သရက်မြို့တွင် တစ်နှစ်ကြာသည့်တိုင် မပြုပြင်သေးသည့် ရေလွှဲဆည်နှင့် လူကူးတံတားကြောင့် ဒေသခံများ သွားလာရေး ခက်ခဲ

သရက်မြို့တွင် တစ်နှစ်ကြာသည့်တိုင် မပြုပြင်သေးသည့် ရေလွှဲဆည်နှင့် လူကူးတံတားကြောင့် ဒေသခံများ သွားလာရေး ခက်ခဲ
အောကျတိုဘာ 25, 2016
By Tachileik News Agency

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ နတ်ကုန်းအုပ်စု တဇီးကောက်ရွာရိုးချောင်း ရေလွှဲဆည်နှင့် လူကူးတံတား ပျက်စီးနေသဖြင့် ပြုပြင်ပေးရန် သက်ဆိုင်ရာသို့ တင်ပြထားသည်မှာ တစ်နှစ်ခန့် ကြာမြင့်ပြီဖြစ်သော်လည်း ဆောင်ရွက်ပေးခြင်း မရှိသေးသဖြင့် ဒေသခံများ သွားလာရေး အဆင်မပြေဖြစ်နေကြောင်း သိရသည်။


အဆိုပါ ဆည်မှာ ဆည်မြောင်းဌာနမှ ခွင့်ပြုငွေ ကျပ်(၂.၅)သန်းဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်တွင် စတင်ပြုပြင်ခဲ့ပြီး ဧပြီလတွင် ပြီးစီးခဲ့သော်လည်း အောက်တိုဘာလအတွင်းက ရေကြီးချိန်တွင် ပြန်လည်ပြိုပျက်သွားခြင်းဖြစ်ကြောင်း သိရသည်။


ဆည်အနီးတွင်ရှိသည့် လူကူးတံတားနှင့် တောင်အတက်အဆင်း လှေကားများမှာ တဇီးကောက်ရွာ ကျောင်းထိုင် ဆရာတော် အရှင်ခေမာသီရိ ဦးဆောင်၍ ကျေးရွာပြည်သူလူထုမှ ကိုယ်ထူ ကိုယ်ထ  ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း ရေကြီးစဉ်က လူကူးတံတားပါပြိုကျ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ နတ်ကုန်းအုပ်စု တဇီးကောက်ရွာရိုးချောင်း ရေလွှဲဆည်နှင့် လူကူးတံတား ပျက်စီးနေသဖြင့် ပြုပြင်ပေးရန် သက်ဆိုင်ရာသို့ တင်ပြထားသည်မှာ တစ်နှစ်ခန့် ကြာမြင့်ပြီဖြစ်သော်လည်း ဆောင်ရွက်ပေးခြင်း မရှိသေးသဖြင့် ဒေသခံများ သွားလာရေး အဆင်မပြဖြေစ်နေကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းကို နေ့စဉ်ဆွမ်းပို့ဖို့ အခက်ကြုံရမှာဖြစ်သလို ကျောင်းသား ကလေးငယ်တွေ စာသင်ကျောင်းကို သွားဖို့အတွက်လည်း အန္တရာယ်ရှိတဲ့အတွက် သွားလာဖို့ အဆင်မပြေရင် ကျောင်း ပိတ်ထားရမှာ ဖြစ်ပါတယ်”ဟု ကျေးရွာဒေသခံပြည်သူများနှင့် ဆရာများက ပြောသည်။

အဆိုပါ ဆည်မှာ ဆည်မြောင်းဌာနမှ ခွင့်ပြုငွေ ကျပ်(၂.၅)သန်းဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်တွင် စတင်ပြုပြင်ခဲ့ပြီး ဧပြီလတွင် ပြီးစီးခဲ့သော်လည်း အောက်တိုဘာလအတွင်းက ရကြေီးချိန်တွင် ပြန်လည်ပြိုပျက်သွားခြင်းဖြစ်ကြောင်း သိရသည်။

“၂၀၁၆ - ၂၀၁၇ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေနဲ့ ပြုပြင်ဖို့ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း (၁၀၀) ရရှိထားပါတယ်။ မိုးရာသီဖြစ်လို့ မဆောင်ရွက်နိုင်သေးတာပါ။ ပွင့်လင်းရာသီရောက်တဲ့ အခါ ရေလွှဲဆည်ကို ပြုပြင်ပေးမှာ ဖြစ်ပါတယ်။ ရက်အတိအကျတော့ မပြောနိုင်သေးပါဘူး။ တံတား တည်ဆောက်ဖို့ကိုတော့ ကျေးလက်ဦးစီးဌာနကို တင်ပြရမှာဖြစ်ပါတယ်”ဟု ဆည်မြောင်းဦးစီးအရာရှိဦးအောင်စိုးမင်းက ပြောသည်။

ဆည်အနီးတွင်ရှိသည့် လူကူးတံတားနှင့် တောင်အတက်အဆင်း လှေကားများမှာ တဇီးကောက်ရွာ ကျောင်းထိုင် ဆရာတော် အရှင်ခေမာသီရိ ဦးဆောင်၍ ကျေးရွာပြည်သူလူထုမှ ကိုယ်ထူ ကိုယ်ထ ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း ရကြေီးစဉ်က လူကူးတံတားပါပြိုကျ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~