တာခ်ီလိတ္နယ္စပ္ ကုန္စည္ထြက္ေပါက္တြင္ ကုန္စည္တင္သြင္းမႈအား ေခတ္မီစက္ကိရိယာမ်ားျဖင့္ စစ္ေဆးႏိုင္ရန္ ရွမ္းျပည္နယ္အစိုးရ ျပင္ဆင္ေန

တာခ်ီလိတ္နယ္စပ္ ကုန္စည္ထြက္ေပါက္တြင္ ကုန္စည္တင္သြင္းမႈအား ေခတ္မီစက္ကိရိယာမ်ားျဖင့္ စစ္ေဆးႏိုင္ရန္ ရွမ္းျပည္နယ္အစိုးရ ျပင္ဆင္ေန
အောက်တိုဘာ 21, 2016
By Tachileik News Agency

တာခ်ီလိတ္နယ္စပ္ ကုန္စည္ထြက္ေပါက္တြင္ ထုိင္းႏုိင္ငံမွ တင္သြင္းေနသည့္ ကုန္စည္မ်ားအား စစ္ေဆးရန္ ေခတ္မီစက္ကိရိယာမ်ားကို လာမည့္ ဘ႑ာႏွစ္အတြင္း တပ္ဆင္ႏိုင္ရန္ ရွမ္းျပည္နယ္အစိုးရမွ ျပင္ဆင္ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

"ကုန္ပစၥည္းေတြ သယ္တဲ့ေနရာမွာ အျပင္ကုန္စည္နဲ႔ အတြင္းကုန္စည္ မတူတာေတြရွိတယ္။ ခိုး၀ွက္ၿပီး သယ္လာတာေပါ့။ ဒါကို သက္ဆိုင္ရာဌာနက စူးခၽြန္ေတြနဲ႔ ထိုးေဖာက္ ရွာေဖြရတဲ့အခါ မလိုအပ္တဲ့ ပ်က္စီးမႈေတြ ရွိလာႏိုင္တယ္။ ေနာက္ၿပီး ကုန္စည္စီးဆင္းမႈ မလိုအပ္ဘဲ အခ်ိန္ေတြ ေႏွာင့္ေႏွးၾကန္႔ၾကာ ေစတယ္။ ဒါေၾကာင့္ လာမယ့္ ႏွစ္အတြင္းမွာ တပ္ဆင္ႏိုင္ဖို႔ ရွမ္းျပည္နယ္ အစိုးရက ျပင္ဆင္ေနပါတယ္"ဟု ကုန္သြယ္မႈတိုးတက္ေရးအတြက္ နယ္စပ္ဝင္/ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရ ကိုယ္စားလွယ္၊ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။

ထုိင္းႏိုင္ငံတြင္ တင္သြင္းလာသည့္ ကုန္စည္စစ္ေဆးမႈအား လူအင္အား အနည္းငယ္ျဖင့္  ေခတ္မီ စက္ကိရိယာမ်ားအသံုးျပဳကာ စစ္ေဆးေနျခင္းေၾကာင့္ ကုန္စည္စီးဆင္းမႈမွာ ျမန္ဆန္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအေနျဖင့္၂၀၁၈ ခုႏွစ္တြင္ (AEC)အာဆီယံ စီးပြားေရးအသိုက္အ၀န္းသို႔ ၀င္ေရာက္မည္ျဖစ္ရာ ႀကိဳတင္ျပင္ဆင္မႈ လုပ္ေဆာင္သည့္ အေနျဖင့္ နယ္စပ္ဂိတ္မ်ားတြင္ ေခတ္မီစက္ကိရိယာမ်ား တပ္ဆင္ထားရန္ ျပင္ဆင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ စက္ကိရိယာမ်ား တပ္ဆင္ေရးအတြက္ ဘတ္ဂ်က္ ထည့္သြင္းေရးဆြဲႏိုင္ျခင္း မရွိခဲ့သျဖင့္ ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္တြင္ ဘတ္ဂ်က္ထည့္သြင္း ေရးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

စက္ကိရိယာမ်ား တပ္ဆင္ရာတြင္ ကုန္စည္အမ်ိဳးအမည္စစ္ေဆးသည့္ စက္အျပင္ ကုန္ပစၥည္း အရည္အေသြးစစ္ေဆးသည့္ စက္ကိရိယာမ်ားပါ တင္ဆင္မည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ အစိုးရထံမွ သိရသည္။

