တာချီလိတ် စည်ပင်၏ မြို့တွင်းရေပေးဝေရေးစနစ် (၄)ရက် ခေတ္တ ရပ်ဆိုင်းထား

တာချီလိတ် စည်ပင်၏ မြို့တွင်းရေပေးဝေရေးစနစ် (၄)ရက် ခေတ္တ ရပ်ဆိုင်းထား
အောကျတိုဘာ 12, 2016
By Tachileik News Agency

အောက်တိုဘာလ(၁၂)ရက်နေ့ အကူးတွင် မိုးသည်းစွာ ရွာသွန်းမှုများနှင့်အတူ တောင်ကျရေကြောင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ ရေယူသံပိုက် ပျက်စီးသွား၍ တာချီလိတ်မြို့တွင်း ရေပေးဝေမှုကို (၄)ရက် ခေတ္တရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့ရေပေးဝေနေလျှက်ရှိသော ၁၀" ရေယူသံပိုက်သည် အောက်တိုဘာလ(၁၂)ရက်နေ့ အကူးတွင် မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် ရေတိုက်စား၍ မြေပြိုမှုဖြစ်ပေါ်ခဲ့ရာမှ ထိခိုက်ပျက်စီးသွားသည့်အတွက် ပြန်လည်ပြုပြင်ရန် နှင့် တဆက်တည်းမှာပင် နမ့်ဖလောက်ရေကာတာအတွင်းရှိ ရွှံ့၊နှုန်းနှင့် အမှိုက်များအား ဆယ်ယူရှင်းလင်းမည်ဖြစ်သည့်အတွက် မြို့ရေပေးဝေမှုအား အောက်တိုဘာလ(၁၂)ရက်နေ့မှ အောက်တိုဘာလ(၁၅)ရက်နေ့အထိ ခေတ္တရပ်ဆိုင်းထားမှာ ဖြစ်ပြီး လုပ်ငန်းပြီးစီးပါက ပြန်လည်၍ ဖြန့်ဖြူးပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဖြန့်ဖြူးပေးသော ရေများကို တာချီလိတ်မြို့တွင်း ရပ်ကွက်များ ဖြစ်သည့် ပုန်းထွန်ရပ်ကွက်၊ ၀မ်ကောင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်နှင့် ဆန်ဆိုင်း(ခ)ရှိ ၀န်ထမ်းအိမ်ရာတို့မှ အဓိက အားထား အသုံးပြုနေခြင်း ဖြစ်ပြီး ကျန်ရှိသည့် နေအိမ်များမှာ ကိုယ်ပိုင်ရေတွင်းများ တူး၍ အသုံးပြုခြင်း ဖြစ်ကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
အောက်တိုဘာလ(၁၂)ရက်နေ့ အကူးတွင် မိုးသည်းစွာ ရွာသွန်းမှုများနှင့်အတူ တောင်ကျရေကြောင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ ရေယူသံပိုက် ပျက်စီးသွား၍ တာချီလိတ်မြို့တွင်း ရေပေးေဝမှုကို (၄)ရက် ခေတ္တရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့ရေပေးေဝနေလျှက်ရှိသော ၁၀" ရေယူသံပိုက်သည် အောက်တိုဘာလ(၁၂)ရက်နေ့ အကူးတွင် မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် ရေတိုက်စား၍ မြပြေိုမှုဖြစ်ပေါ်ခဲ့ရာမှ ထိခိုက်ပျက်စီးသွားသည့်အတွက် ပြန်လည်ပြုပြင်ရန် နှင့် တဆက်တည်းမှာပင် နမ့်ဖလောက်ရေကာတာအတွင်းရှိ ရွှံ့၊နှုန်းနှင့် အမှိုက်များအား ဆယ်ယူရှင်းလင်းမည်ဖြစ်သည့်အတွက် မြို့ရေပေးေဝမှုအား အောက်တိုဘာလ(၁၂)ရက်နေ့မှ အောက်တိုဘာလ(၁၅)ရက်နေ့အထိ ခေတ္တရပ်ဆိုင်းထားမှာ ဖြစ်ပြီး လုပ်ငန်းပြီးစီးပါက ပြန်လည်၍ ဖြန့်ဖြူးပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဖြန့်ဖြူးပေးသော ရေများကို တာချီလိတ်မြို့တွင်း ရပ်ကွက်များ ဖြစ်သည့် ပုန်းထွန်ရပ်ကွက်၊ ဝမ်ကောင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်နှင့် ဆန်ဆိုင်း(ခ)ရှိ ဝန်ထမ်းအိမ်ရာတို့မှ အဓိက အားထား အသုံးပြုနခြေင်း ဖြစ်ပြီး ကျန်ရှိသည့် နေအိမ်များမှာ ကိုယ်ပိုင်ရေတွင်းများ တူး၍ အသုံးပြုခြင်း ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~