အထူးေဒသ (၄)မိုင္းလားႏွင့္ ဆက္သြယ္သည့္ ဝမ္တာပင္းႏွင့္ မိုင္းယုဂိတ္မ်ား ႀကိဳတင္အေၾကာင္းမၾကားဘဲ ပိတ္သြား

အထူးေဒသ (၄)မိုင္းလားႏွင့္ ဆက္သြယ္သည့္ ဝမ္တာပင္းႏွင့္ မိုင္းယုဂိတ္မ်ား ႀကိဳတင္အေၾကာင္းမၾကားဘဲ ပိတ္သြား
အောက်တိုဘာ 24, 2016
By Tachileik News Agency

အထူးေဒသ (၄)မိုင္းလားေဒသႏွင့္ ဆက္သြယ္သည့္ ၀မ္တာပင္းႏွင့္ မိုင္းယုဂိတ္(၂)ခုမွ ျဖတ္သန္းသြားလာမႈကို ေအာက္တိုဘာလ (၂၃)ရက္ေန႔ ညေနပိုင္းက စတင္ပိတ္ ပင္လိုက္ေၾကာင္း သိရသည္။

"၀မ္တာပင္းကေတာ့ ညေန(၄)နာရီမွာ ပိတ္တယ္။ မိုင္းယုဂိတ္ကေတာ့ ေန႔လယ္(၂)နာရီမွာ ပိတ္တယ္။ သူတို႔ဘက္စၿပီး ဂိတ္ေတြ ပိတ္လိုက္လို႔ ကၽြန္ေတာ္တို႔ဘက္ကလည္း ပိတ္လိုက္တယ္။ ဒီလိုဂိတ္ေတြ ပိတ္လိုက္တာနဲ႔ ပတ္သက္ၿပီး ႀကိဳတင္ အေၾကာင္းၾကားတာေတာ့ မရွိပါဘူး"ဟု ကုန္သြယ္မႈ တိုးတက္ေရး အတြက္ နယ္စပ္ဝင္/ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရ ကိုယ္စားလွယ္ ဦးမင္းေအာင္က Tachileik News Agency ( တာခ်ီလိတ္သတင္းေအဂ်င္စီ )သို႔ ေျပာသည္။

ဂိတ္မ်ားပိတ္ပင္မႈႏွင့္ ပတ္သက္၍ အေၾကာင္းရင္းကို မသိရေသး ေသာ္လည္း မိုင္းယုဂိတ္တြင္ တာ၀န္ခ်ထားသည့္ ကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕မ်ားျဖစ္သည့္ အေကာက္ခြန္၊ နယ္စပ္ကုန္သြယ္ေရး ဦးစီးဌာနမွ ၀န္ထမ္းမ်ားအား မိုင္းေယာင္းၿမိဳ႕သို႔ ျပန္လည္ဆုတ္ခြာရန္ ညႊန္ၾကားထားၿပီး ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

"ေသခ်ာတာကေတာ့ ကြ်န္ေတာ္တို႔ဘက္က စၿပီးပိတ္တာ မဟုတ္ဘူး။ အခု ပိတ္တာက မိုင္းလားအဖြဲ႔က ပိတ္တာလား ၀ အဖြ႔ဲက ပိတ္တာလားဆိုတာ စဥ္းစားစရာျဖစ္ေနတယ္။ တကယ္လုိ႔ မိုင္းလားအဖြဲ႔က ပိတ္တယ္ဆိုရင္ေတာ့ ႀကိဳတင္အေၾကာင္းၾကားမႈေတြ လုပ္လာမွာပဲ"ဟု အမည္မေဖာ္လိုသည့္ တပ္မေတာ္အရာရွိတစ္ဦးက ေျပာသည္။

ႀတိဂံတိုင္းစစ္ဌာနခ်ဳပ္က အထူးေဒသ(၄) မိုင္းလားနယ္ေျမအတြင္း ၀င္ေရာက္တပ္စြဲ ေနရာယူထားေသာ UWSA တပ္မ်ားအား ေအာက္တိုဘာလ (၂၄)ရက္ေန႔ ေနာက္ဆံုးထား၍ ျပန္လည္ဆုတ္ခြာသြားရန္ ညႊန္ၾကားထားေၾကာင္း သိရသည္။

အတည္မျပဳႏိုင္သည့္ သတင္းတစ္ရပ္အရ မိုင္းလားေဒသအတြင္း "၀"တပ္ဖြဲ႕မ်ား ၀င္ေရာက္ တပ္စြဲသည့္ ကိစၥႏွင့္ ပတ္သက္၍ အထူးေဒသ(၄)မိုင္းလားအဖြဲ႔မွ ေခါင္းေဆာင္မ်ားႏွင့္ UWSA မွ ေခါင္းေဆာင္မ်ား စက္တင္ဘာလအတြင္း ေတြ႕ဆံုေဆြးေႏြးမႈမွာ ေျပလည္ျခင္း မရိွေၾကာင္း သိရသည္။

"၀မ္တာပင္းဂိတ္ကို ပိတ္တာ ညေန(၄)နာရီကလို႔ ေျပာတယ္။ ပံုမွန္ပိတ္ခ်ိန္က ညေန(၆)နာရီ။ (၂)နာရီေလာက္ ေစာၿပီး ႀကိဳပိတ္လိုက္တာ။ ဘာမွန္းေတာ့မသိဘူး။ "၀"တပ္ေတြေနရာ ယူထားတာေတြေတာ့ရွိတယ္"ဟု ေဒသခံတစ္ဦးက ေျပာသည္။

