တာလေ - မိုင်းလင်းတစ်လျှောက် လမ်းပခုံးသားများ ပြိုကျသဖြင့် လမ်းကျဉ်းကာ ယာဉ်တိုက်မှု အဖြစ်များသည့်လမ်းအား အမြန်ဆုံး ပြုပြင်ပေးရန် ဒေသခံများ တောင်းဆို

တာလေ - မိုင်းလင်းတစ်လျှောက် လမ်းပခုံးသားများ ပြိုကျသဖြင့် လမ်းကျဉ်းကာ ယာဉ်တိုက်မှု အဖြစ်များသည့်လမ်းအား အမြန်ဆုံး ပြုပြင်ပေးရန် ဒေသခံများ တောင်းဆို
အောကျတိုဘာ 31, 2016
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့မှ မိုင်းလင်းကျေးရွာအုပ်စုသို့ ဆက်သွယ် ထားသည့် လမ်းပိုင်းမှာ လမ်းပခုံးသားများ ပြိုကျပြီး မြင့်တက်နေသဖြင့် လမ်းကျဉ်းကာ မကြာခဏ ယာဉ်တိုက်မှုများဖြစ်ပေါ်နေသည့်အတွက် ပြုပြင်ပေးရန် ကျေးရွာ(၂၉)ရွာမှ တာဝန်ရှိသူများက အောက်တိုဘာလ (၃၀) ရက်နေ့ ညပိုင်းက လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြောင်း သိရသည်။

"ဒီလမ်းရဲ့ လမ်းပခုံးသားတွေကို နှစ်စဉ်မြေသားပဲ ဖို့ထားတာကြောင့် မိုးရာသီဆိုရင် ဖို့ထားတဲ့ မြေကြီးတွေက ရေနဲ့ပါသွားပြီး လမ်းပခုံးသားက မြင့်မြင့်တက်လာတယ်၊ အဲ့ဒီတော့ လမ်းက ကျဉ်းသွားပြီး ယာဉ်တိုက်မှု မကြာခဏဖြစ်တာ။ ဒါကြောင့် လမ်းပခုံးသားကို မြေသားအစား ကျောက်သား ခင်းပေးဖို့ လိုလားနေကြတာပါ"ဟု တာလေမြို့ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ်က Tachileik News Agency သို့ ပြောသည်။

တာလေမြို့မှ နမ့်မွေချောင်းအထိ လမ်းမှာ ကတ္တရာခင်းထားသော်လည်း လမ်းပခုံးသားများပြိုကျနေသဖြင့် လမ်းကျဉ်းမြောင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

"လမ်းက အရမ်းကျဉ်းတယ်၊ အရှိန်နဲ့လာတဲ့ ကားတွေက ဆိုင်ကယ်တွေကို မရှောင်ဘူး၊ ကားတွေက ဖြည်းဖြည်းလည်း မမောင်းသလို၊ လမ်းကလည်း ကျဉ်းတော့ ဆိုင်ကယ်က ပဲ ရှောင်ရတယ်၊ အဲ့ဒီနေရာက ကားတစ်စီးကျော်စာပဲ ရှိတာ၊ ဆိုင်ကယ်မောင်းသူက ကြောက်ကြောက်နဲ့ လမ်းဘေး ထိုးရှောင်လိုက်တဲ့ အခါမှာ လမ်းပခုံးသား မြင့်တဲ့အခါ အရှိန်နဲ့ဆိုတော့ လူရော ဆိုင်ကယ်ရော လဲသွားပြီး ခြေကျိုး၊ လက်ကျိုးဖြစ်တဲ့ အထိ ဖြစ်သွားတာတွေ ခဏခဏပဲ၊ လမ်းပခုံးသား မြင့်တော့ ရှောင်တာနဲ့ အကျပဲဗျာ၊ ကားတွေကလည်း အရှိန်ကို မလျှော့ဘူး"ဟု အစည်းအဝေးတွင် တက်ရောက်လာသူ ရာအိမ်မှူး တစ်ဦးကပြောသည်။

အဆိုပါလမ်းသည် ကျိုင်းလပ်မြို့ နှင့် တာလေမြို့နေ တိုင်းရင်းသားပြည်သူများ နေ့စဉ်အားထားကာ သွားလာရန်အတွက် အသုံးပြုနေရသည့် လမ်းဖြစ်ကြောင်း သိရသည်။


လမ်းပခုံးသားအား ကျောက်သားတိုးချဲ့ပေးရန် ကျေးရွာသားများတောင်းဆိုမှုနှင့်ပါတ်သက်၍ တာလေ - ကျိုင်းလပ် လမ်းပိုင်း(၃၆)မိုင်အား ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်နေသည့် တာချီလိတ်မြို့နယ် လမ်းဦးစီးဌာနအား Tachileik News Agencyမှ ဆက်သွယ်မေးမြန်းရာ ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

