ဓာတ္သတၱဳထုတ္လုပ္မႈ အေသးစားလုပ္ငန္းမ်ားကို တိုင္းႏွင့္ျပည္နယ္အဆင့္ ခြင့္ျပဳႏုိင္ေရးအတြက္ နည္းဥပေဒ ေစာင့္ေန

ဓာတ္သတၱဳထုတ္လုပ္မႈ အေသးစားလုပ္ငန္းမ်ားကို တိုင္းႏွင့္ျပည္နယ္အဆင့္ ခြင့္ျပဳႏုိင္ေရးအတြက္ နည္းဥပေဒ ေစာင့္ေန
အောက်တိုဘာ 11, 2016
By Tachileik News Agency

ဓာတ္သတၱဳအေသးစားထုတ္လုပ္သည့္ လုပ္ငန္းမ်ားအား သက္ဆိုင္ရာ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး အဆင့္မွ လုပ္ကြက္ စိစစ္ခ်ထားေရးအဖြဲ႕မ်ားျဖင့္ စိစစ္ခြင့္ျပဳႏုိင္ရန္ ဥပေဒတြင္ ပါဝင္လာေသာ္လည္း နည္းဥပေဒမ်ား ေရးဆြဲရန္ လုိအပ္ေနေသးေၾကာင္း ျမန္မာႏိုင္ငံသတၱဳလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ထံမွ သိရသည္။

"ႏိုင္ငံေတာ္ရင္းႏွီးျမႇဴပ္ႏွံမႈနဲ႔ လုပ္ထားတဲ့ ဓာတ္သတၱဳကို စက္မႈႀကီးၾကပ္ ကုန္ၾကမ္းတိုင္းတာ၍ အေသးစား ထုတ္လုပ္သည့္ လက္လုပ္လက္စားေတြကို ျပည္ေထာင္စု အစိုးရအဖြဲ ့ရဲ ႔ ခြင့္ျပဳခ်က္နဲ ့ဖြဲ ့စည္းထားေသာ သက္ဆိုင္ရာ တိုင္းေဒသႀကီးနဲ ့ ျပည္နယ္အသီးသီးမွာရိွတဲ့ လုပ္ကြက္စိစစ္ခ်ထားေရးအဖြဲ ့က ေနာက္ပိုင္းမွာ ဥပေဒအရ လုပ္ပိုင္ခြင့္ေပးသြားမွာ ျဖစ္ပါတယ္။ ဒါဟာ ျပင္ဆင္ဥပေဒထဲမွာေတာ့ ပါ၀င္ေနပါၿပီ။ ဒါေပမဲ့ နည္းဥေဒထဲမွာေတာ့ ဘယ္လိုလုပ္ေဆာင္သြားမယ္ဆိုတာ မဆြဲရေသးပါဘူး။"ဟု ျမန္မာႏိုင္ငံသတၱဳလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဥကၠဌ ဦးခင္ေမာင္ဟန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အေသးစား ထုတ္လုပ္သည့္ လုပ္ငန္းမ်ား စိစစ္ခြင့္ျပဳႏုိင္ရန္ အတြက္ သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရ၊ လုပ္ငန္းရွင္ႏွင့္ လူမႈအဖြဲ ့ အစည္းတို ့ပါ၀င္သည့္အဖြဲ ့ ဖြဲ႕စည္းေပးရန္ အစိုးရထံ တင္ျပထားေၾကာင္း သိရသည္။

"လုပ္ကြက္ စိစစ္ခ်ထားေရးအဖြဲ ့ေတြ ဖြဲ႔တဲ့ေနရာမွာ သက္ဆို္င္ရာ တိုင္းေဒသႀကီးနဲ ့ ျပည္နယ္အစိုးရ၊ လုပ္ငန္းရွင္ေတြ၊ လူမႈအဖြဲ ့စည္းေတြနဲ ့ စုေပါင္းညႇိႏိႈင္းၿပီးဖြဲ ့ဖို ့ ကၽြန္ေတာ္တို ့ တင္ျပထားပါတယ္။"ဟု ဦးခင္ေမာင္ဟန္က ေျပာသည္။

ျမန္မာႏိုင္ငံသတၱဳလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္အား ၂၀၁၃ ခုႏွစ္ ဇန္္န၀ါရီ ၁၅ ရက္တြင္ စတင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ၿပီး (၃)ႏွစ္တစ္ႀကိမ္ အသင္းခ်ဳပ္ေရြးေကာက္ပြဲက်င္းပသည့္စနစ္ကို က်င့္သံုးေနျခင္းျဖစ္သည္။

သတင္း - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~

ဓာတ်သတ္တုအသေးစားထုတ်လုပ်သည့် လုပ်ငန်းများအား သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်မှ လုပ်ကွက် စိစစ်ချထားရေးအဖွဲ့များဖြင့် စိစစ်ခွင့်ပြုနိုင်ရန် ဥပဒေတွင် ပါဝင်လာသော်လည်း နည်းဥပဒေများ ရေးဆွဲရန် လိုအပ်နေသေးကြောင်း မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ် ထံမှ သိရသည်။

"နိုင်ငံတော်ရင်းနှီးမြှူပ်နှံမှုနဲ့ လုပ်ထားတဲ့ ဓာတ်သတ္တုကို စက်မှုကြီးကြပ် ကုန်ကြမ်းတိုင်းတာ၍ အသေးစား ထုတ်လုပ်သည့် လက်လုပ်လက်စားတွေကို ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ဖွဲ့စည်းထားသော သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ လုပ်ကွက်စိစစ်ချထားရေးအဖွဲ့က နောက်ပိုင်းမှာ ဥပဒေအရ လုပ်ပိုင်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ပြင်ဆင်ဥပဒေထဲမှာတော့ ပါဝင်နေပါပြီ။ ဒါပေမဲ့ နည်းဥဒေထဲမှာတော့ ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာ မဆွဲရသေးပါဘူး။"ဟု မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးခင်မောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသေးစား ထုတ်လုပ်သည့် လုပ်ငန်းများ စိစစ်ခွင့်ပြုနိုင်ရန် အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၊ လုပ်ငန်းရှင်နှင့် လူမှုအဖွဲ့ အစည်းတို့ပါဝင်သည့်အဖွဲ့ ဖွဲ့စည်းပေးရန် အစိုးရထံ တင်ပြထားကြောင်း သိရသည်။

"လုပ်ကွက် စိစစ်ချထားရေးအဖွဲ့တွေ ဖွဲ့တဲ့နေရာမှာ သက်ဆို်င်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ၊ လုပ်ငန်းရှင်တွေ၊ လူမှုအဖွဲ့စည်းတွေနဲ့ စုပေါင်းညှိနှိုင်းပြီးဖွဲ့ဖို့ ကျွန်တော်တို့ တင်ပြထားပါတယ်။"ဟု ဦးခင်မောင်က ပြောသည်။

မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်အား ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး (၃)နှစ်တစ်ကြိမ် အသင်းချုပ်ရွေးကောက်ပွဲကျင်းပသည့်စနစ်ကို ကျင့်သုံးနခြေင်းဖြစ်သည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~