ကယားျပည္နယ္၏ တိုင္စာပစ္စာေလ့လာဆန္းစစ္ေရးေကာ္မတီ အတည္ျပဳဖြဲ႕စည္း

ကယားျပည္နယ္၏ တိုင္စာပစ္စာေလ့လာဆန္းစစ္ေရးေကာ္မတီ အတည္ျပဳဖြဲ႕စည္း
အောက်တိုဘာ 1, 2016
By Tachileik News Agency

ကယားျပည္နယ္အတြင္း ေအာက္ေျခမွစ၍ ျပည္သူမ်ားမွ တိုင္ၾကားလာသည့္ က႑အစံု ကိစၥရပ္မ်ားကို ထိေရာက္စြာ လုပ္ေဆာင္ေပးႏိုင္ရန္ အတြက္ ကယားျပည္နယ္လႊတ္ေတာ္က တိုင္စာပစ္စာ ေလ့လာ ဆန္းစစ္ေရး ေကာ္မတီအား အဖြဲ႕ဝင္ (၂၄)ဦးျဖင့္ ဖြဲ႕စည္းအတည္ျပဳေပးလိုက္ေၾကာင္း သိရသည္။

အဆိုပါေကာ္မတီ၏ သက္တမ္းမွာ စတင္ဖြဲ႔စည္းသည့္ အခ်ိန္မွစ၍ တစ္ႏွစ္ျဖစ္ၿပီး၊ ျပည္နယ္အတြင္း ေအာက္ေျခမွ စ၍ ျပည္သူမ်ားမွ တိုင္ၾကားလာသည့္ က႑အစံု ကိစၥရပ္မ်ားကို ထိေရာက္စြာ လုပ္ေဆာင္ ေပးရန္ ရည္ရြယ္ကာ ဖြဲ႔စည္းလိုက္တာ ျဖစ္ေၾကာင္း ယင္းေကာ္မတီ၏ အတြင္းေရးမွဴးထံမွ သိရသည္။

ဒုတိယအႀကိမ္ ကယားျပည္နယ္လႊတ္ေတာ္မွ အေရးေပၚ အစည္းအေ၀းကို (၂)ရက္တိတိ က်င္းပျပဳလုပ္ၿပီး ဒုတိယေန႔ျဖစ္သည့္ စက္တင္ဘာလ (၃၀)ရက္ေန႔က အဆိုပါ ေကာ္မတီအား အဖြဲ႔၀င္(၂၄)ဦးျဖင့္ အတည္ျပဳ ဖြဲ႔စည္းလိုက္ျခင္း ျဖစ္သည္။

ယင္းေကာ္မတီတြင္ ဥကၠဌ အျဖစ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ႏိုင္ေဆြ ႏွင့္ အတြင္းေရးမွဴးအျဖစ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ဦးေအာင္ႏိုင္ဦးတို႔မွ တာ၀န္ယူေဆာင္ရြက္မွာ ျဖစ္သည္။

အဖြဲ႔၀င္မ်ားအျဖစ္ ဦးျမင့္အုန္း (ရပ္မိရပ္ဖ)၊ ဦးေစာကလိုမူး(အင္ဂ်င္နီယာအသင္း)၊ ဦးဘန္နီ (ရပ္မိရပ္ဖ)၊ ဦးစိန္ဝင္း (ရပ္မိရပ္ဖ)၊ ေဒၚေနာ္ေဖာဝါး (ရပ္မိရပ္ဖ)၊ ဦးေနထြန္း (ရပ္မိရပ္ဖ)၊ ဦးေက်ာ္ျမင့္ (ကားပိုင္ရွင္)၊ ဦးေမာင္ေမာင္ထြန္း (ကားပိုင္ရွင္)၊ ေဒၚဝိုင္းအိအိျဖဴ (အထက္တန္း ေရွ႕ေန)၊ ဦးစိုးျမင့္ (ဆည္ေျမာင္း အင္ဂ်င္နီယာအၿငိမ္းစား)၊ ဦးေအ ာင္ႏိုင္ (ေရႊဘိုအထည္ဆိုင္)၊ ဦးသန္းစိုး (ပညာေရးၿငိမ္း)၊ ဦးထင္လင္းေအာင္ (ေဈးသည္)၊ ဦးစိုးရာဇာဝင္း (စာေရးဆရာ)၊ ဦးကံဝင္း (မိသားစုလုပ္ငန္း)၊ ဗိုလ္မွဴးေနထြန္း (တပ္မေတာ္သားကိုယ္စားလွယ္)၊ ဦးေအာင္ရွိန္ (တပ္ၿငိမ္း)၊ ဦးခြန္းအန္းေဂ်လို(လယ္ယာ)၊ ဦးခူးတူရယ္ (ေတာင္သူသမဂၢ)၊ ဦးျမင့္ေအာင္ (ျမန္မာႏိုင္ငံ ေျပာင္းစိုက္ပ်ိဳးေရာင္းဝယ္သူမ်ား ဘက္စုံဝန္ေဆာင္ေရး အသင္း)၊ ေဒၚမိုးျမာ (UKSY) ႏွင့္ ေဒၚစုစုေအး(ျမိဳ႕နယ္ဦးေဆာင္ေကာ္မတီ) တို႔ ပါ၀င္ေၾကာင္း သိရွိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်အတွင်း အောက်ခြေမှစ၍ ပြည်သူများမှ တိုင်ကြားလာသည့် ကဏ္ဍအစုံ ကိစ္စရပ်များကို ထိရောက်စွာ လုပ်ဆောင်ပေးနိုင်ရန် အတွက် ကယားပြည်နယ်လွှတ်တော်က တိုင်စာပစ်စာ လေ့လာ ဆန်းစစ်ရေး ကော်မတီအား အဖွဲ့ဝင် (၂၄)ဦးဖြင့် ဖွဲ့စည်းအတည်ပြုပေးလိုက်ကြောင်း သိရသည်။

