တာချီလိတ်တွင် သွင်းကုန်ထုတ်ကုန်များ အခွန်စည်းကြပ်ရေး အပတ်စဉ် ဈေးနှုန်းသတ်မှတ်လုပ်ဆောင်
တာချီလိတ်တွင် သွင်းကုန်ထုတ်ကုန်များ အခွန်စည်းကြပ်ရေး အပတ်စဉ် ဈေးနှုန်းသတ်မှတ်လုပ်ဆောင်
နိုဝငျဘာ 16, 2016
By Tachileik News Agency
"ဒေသအတွင်းမှာရှိတဲ့ ကုန်သည်လုပ်ငန်းရှင်တွေ ပစ္စည်းတင်ပို့ တာတို့  တင်သွင်းတာတို့ လုပ်တဲ့အခါမှာ တစ်ချို့ ပစ္စည်းတွေရဲ့  ဒေါ်လာဈေး အတက်အကျတွေရှိတော့ အခွန်စည်းကြပ်တဲ့အခါမှာ များတာ နည်းတာ မဖြစ်ရအောင် အပတ်စဉ် သောကြာနေ့တိုင်း အစည်းအဝေးလုပ်ပြီး ညှိနှိုင်းပေးနေပါတယ်"ဟု တာချီလိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြ၀င်းက ပြောသည်။
ဒေသတွင်းသို့  တင်သွင်းလာသော ပစ္စည်းများဖြစ်သည့် ဆီ၊ဘိလပ်မြေ၊ကား စသည့်ပစ္စည်းဈေးနှုန်းများမှာ သက်ဆိုင်ရာ ကုန်ပစ္စည်းအလိုက် ကုန်သည်အသင်းများမှ ချမှတ်ပေးထားသော ကုန်ပစ္စည်းဈေးနှုန်းများမှာ ပြောင်းလဲမှု မရှိသော်လည်း နယ်စပ်များတွင် တင်သွင်းသည့် ဈေးနှုန်းများ အပေါ်တွင် မူတည်၍ ဈေးနှုန်းကွာဟမှုများ မဖြစ်ပေါ်စေရန်နှင့် ကုန်သည်များဘက်မှ ပစ္စည်းဈေးနှုန်းများကို အမှန်အကန် ကြေငြာရန်အတွက် တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်မှူးဦးစီး၍ အကောက်ခွန်ဦးစီးဌာန၊ သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ကုန်သည်ကြီးများအသင်းတို့  စုပေါင်းညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ပစ္စည်းဈေးနှုန်းသတ်မှတ်ရာတွင် ကုန်သည်များဘက်မှ တင်ပြသောဈေးနှုန်း၊ မြေပြင်ဈေးနှုန်းနှင့် တဖက်နိုင်ငံမှ စုံစမ်းရရှိသော ဈေးနှုန်းတို့ ဖြင့် စိစစ်ကာ ဈေးနှုန်းသတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
ကုန်ပစ္စည်းဈေးနှုန်းသတ်မှတ်ခြင်း လုပ်ငန်းများကို နယ်စပ်စခန်းများရှိသည့် မြို့ တိုင်းတွင် လုပ်ဆောင်လျှက်ရှိပြီး တာချီလိတ်မြို့တွင်မူ နိုဝင်ဘာလမှစတင်ကာ အပတ်စဉ် သောကြာနေ့ တိုင်း အဆိုပါ လုပ်ငန်းကို စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ နယ်စပ်ကုန်သွယ်ရေးတွင် သွင်းကုန်ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်သူများအား တိတိကျကျ အခွန်စည်းကြပ်နိုင်ရန်အတွက် ကုန်စည်ဈေးနှုန်း သတ်မှတ်ရေး အစည်းအဝေး အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်နေကြောင်း သိရသည်။
"ဒေသအတွင်းမှာရှိတဲ့ ကုန်သည်လုပ်ငန်းရှင်တွေ ပစ္စည်းတင်ပို့တာတို့ တင်သွင်းတာတို့လုပ်တဲ့အခါမှာ တစ်ချို့ပစ္စည်းတွေရဲ့ ဒေါ်လာဈေး အတက်အကျတွေရှိတော့ အခွန်စည်းကြပ်တဲ့အခါမှာ များတာ နည်းတာ မဖြစ်ရအောင် အပတ်စဉ် သောကြာနေ့တိုင်း အစည်းအေဝးလုပ်ပြီး ညှိနှိုင်းပေးနေပါတယ်"ဟု တာချီလိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြဝင်းက ပြောသည်။
