ရွှေ့ပြောင်း မြန်မာလုပ်သားများအား ငွေညှစ်တောင်းခံသည့် ထိုင်းရဲများကို အရေးယူမှု မရှိဟုဆို
ရွှေ့ပြောင်း မြန်မာလုပ်သားများအား ငွေညှစ်တောင်းခံသည့် ထိုင်းရဲများကို အရေးယူမှု မရှိဟုဆို
အောကျတိုဘာ 12, 2016
By Tachileik News Agency
ထိုင်းရဲအချို့၏ ငွေညှစ်မှုများကို သက်သေ အထောက်အထားနှင့်တကွ တင်ပြနိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားထားသော်လည်း အလုပ်သမားများနှင့် အလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့များအနေဖြင့် သက်သေဖြင့် တင်ပြနိုင်ရန် အခက်အခဲဖြစ်ရကြောင်း ၎င်းက ဆိုသည်။
သတင်း - ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံတွင်း မြန်မာအလုပ်သမားများအား ထိုင်းရဲအချို့က ငွေညှစ်တောင်းခံမှုများကို သက်ဆိုင်ရာ အာဏာပိုင်များထံ သက်သေအထောက်အထားဖြင့် တင်ပြသော်လည်း အရေးယူခြင်း မရှိသဖြင့် အခြေအနေ မပြောင်းလဲကြောင်း ထိုင်းနိုင်ငံတွင်း မြန်မာလုပ်သားများအရေး ကူညီပေးနေသည့် အဖွဲ့များထံမှ သိရသည်။
"ထိုင်းအာဏာပိုင်တွေဘက်က ပြောချင်တဲ့ပုံစံက အကျင့်ပျက်တဲ့ ထိုင်းရဲတွေကို သက်သေတွေနဲ့ အမိဖမ်းပေးဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ကျွန်တော်တို့ အတွက်ကြတော့ ခက်ခဲပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီလို အကျင့်ပျက်တဲ့ရဲတွေက သူတို့ကတ်တွေထဲက ပုံနဲ့လည်း မတူသလို ဖုန်းနံပါတ်တွေကလည်း တစ်လကို တစ်ခုလောက်လဲ နကြေတာပါ။"ဟု ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမားအခွင့်အရေး မြှင့်တင်ရေးကွန်ရက်(LPN)မှ ကိုစူရချိုင်းမင်းထွန်းက ပြောသည်။
ထိုင်းရဲအချို့၏ ငွေညှစ်မှုများကို သက်သေ အထောက်အထားနှင့်တကွ တင်ပြနိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားထားသော်လည်း အလုပ်သမားများနှင့် အလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့များအနဖြေင့် သက်သဖြေင့် တင်ပြနိုင်ရန် အခက်အခဲဖြစ်ရကြောင်း၎င်းက ဆိုသည်။
"အောက်ခြေကရဲတွေ အခုလို မတရားငွေညှစ်နေတာတွေကို သူတို့အထက်က သိတာလည်းရှိတယ်။ မသိတာလည်း ရှိပါတယ်။ အများအားဖြင့်တော့ မသိကြတာ ပိုများပါတယ်။ အရေးယူမှုတွေကိုလည်း သိပ်များများ စားစား မတွေ့ရပါဘူး။"ဟု ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ ကူညီနေသည့် AACအဖွဲ့မှ ကိုရဲမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ထိုင်းရဲအချို့က မြန်မာအလုပ်သမားများတွင် ပတ်စ်ပို့ရှိသည့် တရားဝင် အလုပ် လုပ်နေသူများ ဖြစ်သည့်တိုင်၎င်းတို့၏ ပိုက်ဆံအိတ်တွင် ချဲလက်မှတ်များ ရှိ၊ မရှိ စစ်ဆေးခြင်း၊ ဖုန်းအတွင်း ညစ်ညမ်းရုပ်ရှင်များ ထည့်ထားခြင်း ရှိ၊ မရှိ စသည်တို့ကို စစ်ဆေးကာ ငွေညှစ်လေ့ရှိကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~