တာခ်ီလိတ္ၿမိဳ႕ ဟိုတယ္တစ္ခုတြင္ ေသနတ္ပစ္ခတ္မႈျဖစ္၊ တစ္ဦးေသဆံုး၊ ပစ္ခတ္သူ ထြက္ေျပးေန

တာခ်ီလိတ္ၿမိဳ႕ ဟိုတယ္တစ္ခုတြင္ ေသနတ္ပစ္ခတ္မႈျဖစ္၊ တစ္ဦးေသဆံုး၊ ပစ္ခတ္သူ ထြက္ေျပးေန
နိုဝင်ဘာ 18, 2016
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕ရွိ 1G1 7Hotel ဟိုတယ္၏ ကားပါကင္တြင္ လူမႈေရးကိစၥျဖင့္ စကားမ်ားၿပီး ေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္ပြားရာမွ တစ္ဦးဒဏ္ရာရၿပီး တစ္ဦးေသဆံုးသြားေၾကာင္း သိရသည္။

"လူမႈေရးကိစၥနဲ႔စကားမ်ားၿပီး အခုလိုျဖစ္သြားတဲ့သေဘာပါ။ တရားခံကိုေတာ့ အျမန္ဆံုး ဖမ္းဆီးရမိေရးအတြက္ ႀကိဳးပမ္းေဆာင္ရြက္ေနပါတယ္"တာခ်ီလိတ္ၿမိဳ႕နယ္ရဲစခန္းမွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္ရွိ 1G1 7Hotel ဟိုတယ္ KTV သို႔ ႏို၀င္ဘာလ(၁၈)ရက္ေန႔အကူး (၀၀း၃၀)နာရီ၀န္းက်င္က မနန္းဆိုင္ေဖာင္း၊ ဦးစိုင္းလံု၊ စိုင္း၀မ္ရွီးႏွင့္ နန္းစီ၀မ္းတို႔ ေရာက္ရိွလာၿပီး နံနက္(၅)နာရီခြဲတြင္ ေနအိမ္သို႔ ျပန္ရန္ အဆိုပါ ဟိုတယ္ကားပါကင္သို႔ ေရာက္ရွိစဥ္ နန္းဆိုင္ေဖာင္း၏ ရည္းစားေဟာင္းျဖစ္သူ စိုင္းပန္ ေရာက္လာကာ နန္းဆိုင္ေဖာင္းႏွင့္ စကားေျပာခ်င္ေၾကာင္းေျပာရာ နန္းဆိုင္ေဖာင္းမွ လက္မခံလိုေၾကာင္းႏွင့္ မေျပာခ်င္ေၾကာင္း ေျပာရာမွ စကားမ်ားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

နန္းဆို္င္ေဖာင္းအပါအ၀င္ (၄)ဦးသည္ ေနအိမ္သို႔ ျပန္ရန္အတြက္ ကားေပၚသို႔ တက္၍ ဟိုတယ္ကားပါကင္မွ ထြက္ခြာမည္ျပဳစဥ္ စိုင္းပန္က ကားေရွ႕မွ ေသနတ္ျဖင့္ (၆)ခ်က္ခန္႔ ပစ္ခတ္ခဲ့သျဖင့္ ကားအတြင္း၌ ထိုင္ေနသည့္ အသက္(၃၉)ႏွစ္ရွိ ဦးစိုင္းလံု၏ ရင္ညႊန္႔တြင္ က်ည္ေဖာက္၀င္ ဒဏ္ရာ (၁)ခ်က္ရရွိကာ အခင္းျဖစ္ပြားရာ ေနရာ၌ ေသဆံုးသြားခဲ့ေၾကာင္း သိရသည္။