ဒေသတွင်းသို့ တင်သွင်းလာသော ပစ္စည်းများဖြစ်သည့် ဆီ၊ဘိလပ်မြေ၊ကား စသည့်ပစ္စည်းဈေးနှုန်းများမှာ သက်ဆိုင်ရာ ကုန်ပစ္စည်းအလိုက် ကုန်သည်အသင်းများမှ ချမှတ်ပေးထားသော ကုန်ပစ္စည်းဈေးနှုန်းများမှာ ပြောင်းလဲမှု မရှိသော်လည်း နယ်စပ်များတွင် တင်သွင်းသည့် ဈေးနှုန်းများ အပေါ်တွင် မူတည်၍ ဈေးနှုန်းကွာဟမှုများ မဖြစ်ပေါ်စေရန်နှင့် ကုန်သည်များဘက်မှ ပစ္စည်းဈေးနှုန်းများကို အမှန်အကန် ကြငြောရန်အတွက် တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်မှူးဦးစီး၍ အကောက်ခွန်ဦးစီးဌာန၊ သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ကုန်သည်ကြီးများအသင်းတို့ စုပေါင်းညှိနှိုင်းဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။
"ဒီလိုလုပ်တဲ့အတွက် အခွန်စည်းကြပ်တဲ့ဈေးနှုန်းက တဖက်နိုင်ငံက ဈေးနှုန်းထက်များတာတို့ နည်းတာတို့ ဖြစ်နေတာတွေကို ကုန်သည်တွေဘက်ကနပြေီးတော့ တင်ပြလာမယ်ဆိုရင် ကျွန်တော်တို့ အကောက်ခွန်နဲ့ နကသတို့အစည်းအေဝးမှာ တစ်ခါတည်းညှိနှိုင်းပြီးတော့ အသင့်တော်ဆုံးဈေးနှုန်းကို ဆုံးဖြတ်ပြီး သတ်မှတ်ပေးမှာပေါ့။ ဒါကြောင့် အခွန်စည်းကြပ်တဲ့အခါမှာ ပိုပြီးတော့ လွယ်ကူလျင်မြန်လာတာပေါ့။"ဟု ဒုတိယညွှန်ကြားရေးမှူး ဦးမြဝင်းက ပြောသည်။
ပစ္စည်းဈေးနှုန်းသတ်မှတ်ရာတွင် ကုန်သည်များဘက်မှ တင်ပြသောဈေးနှုန်း၊ မြပြေင်ဈေးနှုန်းနှင့် တဖက်နိုင်ငံမှ စုံစမ်းရရှိသော ဈေးနှုန်းတို့ဖြင့် စိစစ်ကာ ဈေးနှုန်းသတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
"အရင်တုန်းကတော့ အမှန်တကယ် ပစ္စည်းတန်ဖိုးထက် သူတို့ စည်းကြပ်တဲ့တန်ဖိုးတွေကများနေရင်လည်း များတဲ့အတိုင်းပဲ အခွန်ဆောင်ခဲ့ရတယ်။ ဒါကြောင့် အခွန်ပိုဆောင်လိုက်ရတော့ စားသုံးသူတွေဘက်ကိုလည်း ဈေးနည်းနည်း ပိုတင်ပြီး ရောင်းရတဲ့အတွက် နစ်နာမှုတွေရှိတာပေါ့။ အခုနောက်ပိုင်းတော့ အဲဒီလိုတွေ မရှိတော့ပါဘူး။ ပစ္စည်းတစ်ခုရဲ့ တန်ဖိုးအတိုင်း အခွန်ဆောင်ရဖို့အတွက် ဒီအစည်းအေဝးတွေမှာ ညှိနှို်င်းလို့ရလာတာပေါ့။"ဟု တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်းမှ ဒုတိယဥက္ကဌ ဦးစိုင်းစိုင်း က ပြောသည်။
ကုန်ပစ္စည်းဈေးနှုန်းသတ်မှတ်ခြင်း လုပ်ငန်းများကို နယ်စပ်စခန်းများရှိသည့် မြို့တိုင်းတွင် လုပ်ဆောင်လျှက်ရှိပြီး တာချီလိတ်မြို့တွင်မူ နိုဝင်ဘာလမှစတင်ကာ အပတ်စဉ် သောကြာနေ့တိုင်း အဆိုပါ လုပ်ငန်းကို စတင်ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~