ရြာတစ္ရြာ TV စက္တစ္လံုး စီမံကိန္းအား ယူနန္ျပည္နယ္အရပ္ဖက္အဖြဲ႕မွ ရွမ္းျပည္နယ္အတြင္း အေကာင္အထည္ေဖာ္

ရြာတစ္ရြာ TV စက္တစ္လံုး စီမံကိန္းအား ယူနန္ျပည္နယ္အရပ္ဖက္အဖြဲ႕မွ ရွမ္းျပည္နယ္အတြင္း အေကာင္အထည္ေဖာ္
အောက်တိုဘာ 20, 2016
By Tachileik News Agency

ယူနန္ျပည္နယ္ အျပည္ျပည္ဆိုင္ရာ အရပ္ဘက္အဖြဲ႔အစည္းပူးေပါင္းျမႇင့္တင္ေရးအဖြဲ႔၏ ရြာတစ္ရြာ တီဗီစက္တစ္လံုး စီမံကိန္းျဖင့္ ရွမ္းျပည္နယ္အတြင္း ေက်းရြာမ်ား အတြက္ တီဗီစက္မ်ား လႈဒါန္းျခင္း အခမ္းအနားကို ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရရံုးတြင္ ေအာက္တိုဘာလ (၂၀) ရက္ နံနက္ပိုင္းက က်င္းပျပဳလုပ္သည္။

TV ၊ skynet ၊ solar ျပား ၊ အင္ဗက္တာ အစံု (၁၂၀)အား ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းရိွ ေက်းရြာမ်ားတြင္လည္း ဆက္လက္ လွဴဒါန္းသြားမည္ျဖစ္ေၾကာင္း သိရၿပီး အဆိုပါ အခမ္းအနားတြင္ ႐ွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ ႏွင့္ အစိုးရအဖြဲ႔ဝင္မ်ား၊ ေရႊသံလြင္ကုမၸဏီမွ ကိုယ္စားလွယ္မ်ား စုစုေပါင္းဦးေရ (၃၀)ခန္႔ တက္ေရာက္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းပူးပေါင်းမြှင့်တင်ရေးအဖွဲ့၏ ရွာတစ်ရွာ တီဗီစက်တစ်လုံး စီမံကိန်းဖြင့် ရှမ်းပြည်နယ်အတွင်း ကျေးရွာများ အတွက် တီဗီစက်များ လှုဒါန်းခြင်း အခမ်းအနားကို တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံးတွင် အောက်တိုဘာလ (၂၀) ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

TV၊ skynet၊ solar ပြား၊ အင်ဗက်တာ အစုံ (၁၂၀)အား ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာများတွင်လည်း ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပြီး အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် နှင့် အစိုးရအဖွဲ့ဝင်များ၊ ရွှေသံလွင်ကုမ္ပဏီမှ ကိုယ်စားလှယ်များ စုစုပေါင်းဦးရေ (၃၀)ခန့် တက်ရောက်ကြောင်း သိရသည်။

သတင်း/ဓါတ္ပံု - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~