ႕ ကိုယ္ပိုင္ေငြနဲ႔ က်ပ္ တစ္သိန္းခ်ီးျမႇင့္မယ္။ ၿပီးေတာ့ ဇီဝိတ လူမႈကူညီေရးအသင္းက အစ္ကိုႀကီး တစ္ေယာက္ကလည္း ဆုေငြ က်ပ္ တစ္သိန္း ဆုခ်မယ္ဆိုေတာ့ သတင္းေပးႏိုင္သူက ဆုေငြ က်ပ္ ႏွစ္သိန္းရမယ္”ဟု ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ ရဲအုပ္မင္းမင္းက Tachileik News Agency သို႔ ေျပာသည္။

၂၀၁၆ ခုႏွစ္အတြင္း ေက်ာက္မဲၿမိဳ႕တြင္ ျပည္သူလူထု၏ ပူးေပါင္းပါဝင္ေဆာင္ရြက္မႈေၾကာင့္ မူးယစ္ေဆးဝါး ဖမ္းဆီးရမိမႈ သိသာစြာ တိုးတက္လာသည္ဟု ရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ေသာ္လည္း မူးယစ္ေဆးဝါး အနည္းငယ္ ေရာင္းခ်သူမ်ားကိုသာ ဖမ္းဆီးမိျခင္းျဖစ္ၿပီး လက္ႀကီးသမား (မူးယစ္ေဆးအမ်ားအျပားကို အဓိကေရာင္းဝယ္သူ)မ်ားကို မဖမ္းဆီးႏိုင္ေၾကာင္း လူမႈကြန္ရက္တြင္ ေျပာဆိုေနၾကသည့္အတြက္ ယခုကဲ့သို႔ ဆုေငြထုတ္ရျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတို႔ေျပာ ေျပာေနတဲ့လက္ႀကီးသမားဆိုတာ ဘာကို ဆိုလိုမွန္းမသိဘူး။ ကၽြန္ေတာ့္ဖုန္းနံပါတ္ကို ဖုန္းဆက္ၿပီး သတင္းေပးလိုက္ပါ။ ေစာင့္ဖမ္းမယ္။ သတင္းေပးတဲ့သူကိုလည္း ကာကြယ္ေပးမယ္”ဟု အဆိုပါရဲအရာရွိက ဆိုသည္။

တပ္ဖြဲ႕ဝင္ အင္အားနွင့္ ျပည္သူလူထု အခ်ိဳးမမွ်သည့္ အေရအတြက္ျဖင့္ တာဝန္ထမ္းေဆာင္ေနသည့္ ရဲတပ္ဖြဲ႔အေနျဖင့္ မႈခင္းက်ဆင္းေရး လုပ္ေဆာင္ရာတြင္ ျပည္သူလူထုပူးေပါင္းကူညီမႈမွာ အေရးႀကီးသည္ဟု ၎က ဆိုသည္။

“လူေတြကလည္း ကိုယ္တိုင္ မပူးေပါင္းၾကဘဲနဲ႔ ရမ္းသမ္းၿပီး အျပစ္ေျပာေန၊ ဆဲေနၾကတာမ်ားတယ္။ ေသခ်ာသိတယ္ဆိုရင္ ရဲစခန္းကို ဖုန္းဆက္တိုင္လုိက္ပါလား။ ကၽြန္ေတာ္ သိရသေလာက္ေတာ့ ခုေနာက္ပုိင္းမွာ ေက်ာက္မဲ ရဲေတြလည္း အရင္က ထက္ႀကိဳးစားေနၾကတာျမင္ရပါတယ္''ဟု ေက်ာက္မဲေဒသခံတစ္ဦးျဖစ္သူ ကိုႏိုင္မင္းက ေျပာသည္။

ေက်ာက္မဲၿမိဳ႕ နမ့္ဟူးေတာင္းေက်းရြာ၌ စိတ္ၾကြမူးယစ္ေဆးဝါး (၃၅) ျပားႏွင့္အတူ အသက္ ၅၁ ႏွစ္အရြယ္ ေက်ာင္းအုပ္တစ္ဦးႏွင့္ အျခားရြာသား တစ္ဦးတို႔အား ေအာက္တိုဘာလ (၂၉)ရက္ေန႔တြင္ ေက်းရြာလူထု၏ ပူးေပါင္း ေဆာင္ရြက္မႈျဖင့္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

