ဝမ္းတြင္းၿမိဳ႕၌ ဖုန္းအေရာင္းဆိုင္မ်ားအား ညစ္ညမ္းပံု၊ဗီဒီယိုမ်ား ဖုန္းမ်ားတြင္ ထည့္သြင္းမေပးရန္ အသိေပး

ဝမ္းတြင္းၿမိဳ႕၌ ဖုန္းအေရာင္းဆိုင္မ်ားအား ညစ္ညမ္းပံု၊ဗီဒီယိုမ်ား ဖုန္းမ်ားတြင္ ထည့္သြင္းမေပးရန္ အသိေပး
အောက်တိုဘာ 17, 2016
By Tachileik News Agency

မႏၱေလးတိုင္းေဒသႀကီး၊ ဝမ္းတြင္းၿမိဳ႕တြင္ မုဒိမ္းမႈေလ်ာ့က်ေရး လုပ္ေဆာင္ခ်က္အျဖစ္ ညစ္ညမ္း ဓာတ္ပုံဗီဒီယုိမ်ား ဖုန္းထဲတြင္ အလြယ္တကူ ရယူၾကည့္ရွဳနိုင္ျခင္း မရိွေစရန္ ရဲတပ္ဖြဲ႕က ဖုန္းဆိုင္မ်ားအား အသိေပးေဆြးေႏြးမႈ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ၿမိဳ႕နယ္အေနနဲ႔ မုဒိမ္းမွဳ သိပ္မျဖစ္ေပမဲ့ တိုင္းတစ္တိုင္းလံုးနဲ႔ ႏိႈင္းယွဥ္ရင္ ပိုျဖစ္လာလို႔ ပညာေပးေဆြးေႏြးေစဖို႔ လမ္းညႊန္တာပါ။"ဟု ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးမ်ိဳးလြင္က ေျပာသည္။

ဖုန္းဆိုင္ေတြက ထည့္သြင္းေပးေနသည့္ မိုဘိုင္းလ္အက္ပလီေကးရွင္းတခ်ိဳ႕မွာ ညစ္ညမ္းပံုမ်ား၊ ဗီဒီယိုမ်ားၾကည့္၍ ရေနသျဖင့္ ပညာေပး တားျမစ္ေဆြးေႏြးျခင္းအား လုပ္ေဆာင္ရန္ တိုင္းအစိုးရနွင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ား အဆင့္ဆင့္တင္ျပကာ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကာမစိတ္ကုိ ႏိႈးဆြေနတဲ့ ဓာတ္ပုံဗီဒီယုိေတြက ဖုန္းထဲတင္ အလြယ္တကူရေနတယ္။ အေရးယူမွဳမရွိေတာ့ ပုိတြင္က်ယ္လာတယ္။ အခုလုိ တားျမစ္ပညာေပး ေဆြးေႏြးတာေကာင္းပါတယ္။"ဟု ေဒသခံ ဖုန္းအေရာင္းဆိုင္ ပုိင္ရွင္တစ္ဦးက ေျပာသည္။

ဝမ္းတြင္းၿမိဳ႕နယ္တြင္ ဖုန္းဟန္းဆက္ အေရာင္းဆိုင္ေပါင္း (၄၀) နီးပါးခန္႔ရွိျပီး ေအာက္တိုဘာလ (၁၃) ရက္တြင္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရုံးသုိ႔ဖိတ္ၾကားကာ အသိေပးေဆြးေႏြးျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုလင္း

~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့တွင် မုဒိမ်းမှုလျော့ကျရေး လုပ်ဆောင်ချက်အဖြစ် ညစ်ညမ်း ဓာတ်ပုံဗီဒီယိုများ ဖုန်းထဲတွင် အလွယ်တကူ ရယူကြည့်ရှုနိုင်ခြင်း မရှိစေရန် ရဲတပ်ဖွဲ့က ဖုန်းဆိုင်များအား အသိပေးဆွေးနွေးမှု လုပ်ဆောင်နေကြောင်း သိရသည်။

"ကျွန်တော်တို့မြို့နယ်အနေနဲ့ မုဒိမ်းမှု သိပ်မဖြစ်ပေမဲ့ တိုင်းတစ်တိုင်းလုံးနဲ့ နှိုင်းယှဉ်ရင် ပိုဖြစ်လာလို့ ပညာပေးဆွေးနွေးစေဖို့ လမ်းညွှန်တာပါ။"ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးလွင်က ပြောသည်။

ဖုန်းဆိုင်တွေက ထည့်သွင်းပေးနေသည့် မိုဘိုင်းလ်အက်ပလီကေးရှင်းတချို့မှာ ညစ်ညမ်းပုံများ၊ ဗီဒီယိုများကြည့်၍ ရနေသဖြင့် ပညာပေး တားမြစ်ဆွေးနွေးခြင်းအား လုပ်ဆောင်ရန် တိုင်းအစိုးရနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ အဆင့်ဆင့်တင်ပြကာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“ကာမစိတ်ကို နှိုးဆွနေတဲ့ ဓာတ်ပုံဗီဒီယိုတွေက ဖုန်းထဲတင် အလွယ်တကူရနေတယ်။ အရေးယူမှုမရှိတော့ ပိုတွင်ကျယ်လာတယ်။ အခုလို တားမြစ်ပညာပေး ဆွေးနွေးတာကောင်းပါတယ်။"ဟု ဒေသခံ ဖုန်းအရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

ဝမ်းတွင်းမြို့နယ်တွင် ဖုန်းဟန်းဆက် အရောင်းဆိုင်ပေါင်း (၄၀) နီးပါးခန့်ရှိပြီး အောက်တိုဘာလ (၁၃) ရက်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ဖိတ်ကြားကာ အသိပေးဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ကိုလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~