၀မ္းတြင္းၿမိဳ႕မွ နတ္နန္းရြာလမ္း ေရ(၃)ေပခန္႔ တက္လာ

၀မ္းတြင္းၿမိဳ႕မွ နတ္နန္းရြာလမ္း ေရ(၃)ေပခန္႔ တက္လာ
အောက်တိုဘာ 30, 2016
By Tachileik News Agency

မႏၲေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕နယ္ နတ္နန္းရြာအနီး ပင္းတလဲရြာနွင့္ ဝမ္းတြင္းၿမိဳ႕ ဆက္သြယ္ထားသည့္ လမ္းပိုင္းတြင္ ေရသံုးေပခန္႔ ေက်ာ္ေနသျဖင့္ အဆိုပါလမ္းကို အသံုးျပဳေနသည့္ ေက်းရြာေပါင္း (၃၀)ေက်ာ္မွ ေဒသခံမ်ား သြားလာေရးခက္ခဲေနေၾကာင္း သိရသည္။

“ဒီလမ္းပိုင္းကို အျမန္ဆံုးေကာင္းမြန္ေအာင္ ျပဳျပင္ေပးဖို႔ သက္ဆုိင္ရာကို တင္ျပထားပါတယ္”ဟု တိုင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ ဦးစုိးမင္းထက္က ဆိုသည္။

အဆိုပါလမ္းပိုင္းမွာ ဝမ္းတြင္းၿမိဳ႕မွ ရန္ကုန္ - မႏၱေလးအျမန္လမ္းသို႔ ဆက္သြယ္သည့္လမ္းျဖစ္သျဖင့္ ေန႔စဥ္ ကားစီးေရ (၃၀) ေက်ာ္ႏွင့္ ေက်းရြာေပါင္း (၃၀)ေက်ာ္ခန္႔က အသံုးျပဳေနျခင္းျဖစ္ရာ ေန႔စဥ္ဆုိင္ကယ္အစီးေရ (၂၀၀)ခန္႔ ျဖတ္သန္းသြားလာေနျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ဆိုသည္။

ေအာက္တိုဘာလ (၂၃) ရက္ကစတင္ၿပီး လမ္းေပၚတြင္ေရေက်ာ္လာျခင္းျဖစ္ၿပီး ေအာက္တိုဘာလ (၂၉) ရက္တြင္ သံုးေပခန္႔အထိ ေရတက္လာေၾကာင္း သိရသည္။

“ဒီလမ္းကုိ ဖဆပလပါလီမန္လက္ထက္ကတည္းက ျပည္ေတာ္သာလမ္းဆိုျပီးလုပ္ခ့ဲတာ။ အစကေတာ့ ကန္ေပါက္စေလးႏွစ္ခုေပါ့။ ေရေလွာင္ျပီး သီးနွံစုိက္လုိ႔ရေအာင္လုပ္ခဲ့တာ၂၀၁၆ ခုႏွစ္ ေမလမွာ ေရတားေဘာင္ႀကီး လာလုပ္ေတာ့ လမ္းကုိလည္းျမႇင့္ေပးခဲ႔ရမွာ။ လမ္းက်ေတာ့မျမႇင့္ဘဲ ေဘာင္ပဲအႀကီးႀကီးလုပ္ထားေတာ့ လမ္းေပၚေရေတြေရာက္ျပီး သြားလာရခက္တာေပါ့ဗ်ာ။ “ ဟု ေဒသခံျဖစ္သည့္ ကိုဖိုးေထာင္က ေျပာသည္။

မႏၲေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕နယ္ နတ္နန္းရြာအနီး ပင္းတလဲရြာနွင့္ ဝမ္းတြင္းၿမိဳ႕ ဆက္သြယ္ထားသည့္ လမ္းေဘးႏွစ္ဖက္မွ တစ္ဖက္ရပ္ဆည္မ်ားက ေရလွ်ံလာသျဖင့္ လမ္းေပၚတြင္ ေရသံုးေပခန္႔အထိ တက္လာျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုလင္း


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် နတ်နန်းရွာအနီး ပင်းတလဲရွာနှင့် ဝမ်းတွင်းမြို့ ဆက်သွယ်ထားသည့် လမ်းပိုင်းတွင် ရေသုံးပေခန့် ကျော်နေသဖြင့် အဆိုပါလမ်းကို အသုံးပြုနေသည့် ကျေးရွာပေါင်း (၃၀)ကျော်မှ ဒေသခံများ သွားလာရေးခက်ခဲနေကြောင်း သိရသည်။

“ဒီလမ်းပိုင်းကို အမြန်ဆုံးကောင်းမွန်အောင် ပြုပြင်ပေးဖို့ သက်ဆိုင်ရာကို တင်ပြထားပါတယ်”ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်က ဆိုသည်။

အဆိုပါလမ်းပိုင်းမှာ ဝမ်းတွင်းမြို့မှ ရန်ကုန် - မန္တလေးအမြန်လမ်းသို့ ဆက်သွယ်သည့်လမ်းဖြစ်သဖြင့် နေ့စဉ် ကားစီးရေ (၃၀) ကျော်နှင့် ကျေးရွာပေါင်း (၃၀)ကျော်ခန့်က အသုံးပြုနခြေင်းဖြစ်ရာ နေ့စဉ်ဆိုင်ကယ်အစီးရေ (၂၀၀)ခန့် ဖြတ်သန်းသွားလာနခြေင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အောက်တိုဘာလ (၂၃) ရက်ကစတင်ပြီး လမ်းပေါ်တွင်ရေကျော်လာခြင်းဖြစ်ပြီး အောက်တိုဘာလ (၂၉) ရက်တွင် သုံးပေခန့်အထိ ရေတက်လာကြောင်း သိရသည်။

“ဒီလမ်းကို ဖဆပလပါလီမန်လက်ထက်ကတည်းက ပြည်တော်သာလမ်းဆိုပြီးလုပ်ခဲ့တာ။ အစကတော့ ကန်ပေါက်စလေးနှစ်ခုပေါ့။ ရေလှောင်ပြီး သီးနှံစိုက်လို့ရအောင်လုပ်ခဲ့တာ၂၀၁၆ ခုနှစ် မေလမှာ ရေတားဘောင်ကြီး လာလုပ်တော့ လမ်းကိုလည်းမြှင့်ပေးခဲ့ရမှာ။ လမ်းကျတော့မမြှင့်ဘဲ ဘောင်ပဲအကြီးကြီးလုပ်ထားတော့ လမ်းပေါ်ရေတွေရောက်ပြီး သွားလာရခက်တာပေါ့ဗျာ။ “ ဟု ဒေသခံဖြစ်သည့် ကိုဖိုးထောင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် နတ်နန်းရွာအနီး ပင်းတလဲရွာနှင့် ဝမ်းတွင်းမြို့ ဆက်သွယ်ထားသည့် လမ်းဘေးနှစ်ဖက်မှ တစ်ဖက်ရပ်ဆည်များက ရေလျှံလာသဖြင့် လမ်းပေါ်တွင် ရေသုံးပေခန့်အထိ တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~