တောင်ကြီးတန်ဆောင်တိုင်ပွဲတော် လေလံချပေးမှုသည် ကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်းသာ ဆောင်ရွက်ခဲ့ဟုဆို
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် လေလံချပေးမှုသည် ကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်းသာ ဆောင်ရွက်ခဲ့ဟုဆို
နိုဝငျဘာ 1, 2016
By Tachileik News Agency
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပွဲခင်းလေလံချပေးမှုတွင် ပွဲဖြစ်မြောက်ရေးကော်မတီ၏ ဆုံးဖြတ်ချက် အတိုင်းသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လေလံဆွဲသူများက အစိုးရအဖွဲ့အား အခက်အခဲဖြစ်ရန် ကြိုတင်ကြံရွယ်၍ လုပ်ဆောင်သည်ဟု ရှမ်းပြည်နယ်အစိုးရဘဏ္ဍာရေးဝန်ကြီးက Tachileik News Agencyသို့  ပြောကြားလိုက်သည်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ပွဲခင်းလေလံပွဲအား ရှမ်းပြည်နယ်အစိုးရမှ ကျပ်သိန်း(၂,၅၀၀) ကြမ်းခင်းဈေး သတ်မှတ်ထားသည့် အပေါ် လေလံလာရောက်ဆွဲသူများက လျှော့ချပေးရန် ညှိနှိုင်းမှုကြောင့် ကျပ်သိန်း(၂,၀၀၀)ထိ လျှော့ချပေးခဲ့သော်လည်း လုပ်ငန်းရှင်များမှာ လက်ခံခြင်းမရှိဘဲ လေလံပွဲမှ ထွက်ခွာသွားသဖြင့် ကြမ်းခင်းဈေးထက် ကျပ်(၁၀)သိန်းပိုပေးသည့် လေလံမဆွဲသည့် လုပ်ငန်းရှင်အား လုပ်ကိုင်ခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပွဲခင်းလေလံနှင့် ပတ်သက်၍ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပွဲဖြစ်မြောက်ရေးကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ရှမ်းပြည်နယ်အစိုးရ အစည်းအဝေးတွင် ထပ်မံတင်ပြကာ အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေလံလာရောက်ဆွဲသူများမှာ ကျပ်သိန်း(၁,၅၀၀)ကြမ်းခင်းဈေးဖြင့် လေလံဆွဲကာ အကယ်၍ ကျပ်သိန်း(၁,၅၀၀)နှင့် ရရှိခဲ့လျှင် လေလံအောင်ခြင်း မရှိသည့် နစ်နာသူများအား လေလံရရှိသူမှ တစ်ဦးလျှင် ကျပ်သိန်း(၁၀၀) ပြန်လည်ပေးအပ်မည်ဟု ညှိနှိုင်းလုပ်ဆောင်ကာ လေလံပွဲသို့ တက်ရောက်လာခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ သတင်းရထားကြောင်း သိရသည်။
သတင်း - ကိုဇက်
~~~~~~~~⊰❂ unicode ~~~~~~~~
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပွဲခင်းလေလံချပေးမှုတွင် ပွဲဖြစ်မြောက်ရေးကော်မတီ၏ ဆုံးဖြတ်ချက် အတိုင်းသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လေလံဆွဲသူများက အစိုးရအဖွဲ့အား အခက်အခဲဖြစ်ရန် ကြိုတင်ကြံရွယ်၍ လုပ်ဆောင်သည်ဟု ရှမ်းပြည်နယ်အစိုးရဘဏ္ဍာရေးဝန်ကြီးကွခေ့ငူနငု နြတျ ဗာနညခပသို့ ပြောကြားလိုက်သည်။