က်ိဳင္းတံု - မိုင္းလားလမ္းေပၚရွိ ၀မ္တာပင္းဂိတ္မွာ တပ္မေတာ္ စိုးမိုးမႈနယ္ေျမအတြင္း တည္ရွိသျဖင့္ ၀န္ထမ္းမ်ားျပန္လည္ ဆုတ္ခြာရန္ ညႊန္ၾကားမႈ မျပဳေသးဘဲ၊ တစ္ဖက္မွ ဂိတ္မ်ားအား ျပန္လည္ ဖြင့္လွစ္လွ်င္ ပံုမွန္အတိုင္း ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ကုန္သြယ္မႈတိုးတက္ေရး နယ္စပ္၀င္/ထြက္လမ္းေၾကာင္းႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရကိုယ္စားလွယ္ထံမွ သိရသည္။

သတင္း - ကိုဇက္

~~~~~~~~⊰❂ unicode ~~~~~~~~

အထူးဒေသ (၄)မိုင်းလားဒေသနှင့် ဆက်သွယ်သည့် ဝမ်တာပင်းနှင့် မိုင်းယုဂိတ်(၂)ခုမှ ဖြတ်သန်းသွားလာမှုကို အောက်တိုဘာလ (၂၃)ရက်နေ့ ညနေပိုင်းက စတင်ပိတ် ပင်လိုက်ကြောင်း သိရသည်။

"ဝမ်တာပင်းကတော့ ညနေ(၄)နာရီမှာ ပိတ်တယ်။ မိုင်းယုဂိတ်ကတော့ နေ့လယ်(၂)နာရီမှာ ပိတ်တယ်။ သူတို့ဘက်စပြီး ဂိတ်တွေ ပိတ်လိုက်လို့ ကျွန်တော်တို့ဘက်ကလည်း ပိတ်လိုက်တယ်။ ဒီလိုဂိတ်တွေ ပိတ်လိုက်တာနဲ့ ပတ်သက်ပြီး ကြိုတင် အကြောင်းကြားတာတော့ မရှိပါဘူး"ဟု ကုန်သွယ်မှု တိုးတက်ရေး အတွက် နယ်စပ်ဝင်/ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ် ဦးမင်းအောင်က Tachileik News Agency ( တာချီလိတ်သတင်းအေဂျင်စီ )သို့ ပြောသည်။

ဂိတ်များပိတ်ပင်မှုနှင့် ပတ်သက်၍ အကြောင်းရင်းကို မသိရသေး သော်လည်း မိုင်းယုဂိတ်တွင် တာဝန်ချထားသည့် ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့များဖြစ်သည့် အကောက်ခွန်၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများအား မိုင်းယောင်းမြို့သို့ ပြန်လည်ဆုတ်ခွာရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

"သေချာတာကတော့ ကျွန်တော်တို့ဘက်က စပြီးပိတ်တာ မဟုတ်ဘူး။ အခု ပိတ်တာက မိုင်းလားအဖွဲ့က ပိတ်တာလား ဝ အဖွဲ့က ပိတ်တာလားဆိုတာ စဉ်းစားစရာဖြစ်နေတယ်။ တကယ်လို့ မိုင်းလားအဖွဲ့က ပိတ်တယ်ဆိုရင်တော့ ကြိုတင်အကြောင်းကြားမှုတွေ လုပ်လာမှာပဲ"ဟု အမည်မဖော်လိုသည့် တပ်မတော်အရာရှိတစ်ဦးက ပြောသည်။

တြိဂံတိုင်းစစ်ဌာနချုပ်က အထူးဒေသ(၄) မိုင်းလားနယ်မြေအတွင်း ဝင်ရောက်တပ်စွဲ နေရာယူထားသော UWSA တပ်များအား အောက်တိုဘာလ (၂၄)ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ဆုတ်ခွာသွားရန် ညွှန်ကြားထားကြောင်း သိရသည်။

အတည်မပြုနိုင်သည့် သတင်းတစ်ရပ်အရ မိုင်းလားဒေသအတွင်း "ဝ"တပ်ဖွဲ့များ ဝင်ရောက် တပ်စွဲသည့် ကိစ္စနှင့် ပတ်သက်၍ အထူးဒေသ(၄)မိုင်းလားအဖွဲ့မှ ခေါင်းဆောင်များနှင့် UWSA မှ ခေါင်းဆောင်များ စက်တင်ဘာလအတွင်း တွေ့ဆုံဆွေးနွေးမှုမှာ ပြေလည်ခြင်း မရှိကြောင်း သိရသည်။

"ဝမ်တာပင်းဂိတ်ကို ပိတ်တာ ညနေ(၄)နာရီကလို့ ပြောတယ်။ ပုံမှန်ပိတ်ချိန်က ညနေ(၆)နာရီ။ (၂)နာရီလောက် စောပြီး ကြိုပိတ်လိုက်တာ။ ဘာမှန်းတော့မသိဘူး။ "ဝ"တပ်တွေနေရာ ယူထားတာတွေတော့ရှိတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျိုင်းတုံ - မိုင်းလားလမ်းပေါ်ရှိ ဝမ်တာပင်းဂိတ်မှာ တပ်မတော် စိုးမိုးမှုနယ်မြေအတွင်း တည်ရှိသဖြင့် ဝန်ထမ်းများပြန်လည် ဆုတ်ခွာရန် ညွှန်ကြားမှု မပြုသေးဘဲ၊ တစ်ဖက်မှ ဂိတ်များအား ပြန်လည် ဖွင့်လှစ်လျှင် ပုံမှန်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကုန်သွယ်မှုတိုးတက်ရေး နယ်စပ်ဝင်/ထွက်လမ်းကြောင်းကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရကိုယ်စားလှယ်ထံမှ သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~