လားဟူတိုင်းရင်းသား တောင်သူများ စိုက်ပျိုးနည်းစနစ်သစ်များလေ့လာရေးအတွက် တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ပေး

လားဟူတိုင်းရင်းသား တောင်သူများ စိုက်ပျိုးနည်းစနစ်သစ်များလေ့လာရေးအတွက် တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ပေး
အောကျတိုဘာ 10, 2016
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနက လားဟူတိုင်းရင်းသား တောင်သူ (၄၀) ဦးအား စိုက်ပျိုးနည်းစနစ်သစ် အသုံးပြု စိုက်ခင်းများ၊ သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းများ အပါအဝင် စိုက်ပျိုးနည်းစနစ်များ လေ့လာနိုင်ရန် ဆောင်ရွက်ပေးကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင်ဦး၊ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးလှဝင်း အပါအဝင် စိုက်ပျိုးရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနများမှလိုက်ပါသည့် အဆိုပါလေ့လာရေးအဖွဲ့သည် အောက်တိုဘာလ (၇) ရက်က တာလေမြို့မှ ပျိုးသက်နုစိုက်နည်းသုံး စပါးစိုက်ခင်း၊ သဘာဝ မြေသြဇာပြုလုပ်ပုံ၊ တာချီလိတ်မြို့မှ ဆင်းဧကရီ(၃) စံပြစပါးစိုက်ခင်း၊ ပါလျှံဥယျာဉ်ခြံရှိ ဟင်းသီးဟင်းရွက် စိုက်ခင်း၊ ရာဘာမျိုးစေ့ပျိုးထောင်၊ ကိုင်းကူး၊ အစေးခြစ်နည်းပညာများ၊ ဖန်မင်ကျေးရွာအုပ်စုမှ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံများသို့ သွားရောက်လေ့လာကြကြောင်း သိရသည်။

လာရောက်လေ့လာသူများက မိမိတို့ဒေသတွင် နည်းစနစ်များ ပြန်လည်မျှဝေကြမည်ဖြစ်ကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနက လားဟူတိုင်းရင်းသား တောင်သူ (၄၀) ဦးအား စိုက်ပျိုးနည်းစနစ်သစ် အသုံးပြု စိုက်ခင်းများ၊ သဘာဝမြသြေဇာ ပြုလုပ်သုံးစွဲနည်းများ အပါအဝင် စိုက်ပျိုးနည်းစနစ်များ လေ့လာနိုင်ရန် ဆောင်ရွက်ပေးကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင်ဦး၊ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးလှဝင်း အပါအဝင် စိုက်ပျိုးရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနများမှလိုက်ပါသည့် အဆိုပါလေ့လာရေးအဖွဲ့သည် အောက်တိုဘာလ (၇) ရက်က တာလမြေို့မှ ပျိုးသက်နုစိုက်နည်းသုံး စပါးစိုက်ခင်း၊ သဘာဝ မြသြေဇာပြုလုပ်ပုံ၊ တာချီလိတ်မြို့မှ ဆင်းဧကရီ(၃) စံပြစပါးစိုက်ခင်း၊ ပါလျှံဥယျာဉ်ခြံရှိ ဟင်းသီးဟင်းရွက် စိုက်ခင်း၊ ရာဘာမျိုးစေ့ပျိုးထောင်၊ ကိုင်းကူး၊ အစေးခြစ်နည်းပညာများ၊ ဖန်မင်ကျေးရွာအုပ်စုမှ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံများသို့ သွားရောက်လေ့လာကြကြောင်း သိရသည်။

လာရောက်လေ့လာသူများက မိမိတို့ဒေသတွင် နည်းစနစ်များ ပြန်လည်မျှဝကြေမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~