နမ့်စန်မြို့သို့ တရားမဝင်လမ်းကြောင်းမှ ဝင်လာသည့် ဘင်္ဂါလီတစ်ဦးနှင့် လက်ခံထားသူ အိမ်ရှင်အား အရေးယူ

နမ့်စန်မြို့သို့ တရားမဝင်လမ်းကြောင်းမှ ဝင်လာသည့် ဘင်္ဂါလီတစ်ဦးနှင့် လက်ခံထားသူ အိမ်ရှင်အား အရေးယူ
နိုဝငျဘာ 28, 2016
By Tachileik News Agency

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့သို့ တရားမ၀င်လမ်းကြောင်းမှ ရောက်ရှိလာသော ဘင်္ဂါလီင်္မျိုးသားတစ်ဦးနှင့် ၎င်းအား လက်ခံထားရှိသူ နမ့်စန်မြို့နေအမျိုးသမီးတစ်ဦးအား ဒီဇင်ဘာလ(၅)ရက်နေ့တွင် တရားရုံးသို့ ရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။



အဒူဟောက်သည် ၂၀၁၃ ခုနှစ်တွင် စစ်တွေမြို့ သဲချောင်းကျေးရွာမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမ၀င် စက်လှေဖြင့် သွားရောက်အလုပ်လုပ်ကိုင်ပြီး ၂၀၁၆ ခုနှစ်တွင် မလေးရှားနိုင်ငံမှ ထိုင်းနိုင်ငံသို့ဝင်ရောက်ကာ ထိုင်းမှတဆင့် မြ၀တီမြို့နယ်စပ်မှဝင်လာခြင်းဖြစ်ကာ ဖေ့ဘုတ်တွင် သိကျွမ်းခဲ့သည့် နမ့်စန်မြို့မှ အမျိုးသမီးထံ လာရောက်ခြင်းဖြစ်သည်ဟု ပြောဆိုထားကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအား နမ့်စန်မြို့နယ် ၁၉၄၇ ခုနှစ် (လ၀က)အက်ဥပဒေပုဒ်မ ၃(၂)/၁၃(၁)/၁၃(၅)ဖြင့် နမ့်စန်မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်နေခြင်းဖြစ်သည်။

သတင်း - သန်းစိုးအောင်

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့သို့ တရားမဝင်လမ်းကြောင်းမှ ရောက်ရှိလာသော ဘင်္ဂါင်္လီမျိုးသားတစ်ဦးနှင့်၎င်းအား လက်ခံထားရှိသူ နမ့်စန်မြို့နေအမျိုးသမီးတစ်ဦးအား ဒီဇင်ဘာလ(၅)ရက်နေ့တွင် တရားရုံးသို့ ရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။

"နမ့်စန်မြို့မှာ ကျွန်တော်ပြောင်းလာပြီး တာဝန်ယူကတည်းက ဘင်္ဂါလီလူမျိုး ဖမ်းမိတာ ဒါဟာ ပထမဦးဆုံးပဲ။ သူ့ကိုစစ်ဆေးတော့ သူကနိုဝင်ဘာလ (၇) ရက်နေ့ကတည်းက နမ့်စန်မြို့ကို ရောက်တာ။ သူတို့ကိုတော့ ဒီဇင်ဘာ(၅)နေ့မှာ ရုံးထုတ်မှာပါ” ဟု နမ့်စန်မြို့မ ရဲစခန်းမှ စခန်းမှူးဒုရဲမှူးတင်မောင်ဆွေက Tachileik News Agencyသို့ ပြောသည်။

လွိုင်လင်ခရိုင်၊ နမ့်စန်မြို့မှ နေအိမ်တစ်အိမ်တွင် နိုဝင်ဘာလ(၂၀)ရက်နေ့၌ ဘင်္ဂါလီတစ်ဦး လာရောက်နေထိုင်ကြောင်း သတင်းပေးတိုင်ကြားချက်အရ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ အသက် (၂၉)နှစ်အရွယ် အဒူဟောက်မှာ ထွက်ပြေးတိမ်းရှောင်သွားရာ နမ့်စန်မြို့ အထက်တန်းကျောင်းရှေ့ ဖမ်းဆီးရမိကြောင်း သိရသည်။

အဒူဟောက်သည် ၂၀၁၃ ခုနှစ်တွင် စစ်တွမြေို့ သဲချောင်းကျေးရွာမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် စက်လှဖြေင့် သွားရောက်အလုပ်လုပ်ကိုင်ပြီး ၂၀၁၆ ခုနှစ်တွင် မလေးရှားနိုင်ငံမှ ထိုင်းနိုင်ငံသို့ဝင်ရောက်ကာ ထိုင်းမှတဆင့် မြဝတီမြို့နယ်စပ်မှဝင်လာခြင်းဖြစ်ကာ ဖေ့ဘုတ်တွင် သိကျွမ်းခဲ့သည့် နမ့်စန်မြို့မှ အမျိုးသမီးထံ လာရောက်ခြင်းဖြစ်သည်ဟု ပြောဆိုထားကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအား နမ့်စန်မြို့နယ် ၁၉၄၇ ခုနှစ် (လဝက)အက်ဥပဒေပုဒ်မ ၃(၂)/၁၃(၁)/၁၃(၅)ဖြင့် နမ့်စန်မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်နခြေင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~