"တကယ်တော့ ကျွန်တော်တို့ အကြပ်ရိုက်အောင်လုပ်တာ သူတို့လေလံပွဲ မလာခင်ကတည်းက ကြိုတင်ပြီး စည်းဝါးရိုက်လာတာ။ ကြမ်းခင်းဈေး ကျပ်သိန်း(၁ယ၅၀၀)ပဲထားမယ်ဆိုတာ တကယ်တမ်း ပွဲဖြစ်မြောက်ရေး ကော်မတီရဲ့ ဘတ်ဂျက်မှာ ဒီကြမ်းခင်းဈေးနဲ့ဆို မလောက်ဘူး။ လိုအပ်တာတွေ ပြင်ဆင်ဖို့ ကော်မတီတွေကလည်း ငွေတောင်းနပြေီ။ ကျွန်တော့်မှာလည်း ဘာလုပ်ရမှန်းမသိတဲ့ အချိန်မှာ လုပ်ငန်းရှင် အသိတစ်ယောက်ကို အကူအညီတောင်းခဲ့တာပါ။ ဒါကိုလည်း ပွဲဖြစ်မြောက်ရေးကော်မတီ အစည်းအေဝးခေါ်ယူပြီး ဆုံးဖြတ်ချက်ရယူပြီးမှ လုပ်ဆောင်ခဲ့တာပါ"ဟု ရှမ်းပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ပွဲခင်းလေလံပွဲအား ရှမ်းပြည်နယ်အစိုးရမှ ကျပ်သိန်း(၂ယ၅၀၀) ကြမ်းခင်းဈေး သတ်မှတ်ထားသည့် အပေါ် လေလံလာရောက်ဆွဲသူများက လျှော့ချပေးရန် ညှိနှိုင်းမှုကြောင့် ကျပ်သိန်း(၂ယဝဝဝ)ထိ လျှော့ချပေးခဲ့သော်လည်း လုပ်ငန်းရှင်များမှာ လက်ခံခြင်းမရှိဘဲ လေလံပွဲမှ ထွက်ခွာသွားသဖြင့် ကြမ်းခင်းဈေးထက် ကျပ်(၁၀)သိန်းပိုပေးသည့် လေလံမဆွဲသည့် လုပ်ငန်းရှင်အား လုပ်ကိုင်ခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
တန်ဆောင်တိုင်ပွဲတော် လေလံဆွဲသူများက ဘဏ္ဍာရေးဝန်ကြီးက လေလံစည်းကမ်းဖောက်ဖျက်ပြီး လေလံချပေးခဲ့သည်ဟု စွပ်စွဲကာ သမ္မတထံ တိုင်စာပေးပို့ခြင်းနှင့် သတင်းစာရှင်းလင်းပွဲအား အောက်တိုဘာ(၂၅)ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
"လေလံပွဲပြန်လုပ်ဖို့ ဝန်ကြီးကို ဖုန်းဆက်ပြီး အကြောင်းကြားတော့ ဝန်ကြီးက ပေးလိုက်ပါပြီလို့ ပြန်ပြောတယ်။ ဒါဟာ တင်ဒါလေလံမှာ ပါဝင်တဲ့ စည်းကမ်းချက်တစ်ခုဖြစ်တဲ့ အကြောင်းကြောင်းကြောင့် လေလံပွဲပျက်ပြယ်ရင် ပြန်လည်ပြုလုပ်ပေးရမယ်ဆိုတာကို ချိုးဖောက်တာဖြစ်တယ်"ဟု မန္တလေးမြို့မှ လေလံလာရောက်ဆွဲသူ တစ်ဦးက ပြောသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပွဲခင်းလေလံနှင့် ပတ်သက်၍ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပွဲဖြစ်မြောက်ရေးကော်မတီ၏ အစည်းအေဝး ဆုံးဖြတ်ချက်ဖြင့် ရှမ်းပြည်နယ်အစိုးရ အစည်းအေဝးတွင် ထပ်မံတင်ပြကာ အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေလံလာရောက်ဆွဲသူများမှာ ကျပ်သိန်း(၁ယ၅၀၀)ကြမ်းခင်းဈေးဖြင့် လေလံဆွဲကာ အကယ်၍ ကျပ်သိန်း(၁ယ၅၀၀)နှင့် ရရှိခဲ့လျှင် လေလံအောင်ခြင်း မရှိသည့် နစ်နာသူများအား လေလံရရှိသူမှ တစ်ဦးလျှင် ကျပ်သိန်း(၁၀၀) ပြန်လည်ပေးအပ်မည်ဟု ညှိနှိုင်းလုပ်ဆောင်ကာ လေလံပွဲသို့ တက်ရောက်လာခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ သတင်းရထားကြောင်း သိရသည်။
သတင်း - ကိုဇက် 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~