အဆိုပါပစ္ခတ္မႈေၾကာင့္ နန္းဆိုင္ေဖာင္း၏ ယာဘက္ေျခသလံုးတြင္ က်ည္၀င္ဒဏ္ရာ (၂)ခ်က္ (မစိုးရိမ္ရ) ဒဏ္ရာရရွိခဲ့ၿပီး ေသနတ္ျဖင့္ ပစ္ခတ္သူ စိုင္းပန္မွာ ကားျဖင့္ အဆိုပါေနရာမွ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သူ စိုင္းပန္အား ဥပေဒအရ အေရးယူ ေဆာင္ရြက္ႏိုင္ရန္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၁၇/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၀၇ျဖင့္ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားရွိၿပီး ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သူအား အျမန္ဆံုး ဖမ္းဆီးရမိႏိုင္ရန္အတြက္ တာခ်ီလိတ္ရဲတပ္ဖြဲ႔မွ ႀကိဳးပမ္းေဆာင္ရြက္ေနလွ်က္ရွိေၾကာင္း သိရသည္။

ေသနတ္ျဖင့္ ပစ္ခံရသူမ်ားမွာ တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္ ႏွင့္ မယ္ေခါင္ရပ္ကြက္တြင္ ေနထိုင္သူမ်ား ျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့ရှိ 1G1 7Hotel ဟိုတယ်၏ ကားပါကင်တွင် လူမှုရေးကိစ္စဖြင့် စကားများပြီး သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားရာမှ တစ်ဦးဒဏ်ရာရပြီး တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

"လူမှုရေးကိစ္စနဲ့စကားများပြီး အခုလိုဖြစ်သွားတဲ့သဘောပါ။ တရားခံကိုတော့ အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်"တာချီလိတ်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ 1G1 7Hotel ဟိုတယ် KTV သို့ နိုဝင်ဘာလ(၁၈)ရက်နေ့အကူး (ဝဝး၃၀)နာရီဝန်းကျင်က မနန်းဆိုင်ဖောင်း၊ ဦးစိုင်းလုံ၊ စိုင်းဝမ်ရှီးနှင့် နန်းစီဝမ်းတို့ ရောက်ရှိလာပြီး နံနက်(၅)နာရီခွဲတွင် နေအိမ်သို့ ပြန်ရန် အဆိုပါ ဟိုတယ်ကားပါကင်သို့ ရောက်ရှိစဉ် နန်းဆိုင်ဖောင်း၏ ရည်းစားဟောင်းဖြစ်သူ စိုင်းပန် ရောက်လာကာ နန်းဆိုင်ဖောင်းနှင့် စကားပြောချင်ကြောင်းပြောရာ နန်းဆိုင်ဖောင်းမှ လက်မခံလိုကြောင်းနှင့် မပြောချင်ကြောင်း ပြောရာမှ စကားများခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နန်းဆို်င်ဖောင်းအပါအဝင် (၄)ဦးသည် နေအိမ်သို့ ပြန်ရန်အတွက် ကားပေါ်သို့ တက်၍ ဟိုတယ်ကားပါကင်မှ ထွက်ခွာမည်ပြုစဉ် စိုင်းပန်က ကားရှေ့မှ သေနတ်ဖြင့် (၆)ချက်ခန့် ပစ်ခတ်ခဲ့သဖြင့် ကားအတွင်း၌ ထိုင်နေသည့် အသက်(၃၉)နှစ်ရှိ ဦးစိုင်းလုံ၏ ရင်ညွှန့်တွင် ကျည်ဖောက်ဝင် ဒဏ်ရာ (၁)ချက်ရရှိကာ အခင်းဖြစ်ပွားရာ နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် နန်းဆိုင်ဖောင်း၏ ယာဘက်ခြေသလုံးတွင် ကျည်ဝင်ဒဏ်ရာ (၂)ချက် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်သူ စိုင်းပန်မှာ ကားဖြင့် အဆိုပါနေရာမှ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ စိုင်းပန်အား ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၁၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၀၇ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရန်အတွက် တာချီလိတ်ရဲတပ်ဖွဲ့မှ ကြိုးပမ်းဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခံရသူများမှာ တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ် နှင့် မယ်ခေါင်ရပ်ကွက်တွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~