ရွမ္းျပည္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ လက္နက္ကိုင္ အဖြဲ႕မ်ားမွ ေငြေၾကးေတာင္းခံမႈအေပၚ တာ၀န္ရွိသူမ်ား ကူညီႏိုင္ျခင္း မရွိေသး

ရွမ္းျပည္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ လက္နက္ကိုင္ အဖြဲ႕မ်ားမွ ေငြေၾကးေတာင္းခံမႈအေပၚ တာ၀န္ရွိသူမ်ား ကူညီႏိုင္ျခင္း မရွိေသး
အောက်တိုဘာ 19, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ျဖတ္သန္းသြားေနသည့္ ကားမ်ားအား လက္နက္ကိုင္ အဖြဲ႕မ်ားက ႏွစ္စဥ္ေငြေတာင္းခံမႈမ်ားအား ႀကံဳေနရေသာ္လည္း နယ္ေျမခံရဲတပ္ဖြဲ႕ႏွင့္ တပ္မေတာ္မွ ကူညီေပးႏုိင္ျခင္း မရိွေသးဟု ေဒသခံ ကားေမာင္းသမားမ်ားထံမွ သိရသည္။

“နီးရာဓါးကို ေၾကာက္ရတာပဲေလ။ တရားမဝင္ဘူးဆိုတာ သိေပမဲ့ မေပးပဲေနလိုက္ရင္ ကိုယ္ေတြပဲခံရမွာ။ လက္သည္ေတာင္ေပၚမွာ မဟုတ္ဘူး” ဟု မႏၲေလး-မူဆယ္ကုန္တင္ကား အံုနာတစ္ဦးက ေျပာသည္။

ျပည္ေထာင္စုလမ္းမႀကီးမွ ျဖတ္သန္းသြားလာေနသည့္ ကုန္တင္ယာဥ္မ်ား အပါအဝင္ ေမာ္ေတာ္ယာဥ္မ်ားအား စစ္တပ္ မဟုတ္သည့္ လက္နက္ကိုင္အဖြဲ႕မ်ားက ေငြေၾကးေတာင္းခံျခင္းကို ႏွစ္စဥ္ ႀကံဳေနရေၾကာင္း အမည္မေဖၚလိုသည့္ သတင္းရင္းျမစ္မ်ားထံမွ သိရသည္။

“ဒီနားတဝုိက္ရယ္ လုိင္းေပၚရွိတဲ႔ ကားသမားရယ္၊ ဖရဲသီး လာတင္တဲ့ ကားသမားေတြ အားလုံး သိပါတယ္။ ေမးၾကည့္ပါ။ ဒီမွာႏွစ္တုိင္း သြင္းေနရတယ္” ဟု အမည္ မေဖၚလိုသူ ဒရိုင္ဘာတစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမ သီေပါၿမိဳ႕နယ္ နားမေခၚေက်းရြာအနီး၌ ေအာက္တိုဘာလ (၁၄) ရက္ေန႔က လက္နက္ကိုင္အဖြဲ႕တစ္ခုက ကုန္တင္ကားမ်ားအား ႏွစ္စဥ္ေၾကး တစ္ႏွစ္စာအျဖစ္ ၁၂ ဘီးကား တစ္စီးလ်ွင္ က်ပ္ (၁၂) သိန္း ေကာက္ခံခ့ဲေၾကာင္း သိရသည္။

အဆိုပါ လမ္းပိုင္း မူဆယ္ၿမိဳ႕ႏွင့္ တံုေလာေက်းရြာၾကားတြင္လည္း ေအာက္တိုဘာလ (၇) ရက္ႏွင့္ (၈) ရက္ေန႔မ်ားက လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕က ေမာ္ေတာ္ယာဥ္မ်ားအား ေငြေၾကးေတာင္းခံမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

သက္ဆိုင္ရာ နယ္ေျမရဲစခန္းမ်ားတြင္ လက္နက္ကိုင္အဖြဲ႕မ်ားမွ ေငြေၾကးေတာင္းခံေၾကာင္းကို တုိင္ၾကားသူ မရိွေၾကာင္း  ရဲစခန္းမ်ားမွ သိရၿပီး ေငြေၾကး ေကာက္ခံျခင္းႏွင့္ ပက္သက္၍ မတိုင္ၾကားရဲ၍ျဖစ္ေၾကာင္း အဆိုပါလမ္းပိုင္းတြင္ ကားေမာင္းသူမ်ားထံမွ သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားနေသည့် ကားများအား လက်နက်ကိုင် အဖွဲ့များက နှစ်စဉ်ငွေတောင်းခံမှုများအား ကြုံနေရသော်လည်း နယ်မြေခံရဲတပ်ဖွဲ့နှင့် တပ်မတော်မှ ကူညီပေးနိုင်ခြင်း မရှိသေးဟု ဒေသခံ ကားမောင်းသမားများထံမှ သိရသည်။

“နီးရာဓားကို ကြောက်ရတာပဲလေ။ တရားမဝင်ဘူးဆိုတာ သိပေမဲ့ မပေးပဲနေလိုက်ရင် ကိုယ်တွေပဲခံရမှာ။ လက်သည်တောင်ပေါ်မှာ မဟုတ်ဘူး” ဟု မန္တလေး-မူဆယ်ကုန်တင်ကား အုံနာတစ်ဦးက ပြောသည်။

ပြည်ထောင်စုလမ်းမကြီးမှ ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဉ်များ အပါအဝင် မော်တော်ယာဉ်များအား စစ်တပ် မဟုတ်သည့် လက်နက်ကိုင်အဖွဲ့များက ငွေကြေးတောင်းခံခြင်းကို နှစ်စဉ် ကြုံနေရကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များထံမှ သိရသည်။

“ဒီနားတဝိုက်ရယ် လိုင်းပေါ်ရှိတဲ့ ကားသမားရယ်၊ ဖရဲသီး လာတင်တဲ့ ကားသမားတွေ အားလုံး သိပါတယ်။ မေးကြည့်ပါ။ ဒီမှာနှစ်တိုင်း သွင်းနေရတယ်” ဟု အမည် မဖော်လိုသူ ဒရိုင်ဘာတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမ သီပေါမြို့နယ် နားမခေါ်ကျေးရွာအနီး၌ အောက်တိုဘာလ (၁၄) ရက်နေ့က လက်နက်ကိုင်အဖွဲ့တစ်ခုက ကုန်တင်ကားများအား နှစ်စဉ်ကြေး တစ်နှစ်စာအဖြစ် ၁၂ ဘီးကား တစ်စီးလျှင် ကျပ် (၁၂) သိန်း ကောက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်း မူဆယ်မြို့နှင့် တုံလောကျေးရွာကြားတွင်လည်း အောက်တိုဘာလ (၇) ရက်နှင့် (၈) ရက်နေ့များက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မော်တော်ယာဉ်များအား ငွေကြေးတောင်းခံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာ နယ်မြေရဲစခန်းများတွင် လက်နက်ကိုင်အဖွဲ့များမှ ငွေကြေးတောင်းခံကြောင်းကို တိုင်ကြားသူ မရှိကြောင်း ရဲစခန်းများမှ သိရပြီး ငွေကြေး ကောက်ခံခြင်းနှင့် ပက်သက်၍ မတိုင်ကြားရဲ၍ဖြစ်ကြောင်း အဆိုပါလမ်းပိုင်းတွင် ကားမောင်းသူများထံမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~