သစ္ေတာ၀န္ထမ္းမ်ားအား ရိုးသားမႈရွိရန္ ျပည္ေထာင္စု၀န္ႀကီး မွာၾကား

သစ္ေတာ၀န္ထမ္းမ်ားအား ရိုးသားမႈရွိရန္ ျပည္ေထာင္စု၀န္ႀကီး မွာၾကား
အောက်တိုဘာ 3, 2016
By Tachileik News Agency
( မိုင္းျဖတ္ ၌ ကြင္းဆင္းၾကည့္ရႈစဥ္ )

သယံဇာတႏွင့္ သဘာ၀ပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးႏွင့္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ သစ္ေတာ၀န္ထမ္းမ်ား ေတြ႕ဆံုရာတြင္ ျပည္ေထာင္စု၀န္ႀကီးမွ သစ္ေတာ၀န္ထမ္းမ်ားအား ရိုးသားမႈရွိရန္ မွာၾကားသြားေၾကာင္း သိရသည္။

ျပည္ေထာင္စု၀န္ႀကီး၏ ရွမ္းျပည္နယ္အေရွ႕ပိုင္းခရီးစဥ္အတြင္း ေအာက္တိုဘာလ(၃)ရက္ေန႔ က တာခ်ီလိတ္သို႔ ေရာက္ရွိလာၿပီး တာခ်ီလိတ္ခရိုင္သစ္ေတာဦးစီးဌာနရံုး၌ သယံဇာတႏွင့္ သဘာ၀ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းဝင္း ႏွင့္ ရွမ္းျပည္နယ္ သယံဇာတႏွင့္ သဘာ၀ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာ ညီညီေအာင္ အပါအ၀င္ ရွမ္းျပည္ နယ္သစ္ေတာဦးစီးဌာန (ေတာင္ႀကီး) ညႊန္ၾကားေရးမွဴး ဦးသိန္းေဌး(၂)ႏွင့္ တာဝန္ရွိသူမ်ားသည္ ညေန(၆)နာရီ၀န္းက်င္က ခရိုင္/ၿမိဳ႕နယ္ သစ္ေတာ၀န္ထမ္းမ်ားႏွင့္ ေတြ႕ဆံုစဥ္ ျပည္ေထာင္စု ၀န္ႀကီးမွ ယင္းသို႔ မွာၾကားသြားခဲ့ျခင္း ျဖစ္သည္။

ျပည္ေထာင္စု ၀န္ႀကီး ဦးအုန္း၀င္းမွ အဆိုပါ ၀န္ထမ္းမ်ားႏွင့္ ေတြ႕ဆံုစဥ္ ၀န္ထမ္းမ်ားအေနျဖင့္ အက်င့္စာရိတၱေကာင္းမြန္ရန္၊ ေခတ္စနစ္ႏွင့္အညီ စိတ္သစ္၊ လူသစ္ျဖင့္ ႀကိဳးစားအားထုတ္မႈရွိၾကရန္၊ ရိုးသားမႈရွိၾကရန္ ႏွင့္ အထက္ေအာက္ ၀န္ထမ္းအခ်င္းခ်င္း ပြင့္လင္းျမင္သာမႈ ရွိေစေရးအား ဌာနအႀကီးအကဲမ်ားမွ ထိန္းသိမ္းေဆာင္ရြက္ရန္ႏွင့္ ၀န္ထမ္းအခ်င္းခ်င္း စည္းစည္းလံုးလံုးျဖင့္ အထက္ေအာက္ မွ်တစြာ လက္တြဲေဆာင္ရြက္ရန္တို႔ကို မွာၾကားသြားေၾကာင္း သိရသည္။

ျပည္ေထာင္စု၀န္ႀကီးသည္ တာခ်ီလိတ္ခရိုင္အတြင္း  မိုင္းျဖတ္ၿမိဳ႕၊ ေတာညဳေက်းရြာအုပ္စု၊ တာလေက်းရြာအနီးရွိ နမ့္လုံေတာင္ႀကိဳးျပင္ ကာကြယ္ေတာ ကြင္းအမွတ္(၉)ရွိ ဧက(၁၀၀) ကၽြန္းစိုက္ခင္း၊ ဆိုက္ေခါင္ေက်းရြာအနီးရွိ သစ္ေတာဦးစီးဌာန၏ ဧက(၁၀၀) ကၽြန္းစိုက္ခင္းႏွင့္ ပုဂၢလိက(တင္ျမင့္ရီ ကုမၸဏီ)ပိုင္ ဧက(၂၀၀) ကၽြန္းစိုက္ခင္းမ်ားအား ကြင္းဆင္းၾကည့္႐ႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာချီလိတ်ခရိုင်/မြို့နယ် သစ်တောဝန်ထမ်းများ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးမှ သစ်တောဝန်ထမ်းများအား ရိုးသားမှုရှိရန် မှာကြားသွားကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး၏ ရှမ်းပြည်နယ်အရှေ့ပိုင်းခရီးစဉ်အတွင်း အောက်တိုဘာလ(၃)ရက်နေ့ က တာချီလိတ်သို့ ရောက်ရှိလာပြီး တာချီလိတ်ခရိုင်သစ်တောဦးစီးဌာနရုံး၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နှင့် ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင် အပါအဝင် ရှမ်းပြည် နယ်သစ်တောဦးစီးဌာန (တောင်ကြီး) ညွှန်ကြားရေးမှူး ဦးသိန်းဌေး(၂)နှင့် တာဝန်ရှိသူများသည် ညနေ(၆)နာရီဝန်းကျင်က ခရိုင်/မြို့နယ် သစ်တောဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးမှ ယင်းသို့ မှာကြားသွားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းမှ အဆိုပါ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ဝန်ထမ်းများအနဖြေင့် အကျင့်စာရိတ္တကောင်းမွန်ရန်၊ ခေတ်စနစ်နှင့်အညီ စိတ်သစ်၊ လူသစ်ဖြင့် ကြိုးစားအားထုတ်မှုရှိကြရန်၊ ရိုးသားမှုရှိကြရန် နှင့် အထက်အောက် ဝန်ထမ်းအချင်းချင်း ပွင့်လင်းမြင်သာမှု ရှိစေရေးအား ဌာနအကြီးအကဲများမှ ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ဝန်ထမ်းအချင်းချင်း စည်းစည်းလုံးလုံးဖြင့် အထက်အောက် မျှတစွာ လက်တွဲဆောင်ရွက်ရန်တို့ကို မှာကြားသွားကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့၊ တောညုကျေးရွာအုပ်စု၊ တာလကျေးရွာအနီးရှိ နမ့်လုံတောင်ကြိုးပြင် ကာကွယ်တော ကွင်းအမှတ်(၉)ရှိ ဧက(၁၀၀) ကျွန်းစိုက်ခင်း၊ ဆိုက်ခေါင်ကျေးရွာအနီးရှိ သစ်တောဦးစီးဌာန၏ ဧက(၁၀၀) ကျွန်းစိုက်ခင်းနှင့် ပုဂ္ဂလိက(တင်မြင့်ရီ ကုမ္ပဏီ)ပိုင် ဧက(၂၀၀) ကျွန်းစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~