ထိုင္း - ကယား နယ္စပ္ကုန္သြယ္ေရးစခန္း တရား၀င္ စတင္ဖြင့္လွစ္

ထိုင္း - ကယား နယ္စပ္ကုန္သြယ္ေရးစခန္း တရား၀င္ စတင္ဖြင့္လွစ္
အောက်တိုဘာ 27, 2016
By Tachileik News Agency

ကယားျပည္နယ္ ေဘာလခဲခရိုင္ မယ္စဲ႔ၿမိဳ႕နယ္တြင္  ထိုင္း နယ္စပ္ကုန္သြယ္ေရးစခန္းကို ေအာက္တိုဘာလ (၂၇)ရက္ေန႔က တရားဝင္စတင္ ဖြင့္လွစ္လိုက္ေၾကာင္း သိရသည္။

"နယ္စပ္ကုန္သြယ္ေရးစခန္း ဖြင့္တာဆိုေတာ့ အကုန္ေပါ့။ ဂိတ္ေတြေရာ ဖြင့္သြားမွာပါ။ ႏွစ္ႏိုင္ငံ ကုန္သြယ္မႈ အတြက္ရယ္၊ ခရီးသြားလုပ္ငန္းေတြ အတြက္ေပါ့။ ပိုေကာင္း လာမွာပါ။ ၿပီးေတာ့ ျပည္နယ္သားေတြလည္း အလြယ္တကူ သြားလာလို႔ရၿပီေပါ့ ။ အရင္ကဆို ကုန္သြယ္မႈကေတာ့ ရွိေနတယ္ တရားဝင္ မဟုတ္ဘူး။ ခုက တရားဝင္ လုပ္လို႔ရသြားျပီေပါ့ " ဟု မယ္စဲ့ျမိဳ႕နယ္ မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ဦးက Tachileik News Agency သို႔ ေျပာသည္။

ထိုင္း - ကယားနယ္စပ္ကုန္သြယ္ေရးစခန္း ဖြင့္လွစ္လိုက္သျဖင့့္ ထိုင္းႏိုင္ငံမွ ခရီးသြားမ်ား မယ္ေဟာင္ေဆာင္မွ ကယားျပည္နယ္ကို တိုက္ရုိက္ ဝင္ေရာက္ႏိုင္မွာ ျဖစ္သည့္အျပင္ ကယားျပည္နယ္ ထြက္ကုန္မ်ား ျဖစ္သည့္ ၾကက္သြန္ျဖဴ၊ ငရုတ္၊ ႏွမ္း၊ ေျပာင္းစသည့္ စိုက္ပ်ိဳးေရးထြက္ကုန္မ်ားလည္း တရားဝင္ တင္ပို႔ႏုိင္ေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း

Photo: Ko Sai Mwd


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းကို အောက်တိုဘာလ (၂၇)ရက်နေ့က တရားဝင်စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

"နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်တာဆိုတော့ အကုန်ပေါ့။ ဂိတ်တွေရော ဖွင့်သွားမှာပါ။ နှစ်နိုင်ငံ ကုန်သွယ်မှု အတွက်ရယ်၊ ခရီးသွားလုပ်ငန်းတွေ အတွက်ပေါ့။ ပိုကောင်း လာမှာပါ။ ပြီးတော့ ပြည်နယ်သားတွေလည်း အလွယ်တကူ သွားလာလို့ရပြီပေါ့။ အရင်ကဆို ကုန်သွယ်မှုကတော့ ရှိနေတယ် တရားဝင် မဟုတ်ဘူး။ ခုက တရားဝင် လုပ်လို့ရသွားပြီပေါ့ " ဟု မယ်စဲ့မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက Tachileik News Agency သို့ ပြောသည်။

ထိုင်း - ကယားနယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်လိုက်သဖြင့် ထိုင်းနိုင်ငံမှ ခရီးသွားများ မယ်ဟောင်ဆောင်မှ ကယားပြည်နယ်ကို တိုက်ရိုက် ဝင်ရောက်နိုင်မှာ ဖြစ်သည့်အပြင် ကယားပြည်နယ် ထွက်ကုန်များ ဖြစ်သည့် ကြက်သွန်ဖြူ၊ ငရုတ်၊ နှမ်း၊ ပြောင်းစသည့် စိုက်ပျိုးရေးထွက်ကုန်များလည်း တရားဝင် တင်ပို့နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~