သတင်း - ကိုဇက်
ဓာတ်ပုံ - TZL



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလမြေို့မှ မိုင်းလင်းကျေးရွာအုပ်စုသို့ ဆက်သွယ် ထားသည့် လမ်းပိုင်းမှာ လမ်းပခုံးသားများ ပြိုကျပြီး မြင့်တက်နေသဖြင့် လမ်းကျဉ်းကာ မကြာခဏ ယာဉ်တိုက်မှုများဖြစ်ပေါ်နေသည့်အတွက် ပြုပြင်ပေးရန် ကျေးရွာ(၂၉)ရွာမှ တာဝန်ရှိသူများက အောက်တိုဘာလ (၃၀) ရက်နေ့ ညပိုင်းက လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြောင်း သိရသည်။

"ဒီလမ်းရဲ့ လမ်းပခုံးသားတွေကို နှစ်စဉ်မြေသားပဲ ဖို့ထားတာကြောင့် မိုးရာသီဆိုရင် ဖို့ထားတဲ့ မြကြေီးတွေက ရေနဲ့ပါသွားပြီး လမ်းပခုံးသားက မြင့်မြင့်တက်လာတယ်၊ အဲ့ဒီတော့ လမ်းက ကျဉ်းသွားပြီး ယာဉ်တိုက်မှု မကြာခဏဖြစ်တာ။ ဒါကြောင့် လမ်းပခုံးသားကို မြေသားအစား ကျောက်သား ခင်းပေးဖို့ လိုလားနကြေတာပါ"ဟု တာလမြေို့ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ်က Tachileik News Agency သို့ ပြောသည်။

တာလမြေို့မှ နမ့်မွေချောင်းအထိ လမ်းမှာ ကတ္တရာခင်းထားသော်လည်း လမ်းပခုံးသားများပြိုကျနေသဖြင့် လမ်းကျဉ်းမြောင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

"လမ်းက အရမ်းကျဉ်းတယ်၊ အရှိန်နဲ့လာတဲ့ ကားတွေက ဆိုင်ကယ်တွေကို မရှောင်ဘူး၊ ကားတွေက ဖြည်းဖြည်းလည်း မမောင်းသလို၊ လမ်းကလည်း ကျဉ်းတော့ ဆိုင်ကယ်က ပဲ ရှောင်ရတယ်၊ အဲ့ဒီနေရာက ကားတစ်စီးကျော်စာပဲ ရှိတာ၊ ဆိုင်ကယ်မောင်းသူက ကြောက်ကြောက်နဲ့ လမ်းဘေး ထိုးရှောင်လိုက်တဲ့ အခါမှာ လမ်းပခုံးသား မြင့်တဲ့အခါ အရှိန်နဲ့ဆိုတော့ လူရော ဆိုင်ကယ်ရော လဲသွားပြီး ခြေကျိုး၊ လက်ကျိုးဖြစ်တဲ့ အထိ ဖြစ်သွားတာတွေ ခဏခဏပဲ၊ လမ်းပခုံးသား မြင့်တော့ ရှောင်တာနဲ့ အကျပဲဗျာ၊ ကားတွေကလည်း အရှိန်ကို မလျှော့ဘူး"ဟု အစည်းအေဝးတွင် တက်ရောက်လာသူ ရာအိမ်မှူး တစ်ဦးကပြောသည်။

အဆိုပါလမ်းသည် ကျိုင်းလပ်မြို့ နှင့် တာလမြေို့နေ တိုင်းရင်းသားပြည်သူများ နေ့စဉ်အားထားကာ သွားလာရန်အတွက် အသုံးပြုနေရသည့် လမ်းဖြစ်ကြောင်း သိရသည်။

"လမ်းတွေက ကျဉ်းတော့ ကားဖြစ်ဖြစ် ဆိုင်ကယ်ဖြစ်ဖြစ် တစ်စီးနဲ့တစ်စီး မရှောင်ရင် မျက်နှာချင်းဆိုင် တိုက်မိတာ၊ ဒီလမ်းမှာ တိုက်မိရင် တရားခံမမိဘဲ ပြေးတဲ့လူတွေလည်းရှိတယ်၊ မနေ့ကတင် မခေရွာက ကလေးမလေးတစ်ယောက် ကားနဲ့ ဆိုင်ကယ် တိုက်ခံလိုက်ရတယ်၊ ဒီလမ်းကို အမြန်ပြင်ပေးဖို့ တကယ်ကို လိုအပ်နေပါတယ်ဗျာ၊ ဒီလမ်းကြောင့် လူထပ်သေနေရတာတွေ မဖြစ်စေချင်တော့ဘူး၊ သက်ဆိုင်ရာ ဌာနများအနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးစေလိုပါတယ်"ဟု မတ်တန်းရွာမှ ရွာသားတစ်ဦးက ဆိုသည်။

လမ်းပခုံးသားအား ကျောက်သားတိုးချဲ့ပေးရန် ကျေးရွာသားများတောင်းဆိုမှုနှင့်ပါတ်သက်၍ တာလေ - ကျိုင်းလပ် လမ်းပိုင်း(၃၆)မိုင်အား ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်နေသည့် တာချီလိတ်မြို့နယ် လမ်းဦးစီးဌာနအား Tachileik News Agencyမှ ဆက်သွယ်မေးမြန်းရာ ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြကြေားသည်။

သတင်း - ကိုဇက်
ဓာတ်ပုံ - TZL

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~