ဝမ်းတွင်းမြို့နယ်ထွက် ဆေးကုလားမကို ထိုင်း၊ အိန္ဒိယနှင့် တရုတ်ဝယ်လက်များ သဘောကျ

ဝမ်းတွင်းမြို့နယ်ထွက် ဆေးကုလားမကို ထိုင်း၊ အိန္ဒိယနှင့် တရုတ်ဝယ်လက်များ သဘောကျ
အောကျတိုဘာ 9, 2016
By Tachileik News Agency

မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ်အတွင်း ဆေးကုလားမ(ခေါ်)လျှော်ဖြူပင်မှ ထုတ်လုပ်သော အစေးအား ထိုင်း၊ အိန္ဒိယနှင့် တရုတ်နိုင်ငံများမှ ဝယ်လက်များ လာရောက်ဝယ်ယူနေကြောင်း သိရသည်။



လက်ရှိတွင် ဆေးကုလားမ တစ်ပိဿလျှင် ကျပ်(၂)သိန်းခွဲမှ (၃)သိန်းဝန်းကျင်ဈေးရှိနေပြီး လျှော်ဖြူပင်များမှ ခြောက်လတစ်ကြိမ် အစေးထုတ်ယူ၍ ရကြောင်း သိရသည်။

လျှော်ဖြူပင်မှ ထွက်ရှိသော ဆေးကုလားမခေါ် အစေးများအား တာချီလိတ်၊ မြ၀တီလမ်းကြောင်းများမှ ထိုင်းနိုင်ငံသို့ တင်ပို့ပြီး တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသို့လည်း တင်ပို့နေကာ ၀မ်းတွင်းမြို့နယ်အတွင်း လျှော်ဖြူပင် စိုက်ဧက(၁၀၀၀)ကျော်ခန့်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုလင်း



~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်း ဆေးကုလားမ(ခေါ်)လျှော်ဖြူပင်မှ ထုတ်လုပ်သော အစေးအား ထိုင်း၊ အိနိ္ဒယနှင့် တရုတ်နိုင်ငံများမှ ဝယ်လက်များ လာရောက်ဝယ်ယူနေကြောင်း သိရသည်။

"ဆေးကုလားမလို့ ခေါ်ကြတာများမယ်။ အပင်ကတော့ လျှော်ဖြူပင်ပေါ့။ အပင်ကထွက်တဲ့အစေးကို ယူတာ။ အဓိကတော့ အစားအသောက် လုပ်တဲ့နေရာမှာ သုံးတာများတယ်။ ဖာလူဒါတို့ ဂျယ်လီမုန့်တို့ အအေးတို့ လုပ်တဲ့နေရာမှာ သုံးတယ်။ အပင်ရဲ့ သက်တမ်း(၃)နှစ်ဆိုရင် အစေးထုတ်ယူလို့ရပြီ။ အစေးစထုတ်နိုင်တာနဲ့ စိုက်ပျိုးစားရိတ် အရင်းလည်း ကျေတယ်"ဟု လျှော်ဖြူပင်စိုက်ပျိုးထားရှိသော ရိုးစုံရွာမှ ကိုသန်းလွင်က ပြောသည်။

ဂျပန်နိုင်ငံတွင် ဆေးကုလားမအား အစားအသောက်အပြင် ကားမှန်များ ပြုလုပ်ရာ၌လည်း အသုံးပြုကာ တရုတ်ဆိုင်ကယ်ကုမ္ပဏီ Kenbo ကလည်း ဆိုင်ကယ်ကာဘာနှင့် ဒူးကာများပြုလုပ်ရာတွင် အသုံးပြုသဖြင့် အဝယ်များခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဆေးကုလားမ တစ်ပိဿလျှင် ကျပ်(၂)သိန်းခွဲမှ (၃)သိန်းဝန်းကျင်ဈေးရှိနပြေီး လျှော်ဖြူပင်များမှ ခြောက်လတစ်ကြိမ် အစေးထုတ်ယူ၍ ရကြောင်း သိရသည်။

လျှော်ဖြူပင်မှ ထွက်ရှိသော ဆေးကုလားမခေါ် အစေးများအား တာချီလိတ်၊ မြဝတီလမ်းကြောင်းများမှ ထိုင်းနိုင်ငံသို့ တင်ပို့ပြီး တရုတ်နိုင်ငံနှင့် အိနိ္ဒယနိုင်ငံသို့လည်း တင်ပို့နေကာ ဝမ်းတွင်းမြို့နယ်အတွင်း လျှော်ဖြူပင် စိုက်ဧက(၁၀၀၀)ကျော်ခန့်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~