မိုင္းတံု၌ လယ္သမားႏွစ္ဦး ေသနတ္ျဖင့္ ေခ်ာင္းေျမာင္း ပစ္ခတ္ခံရ

မိုင္းတံု၌ လယ္သမားႏွစ္ဦး ေသနတ္ျဖင့္ ေခ်ာင္းေျမာင္း ပစ္ခတ္ခံရ
အောက်တိုဘာ 31, 2016
By Tachileik News Agency

႐ွမ္းျပည္နယ္အေ႐ွ႕ပုိင္းေဒသ၊ မိုင္းဆတ္ခရိုင္၊ မိုင္းတံုၿမိဳ႕နယ္ မိုင္းဟန္ေက်းရြာအုပ္စု မိုင္းဟန္ရြာမွ လယ္သမားႏွစ္ဦး ေအာက္တိုဘာလ (၃၁)ရက္ေန႔၏ ညဦးပိုင္းအခ်ိန္တြင္ လယ္ေတာမွအျပန္ တူမီးေသနတ္ျဖင့္ ေခ်ာင္းေျမာင္း ပစ္ခတ္ခံရသျဖင့္ မိုင္းတံု ျပည္သူ႔ေဆးရံုသို႔ အေရးေပၚ တင္ပို႔ထားရေၾကာင္း သိရသည္။

"လယ္ထဲကေန ည(၆)နာ႐ီေလာက္ ဆိုင္ကယ္နဲ႔ ျပန္လာတာ။ ရြာအဝင္မွာ တူမီးန႔ဲပစ္ၿပီး ထြက္ေျပးသြားတယ္။ ေမွာင္ေနလို႔ ဘယ္သူမွန္း မသိလိုက္ဘူး။ ရန္ၿငိဳးရန္စလည္း မရိွပါဘူး"ဟု တူမီးျဖင့္ပစ္ခတ္ခံရသူ စုိင္းအြန္က Tachileik News Agencyသို႔ ေျပာသည္။

အသက္ (၄၂)ႏွစ္အရြယ္ စုိင္းအြန္ႏွင့္ အသက္ (၅၀)အရြယ္ စုိင္းဆုနသန္တို႔နွစ္ဦး လယ္ထဲတြင္ ၾကက္သြန္ျဖဴစုိက္ၿပီး ျပန္လာစဥ္ ရြာအဝင္၌ တူမီးေသနတ္ျဖင့္ ပစ္ခတ္၍ ထြက္ေျပးသြားသျဖင့္ စုိင္းအြန္၏ ယာဘက္လက္ေမာင္းႏွင့္ ယာဘက္လက္ျပင္ေနာက္ဖက္တြင္ လည္းေကာင္း၊ ဆိုင္ကယ္ေနာက္မွ စီးနင္းလိုက္ပါလာသူ စုိင္းဆုနသန္၏ ဝဲလက္ညႇပ္႐ုိးေအာက္ႏွင့္ ဝဲဖက္ေနာက္လက္ျပင္တို႔တြင္ ဒဏ္ရာအသီးသီး ရသြားသျဖင့္ မိုင္းတံုျပည္သူ႔ေဆး႐ုံတြင္ အေရးေပၚကုသမႈခံယူ ေနရေၾကာင္း သိရသည္။

"ပစ္ခတ္သူကုိေတာ့ သူတို႔လည္း မမွတ္မိလိုက္ဘူး။ တရားခံ ဖမ္းဆီးရမိေရး စုံစမ္းစစ္ေဆးမွဳ ဆက္လက္ ေဆာင္ရြက္ေနပါတယ္"ဟု နားေကာင္းမူးစခန္းမွဴးက ေျပာသည္။

မိုင္းတံုၿမိဳ႕နယ္အတြင္းရိွ ေက်းရြာမ်ားတြင္ အိမ္တိုင္းနီးပါး တူမီးေသနတ္မ်ား အသုံးျပဳသည့္ အေလ့အထရိွၿပီး မၾကာခဏ မွားယြင္းပစ္ခတ္မွဳႏွင့္ ေခ်ာင္းေျမာင္း ပစ္ခတ္မွဳမ်ား ျဖစ္ပြားေလ့ရိွေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ နားေကာင္းမူးနယ္ေျမရဲစခန္းတြင္ (ပ) ၃/၂၀၁၆ ရာဇသတ္ႀကီးပုဒ္မ(၃၀၇)ျဖင့္ အမွဳဖြင့္ စုံစမ္းစစ္ေဆးမွဳမ်ားျပဳလုပ္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း - ေအာင္ေဇယ်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် မိုင်းဟန်ကျေးရွာအုပ်စု မိုင်းဟန်ရွာမှ လယ်သမားနှစ်ဦး အောက်တိုဘာလ (၃၁)ရက်နေ့၏ ညဦးပိုင်းအချိန်တွင် လယ်တောမှအပြန် တူမီးသေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရသဖြင့် မိုင်းတုံ ပြည်သူ့ဆေးရုံသို့ အရေးပေါ် တင်ပို့ထားရကြောင်း သိရသည်။

"လယ်ထဲကနေ ည(၆)နာရီလောက် ဆိုင်ကယ်နဲ့ ပြန်လာတာ။ ရွာအဝင်မှာ တူမီးနဲ့ပစ်ပြီး ထွက်ပြေးသွားတယ်။ မှောင်နေလို့ ဘယ်သူမှန်း မသိလိုက်ဘူး။ ရန်ငြိုးရန်စလည်း မရှိပါဘူး"ဟု တူမီးဖြင့်ပစ်ခတ်ခံရသူ စိုင်းအွန်ကွခေ့ငူနငု နြတျ ဗာနညခပသို့ ပြောသည်။

အသက် (၄၂)နှစ်အရွယ် စိုင်းအွန်နှင့် အသက် (၅၀)အရွယ် စိုင်းဆုနသန်တို့နှစ်ဦး လယ်ထဲတွင် ကြက်သွန်ဖြူစိုက်ပြီး ပြန်လာစဉ် ရွာအဝင်၌ တူမီးသေနတ်ဖြင့် ပစ်ခတ်၍ ထွက်ပြေးသွားသဖြင့် စိုင်းအွန်၏ ယာဘက်လက်မောင်းနှင့် ယာဘက်လက်ပြင်နောက်ဖက်တွင် လည်းကောင်း၊ ဆိုင်ကယ်နောက်မှ စီးနင်းလိုက်ပါလာသူ စိုင်းဆုနသန်၏ ဝဲလက်ညှပ်ရိုးအောက်နှင့် ဝဲဖက်နောက်လက်ပြင်တို့တွင် ဒဏ်ရာအသီးသီး ရသွားသဖြင့် မိုင်းတုံပြည်သူ့ဆေးရုံတွင် အရေးပေါ်ကုသမှုခံယူ နေရကြောင်း သိရသည်။

"ပစ်ခတ်သူကိုတော့ သူတို့လည်း မမှတ်မိလိုက်ဘူး။ တရားခံ ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှု ဆက်လက် ဆောင်ရွက်နေပါတယ်"ဟု နားကောင်းမူးစခန်းမှူးက ပြောသည်။

မိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အိမ်တိုင်းနီးပါး တူမီးသေနတ်များ အသုံးပြုသည့် အလေ့အထရှိပြီး မကြာခဏ မှားယွင်းပစ်ခတ်မှုနှင့် ချောင်းမြောင်း ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နားကောင်းမူးနယ်မြေရဲစခန်းတွင် (ပ) ၃/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ(၃၀၇)ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။

သတင်း - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~