အဆိုပါကော်မတီ၏ သက်တမ်းမှာ စတင်ဖွဲ့စည်းသည့် အချိန်မှစ၍ တစ်နှစ်ဖြစ်ပြီး၊ ပြည်နယ်အတွင်း အောက်ခြေမှ စ၍ ပြည်သူများမှ တိုင်ကြားလာသည့် ကဏ္ဍအစုံ ကိစ္စရပ်များကို ထိရောက်စွာ လုပ်ဆောင် ပေးရန် ရည်ရွယ်ကာ ဖွဲ့စည်းလိုက်တာ ဖြစ်ကြောင်း ယင်းကော်မတီ၏ အတွင်းရေးမှူးထံမှ သိရသည်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်မှ အရေးပေါ် အစည်းအေဝးကို (၂)ရက်တိတိ ကျင်းပပြုလုပ်ပြီး ဒုတိယနေ့ဖြစ်သည့် စက်တင်ဘာလ (၃၀)ရက်နေ့က အဆိုပါ ကော်မတီအား အဖွဲ့ဝင်(၂၄)ဦးဖြင့် အတည်ပြု ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

ယင်းကော်မတီတွင် ဥက္ကဌ အဖြစ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေ နှင့် အတွင်းရေးမှူးအဖြစ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးအောင်နိုင်ဦးတို့မှ တာဝန်ယူဆောင်ရွက်မှာ ဖြစ်သည်။

အဖွဲ့ဝင်များအဖြစ် ဦးမြင့်အုန်း (ရပ်မိရပ်ဖ)၊ ဦးစောကလိုမူး(အင်ဂျင်နီယာအသင်း)၊ ဦးဘန်နီ (ရပ်မိရပ်ဖ)၊ ဦးစိန်ဝင်း (ရပ်မိရပ်ဖ)၊ ဒေါ်နော်ဖောဝါး (ရပ်မိရပ်ဖ)၊ ဦးနေထွန်း (ရပ်မိရပ်ဖ)၊ ဦးကျော်မြင့် (ကားပိုင်ရှင်)၊ ဦးမောင်မောင်ထွန်း (ကားပိုင်ရှင်)၊ ဒေါ်ဝိုင်းအိအိဖြူ (အထက်တန်း ရှေ့နေ)၊ ဦးစိုးမြင့် (ဆည်မြောင်း အင်ဂျင်နီယာအငြိမ်းစား)၊ ဦးအောင်နိုင် (ရွှေဘိုအထည်ဆိုင်)၊ ဦးသန်းစိုး (ပညာရေးငြိမ်း)၊ ဦးထင်လင်းအောင် (ဈေးသည်)၊ ဦးစိုးရာဇာဝင်း (စာရေးဆရာ)၊ ဦးကံဝင်း (မိသားစုလုပ်ငန်း)၊ ဗိုလ်မှူးနေထွန်း (တပ်မတော်သားကိုယ်စားလှယ်)၊ ဦးအောင်ရှိန် (တပ်ငြိမ်း)၊ ဦးခွန်းအန်းဂျေလို(လယ်ယာ)၊ ဦးခူးတူရယ် (တောင်သူသမဂ္ဂ)၊ ဦးမြင့်အောင် (မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးရောင်းဝယ်သူများ ဘက်စုံဝန်ဆောင်ရေး အသင်း)၊ ဒေါ်မိုးမြာ (UKSY) နှင့် ဒေါ်စုစုအေး(မြို့နယ်ဦးဆောင်ကော်မတီ) တို့ ပါဝင်ကြောင်း သိရှိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~