"တကယ္ေတာ့ ဒါမ်ိဳးေတြ တပ္ဆင္သင့္တာ ၾကာၿပီ။ ဒီစက္ေတြ တပ္ဆင္လိုက္ရင္ ကၽြန္ေတာ္တို႔ ကုန္ပစၥည္း အစစ္ေဆးခံဖို႔ ေစာင့္ဆိုင္းရတဲ့ ဒုကၡလည္း ေအးသြားမယ္။ ေနာက္ၿပီး စုေပါင္းဂိတ္မွာ ဌာနဆိုင္ရာ အဖြဲ႕အစည္းေပါင္းစံု တစ္ဖြဲ႕ၿပီးတစ္ဖြဲ႕ စစ္ေဆးတာလည္း မခံရေတာ့ဘူး။ ကုန္သည္ေတြ တရားမ၀င္ ကုန္စည္တင္သြင္းတယ္လို႔ အျပစ္ခ်ည္းေျပာလို႔ မရဘူး။ ဒီလိုျဖစ္ေအာင္ သူတို႔ဘက္က တမင္လုပ္ထားတဲ့ ပံုစံေတြရွိတယ္။ ႏိုင္ငံတကာအဆင့္မီဖို႔ ဆိုရင္ အကုန္ျပင္ဆင္သင့္တယ္"ဟု ကုန္သည္တစ္ဦးက ေျပာသည္။

သတင္း - ကိုဇက္


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်နယ်စပ် ကုန်စည်ထွက်ပေါက်တွင် ထိုင်းနိုင်ငံမှ တင်သွင်းနေသည့် ကုန်စည်များအား စစ်ဆေးရန် ခေတ်မီစက်ကိရိယာများကို လာမည့် ဘဏ္ဍာနှစ်အတွင်း တပ်ဆင်နိုင်ရန် ရှမ်းပြည်နယ်အစိုးရမှ ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

"ကုန်ပစ္စည်းတွေ သယ်တဲ့နေရာမှာ အပြင်ကုန်စည်နဲ့ အတွင်းကုန်စည် မတူတာတွေရှိတယ်။ ခိုးဝှက်ပြီး သယ်လာတာပေါ့။ ဒါကို သက်ဆိုင်ရာဌာနက စူးချွန်တွေနဲ့ ထိုးဖောက် ရှာဖွေရတဲ့အခါ မလိုအပ်တဲ့ ပျက်စီးမှုတွေ ရှိလာနိုင်တယ်။ နောက်ပြီး ကုန်စည်စီးဆင်းမှု မလိုအပ်ဘဲ အချိန်တွေ နှောင့်နှေးကြန့်ကြာ စေတယ်။ ဒါကြောင့် လာမယ့် နှစ်အတွင်းမှာ တပ်ဆင်နိုင်ဖို့ ရှမ်းပြည်နယ် အစိုးရက ပြင်ဆင်နေပါတယ်"ဟု ကုန်သွယ်မှုတိုးတက်ရေးအတွက် နယ်စပ်ဝင်/ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

ထိုင်းနိုင်ငံတွင် တင်သွင်းလာသည့် ကုန်စည်စစ်ဆေးမှုအား လူအင်အား အနည်းငယ်ဖြင့် ခေတ်မီ စက်ကိရိယာများအသုံးပြုကာ စစ်ဆေးနခြေင်းကြောင့် ကုန်စည်စီးဆင်းမှုမှာ မြန်ဆန်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနဖြေင့်၂၀၁၈ ခုနှစ်တွင် (AEC)အာဆီယံ စီးပွားရေးအသိုက်အဝန်းသို့ ဝင်ရောက်မည်ဖြစ်ရာ ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်သည့် အနဖြေင့် နယ်စပ်ဂိတ်များတွင် ခေတ်မီစက်ကိရိယာများ တပ်ဆင်ထားရန် ပြင်ဆင်နခြေင်းဖြစ်ကြောင်း သိရသည်။

၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် စက်ကိရိယာများ တပ်ဆင်ရေးအတွက် ဘတ်ဂျက် ထည့်သွင်းရေးဆွဲနိုင်ခြင်း မရှိခဲ့သဖြင့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်ထည့်သွင်း ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

စက်ကိရိယာများ တပ်ဆင်ရာတွင် ကုန်စည်အမျိုးအမည်စစ်ဆေးသည့် စက်အပြင် ကုန်ပစ္စည်း အရည်အသွေးစစ်ဆေးသည့် စက်ကိရိယာများပါ တင်ဆင်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရထံမှ သိရသည်။

"တကယ်တော့ ဒါမျိုးတွေ တပ်ဆင်သင့်တာ ကြာပြီ။ ဒီစက်တွေ တပ်ဆင်လိုက်ရင် ကျွန်တော်တို့ ကုန်ပစ္စည်း အစစ်ဆေးခံဖို့ စောင့်ဆိုင်းရတဲ့ ဒုက္ခလည်း အေးသွားမယ်။ နောက်ပြီး စုပေါင်းဂိတ်မှာ ဌာနဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံ တစ်ဖွဲ့ပြီးတစ်ဖွဲ့ စစ်ဆေးတာလည်း မခံရတော့ဘူး။ ကုန်သည်တွေ တရားမဝင် ကုန်စည်တင်သွင်းတယ်လို့ အပြစ်ချည်းပြောလို့ မရဘူး။ ဒီလိုဖြစ်အောင် သူတို့ဘက်က တမင်လုပ်ထားတဲ့ ပုံစံတွေရှိတယ်။ နိုင်ငံတကာအဆင့်မီဖို့ ဆိုရင် အကုန်ပြင်ဆင်သင့်တယ်"ဟု ကုန်သည်တစ်ဦးက ပြောသည်။

သတင်း - ကိုဇက် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~