၂၀၁၆ ခုႏွစ္ ဇန္နဝါရီလမွ ေအာက္တိုဘာလ (၂၉) ရက္ေန႔အထိ ေက်ာက္မဲၿမိဳ႕တြင္ မူးယစ္ေဆးဝါး ဖမ္းဆီးရမိမႈ (၆၂) မႈရွိေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ ကျောက်မဲမြို့တွင် မူးယစ်ဆေးဝါး အများအပြား ရောင်းချနေသူ(လက်ကြီးသမား) များ၏ သတင်းကို ပေးနိုင်သူအား ကျောက်မဲမြို့မှ ရဲအရာရှိတစ်ဦး၏ ကိုယ်ပိုင်ငွေမှ ဆုငွေချီးမြှင့်မည်ဟု ကြေညာလိုက်ကြောင်း သိရသည်။

“လူမှုကွန်ရက်မှာ လူတွေ ပြောပြောနေတဲ့ လက်ကြီးသမားဆိုတာ( ကျွန်တော်တို့မသိနိုင်တဲ့ အမြောက်အများ ရောင်းချသူ)တွေ မူးယစ်ဆေးဝါး ရောင်းချနေတာကို သတင်းပေးနိုင်ရင် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ငွေနဲ့ ကျပ် တစ်သိန်းချီးမြှင့်မယ်။ ပြီးတော့ ဇီဝိတ လူမှုကူညီရေးအသင်းက အစ်ကိုကြီး တစ်ယောက်ကလည်း ဆုငွေ ကျပ် တစ်သိန်း ဆုချမယ်ဆိုတော့ သတင်းပေးနိုင်သူက ဆုငွေ ကျပ် နှစ်သိန်းရမယ်”ဟု ကျောက်မဲမြို့မရဲစခန်းမှ ရဲအုပ်မင်းမင်းက Tachileik News Agency သို့ ပြောသည်။

၂၀၁၆ ခုနှစ်အတွင်း ကျောက်မဲမြို့တွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု သိသာစွာ တိုးတက်လာသည်ဟု ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သော်လည်း မူးယစ်ဆေးဝါး အနည်းငယ် ရောင်းချသူများကိုသာ ဖမ်းဆီးမိခြင်းဖြစ်ပြီး လက်ကြီးသမား (မူးယစ်ဆေးအများအပြားကို အဓိကရောင်းဝယ်သူ)များကို မဖမ်းဆီးနိုင်ကြောင်း လူမှုကွန်ရက်တွင် ပြောဆိုနကြေသည့်အတွက် ယခုကဲ့သို့ ဆုငွေထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ပြော ပြောနေတဲ့လက်ကြီးသမားဆိုတာ ဘာကို ဆိုလိုမှန်းမသိဘူး။ ကျွန်တော့်ဖုန်းနံပါတ်ကို ဖုန်းဆက်ပြီး သတင်းပေးလိုက်ပါ။ စောင့်ဖမ်းမယ်။ သတင်းပေးတဲ့သူကိုလည်း ကာကွယ်ပေးမယ်”ဟု အဆိုပါရဲအရာရှိက ဆိုသည်။

တပ်ဖွဲ့ဝင် အင်အားနှင့် ပြည်သူလူထု အချိုးမမျှသည့် အရေအတွက်ဖြင့် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့အနဖြေင့် မှုခင်းကျဆင်းရေး လုပ်ဆောင်ရာတွင် ပြည်သူလူထုပူးပေါင်းကူညီမှုမှာ အရေးကြီးသည်ဟု၎င်းက ဆိုသည်။

“လူတွေကလည်း ကိုယ်တိုင် မပူးပေါင်းကြဘဲနဲ့ ရမ်းသမ်းပြီး အပြစ်ပြောနေ၊ ဆဲနကြေတာများတယ်။ သေချာသိတယ်ဆိုရင် ရဲစခန်းကို ဖုန်းဆက်တိုင်လိုက်ပါလား။ ကျွန်တော် သိရသလောက်တော့ ခုနောက်ပိုင်းမှာ ကျောက်မဲ ရဲတွေလည်း အရင်က ထက်ကြိုးစားနကြေတာမြင်ရပါတယ်''ဟု ကျောက်မဲဒေသခံတစ်ဦးဖြစ်သူ ကိုနိုင်မင်းက ပြောသည်။

ကျောက်မဲမြို့ နမ့်ဟူးတောင်းကျေးရွာ၌ စိတ်ကြွမူးယစ်ဆေးဝါး (၃၅) ပြားနှင့်အတူ အသက် ၅၁ နှစ်အရွယ် ကျောင်းအုပ်တစ်ဦးနှင့် အခြားရွာသား တစ်ဦးတို့အား အောက်တိုဘာလ (၂၉)ရက်နေ့တွင် ကျေးရွာလူထု၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ (၂၉) ရက်နေ့အထိ ကျောက်မဲမြို့တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု (၆၂) မှုရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~