ျပည္နယ္တြင္း သတၱဳအသင္းမ်ားအနက္ ရွမ္းေရွ႕အသင္းက ပြင့္လင္းျမင္သာမႈ ေရွ႕ကနည္းနည္းေျပးေနဟု မွတ္ခ်က္ျပဳ

ျပည္နယ္တြင္း သတၱဳအသင္းမ်ားအနက္ ရွမ္းေရွ႕အသင္းက ပြင့္လင္းျမင္သာမႈ ေရွ႕ကနည္းနည္းေျပးေနဟု မွတ္ခ်က္ျပဳ
အောက်တိုဘာ 7, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္းရိွ သတၱဳလုပ္ငန္းရွင္မ်ားအသင္း (၃)ခုအနက္ ပြင့္လင္းျမင္သာမႈအပိုင္းတြင္ ေရွ႕ေျပးျဖစ္ေနသည့္အတြက္ က်န္အသင္းမ်ား နမူနာယူသင့္သည္ဟု ရွမ္းျပည္နယ္ သယံဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီးက ေျပာၾကားလိုက္သည္။

"ရွမ္းျပည္နယ္ထဲမွာ သတၱဳလုပ္ငန္းရွင္မ်ားအသင္း(၃)ခုရိွပါတယ္။ အဲဒီထဲမွာေတာ့ ရွမ္း(အေရွ ့) သတၱဳလုပ္ငန္းရွင္ အသင္းက ပြင့္လင္းျမင္သာမႈအပိုင္းမွာ ေရွ ့ကနည္းနည္းေလး ေျပးေနပါတယ္။"ဟု ရွမ္းျပည္နယ္ သယံဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး၀န္ႀကီး ေဒါက္တာညီညီေအာင္က ေျပာသည္။

အဆိုပါအသင္း အေနျဖင့္ လုပ္ငန္းေဆာင္ရြက္ရာတြင္ ပြင့္လင္းျမင္သာမႈ ရိွရုံသာမက စည္းစနစ္က်မႈလည္း ရိွသည္ဟု ၎က မွတ္ခ်က္ျပဳသည္။

ရွမ္း(အေရွ ့) သတၱဳလုပ္ငန္းရွင္မ်ားအသင္း ႏွစ္ပတ္လည္အသင္းသားစုံညီပြဲ ႏွင့္ အလုပ္အမႈေဆာင္သစ္ ျပန္လည္ေရြးခ်ယ္ပြဲကို ေအာက္တိုဘာလ (၅) ရက္က တာခ်ီလိတ္ၿမိဳ႕တြင္ က်င္းပျခင္းျဖစ္သည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)သတၱဴလုပ္ငန္းရွင္မ်ားအသင္း၏ အလုပ္အမႈေဆာင္သစ္ ေရြးခ်ယ္ရာတြင္  ဥကၠဌ အျဖစ္ ဦးျမင့္ဦး(မုတ္ဆိတ္)၊ ဒုတိယဥကၠဌ(၁)အျဖစ္ ဦးေအာင္ခင္၊ ဒုတိယဥကၠဌ(၂)အျဖစ္ ဦးေက်ာ္လင္း ႏွင့္ အေထြေထြအတြင္းေရးမွဴး အျဖစ္ ဦးထြန္း၀င္း ႏွင့္ တြဲဘက္အေထြေထြ အတြင္းေရးမွဴးအျဖစ္ ဦးတင္ထြန္းႏိုင္တို႔အား  ေအာက္တိုဘာလ (၅)ရက္ေန႔က မဲစနစ္ျဖင့္ အတည္ျပဳေရြးခ်ယ္ခဲ့ၾကျခင္း ျဖစ္သည္။

ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) သတၱဳလုပ္ငန္းရွင္မ်ားအသင္း၏ လက္ေအာက္တြင္ အသင္း၀င္ကုမၸဏီေပါင္း (၉၉)ခုရိွေနၿပီး ေရႊ၊ မင္းဂနီးစ္ႏွင့္ ခဲမျဖဴထုတ္လုပ္ခြင့္ လုပ္ကြက္ေပါင္း(၅၀)၊ ေလွ်ာက္ထားဆဲ လုပ္ကြက္ေပါင္း (၄၃)ခုႏွင့္ စမ္းသပ္တိုင္းတာဆဲ လုပ္ကြက္(၄)ခုတို ့ကို လုပ္ကိုင္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်းရှိ သတ္တုလုပ်ငန်းရှင်များအသင်း (၃)ခုအနက် ပွင့်လင်းမြင်သာမှုအပိုင်းတွင် ရှေ့ပြေးဖြစ်နေသည့်အတွက် ကျန်အသင်းများ နမူနာယူသင့်သည်ဟု ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပြောကြားလိုက်သည်။

"ရှမ်းပြည်နယ်ထဲမှာ သတ္တုလုပ်ငန်းရှင်များအသင်း(၃)ခုရှိပါတယ်။ အဲဒီထဲမှာတော့ ရှမ်း(အရှေ့) သတ္တုလုပ်ငန်းရှင် အသင်းက ပွင့်လင်းမြင်သာမှုအပိုင်းမှာ ရှေ့ကနည်းနည်းလေး ပြေးနေပါတယ်။"ဟု ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က ပြောသည်။

အဆိုပါအသင်း အနဖြေင့် လုပ်ငန်းဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု ရှိရုံသာမက စည်းစနစ်ကျမှုလည်း ရှိသည်ဟု၎င်းက မှတ်ချက်ပြုသည်။

ရှမ်း(အရှေ့) သတ္တုလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အသင်းသားစုံညီပွဲ နှင့် အလုပ်အမှုဆောင်သစ် ပြန်လည်ရွေးချယ်ပွဲကို အောက်တိုဘာလ (၅) ရက်က တာချီလိတ်မြို့တွင် ကျင်းပခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတ္တူလုပ်ငန်းရှင်များအသင်း၏ အလုပ်အမှုဆောင်သစ် ရွေးချယ်ရာတွင် ဥက္ကဌ အဖြစ် ဦးမြင့်ဦး(မုတ်ဆိတ်)၊ ဒုတိယဥက္ကဌ(၁)အဖြစ် ဦးအောင်ခင်၊ ဒုတိယဥက္ကဌ(၂)အဖြစ် ဦးကျော်လင်း နှင့် အထွေထွေအတွင်းရေးမှူး အဖြစ် ဦးထွန်းဝင်း နှင့် တွဲဘက်အထွေထွေ အတွင်းရေးမှူးအဖြစ် ဦးတင်ထွန်းနိုင်တို့အား အောက်တိုဘာလ (၅)ရက်နေ့က မဲစနစ်ဖြင့် အတည်ပြုရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း၏ လက်အောက်တွင် အသင်းဝင်ကုမ္ပဏီပေါင်း (၉၉)ခုရှိနပြေီး ရွှေ၊ မင်းဂနီးစ်နှင့် ခဲမဖြူထုတ်လုပ်ခွင့် လုပ်ကွက်ပေါင်း(၅၀)၊ လျှောက်ထားဆဲ လုပ်ကွက်ပေါင်း (၄၃)ခုနှင့် စမ်းသပ်တိုင်းတာဆဲ လုပ်ကွက်(၄)ခုတို့ကို လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~