မတရားအသင္းမွ ပယ္ဖ်က္ထားျပီးျဖစ္၍ ရင္းႏွီးစြာ ဆက္သြယ္ရန္ လဲခ်ားၿမိဳ႕ေဒသခံလူထုႏွင့္ေတြ႔ဆံုပြဲတြင္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS/SSA)တိုက္တြန္း

မတရားအသင္းမွ ပယ္ဖ်က္ထားျပီးျဖစ္၍ ရင္းႏွီးစြာ ဆက္သြယ္ရန္ လဲခ်ားၿမိဳ႕ေဒသခံလူထုႏွင့္ေတြ႔ဆံုပြဲတြင္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS/SSA)တိုက္တြန္း
အောက်တိုဘာ 3, 2016
By Tachileik News Agency

ရွမ္းျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ၊ ရွမ္းျပည္တပ္မေတာ္ (RCSS/SSA)ကို ႏိုင္ငံေတာ္အစိုးရက မတရားအသင္း ဆက္သြယ္မႈဆုိင္ရာ ဥပေဒပုဒ္မ ၁၇ (၁)/(၂)တို႔အား ပယ္ဖ်က္ေပးထားသည့္အတြက္ ေဒသခံမ်ားအေနျဖင့္ ပြင့္လင္းရင္းႏွီးစြာ ေျပာဆို ဆက္သြယ္ႏိုင္ေၾကာင္း RCSS/SSA ၏ ခိုလမ္ၿမိဳ႕ ဆက္ဆံေရးရံုးတာဝန္ခံ ဗုိလ္မွဴးေတ၀ိင္က လဲခ်ားၿမိဳ႕လူထုကို ေျပာၾကားလုိက္သည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း လဲခ်ားၿမိဳ႕ အမွတ္ (၁) ရပ္ကြက္ ေဖာင္ေတာ္ဦးဘုန္းႀကီးေက်ာင္း ဓမၼာရံုတြင္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS/SSA)မွ ဗိုလ္မွဴးႀကီးစိုင္းတာဦးႏွင့္ ဒုဗုိလ္မွဴးႀကီးစုိင္းငင္းအပါအဝင္ (၈)ဦးပါသည့္အဖြဲ႕သည္ ေအာက္တိုဘာလ (၂) ရက္က ေဒသခံလူထုႏွင့္ ေတြ႔ဆံုပြဲျပဳလုပ္ျခင္းျဖစ္သည္။

အဆိုပါ ေတြ႕ဆံုပြဲတြင္ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS/SSA)က လက္ရိွက်င့္သံုးေနသည့္ မူဝါဒမ်ား၊ ဒီမိုကေရစီႏွင့္ တုိင္းရင္းသား စည္းလံုးညီညြတ္ေရး၊ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား အေၾကာင္း ရွင္းလင္းေျပာၾကားေၾကာင္းသိရသည္။

ယင္းေတြ႕ဆံုပြဲသို႔ လဲခ်ားၿမိဳ႕မွ SNLD ပါတီ ဥကၠဌ ဦးစိုင္းဥကၠာ အပါအဝင္ လဲခ်ားၿမိဳ႕ေဒသခံ (၈၀)ဦး၊ ပင္လံုမွ (၂၁)ဦး၊ ခိုလမ္မွ (၆)ဦး၊ မိုင္းကိုင္မွ (၆)ဦး၊ ေက်းသီးမွ (၁၀)ဦး၊ မိုင္းေနာင္မွ  (၁၆)ဦးႏွင့္ မိုင္းရႈးၿမိဳ႕မွ (၃)ဦး စုစုေပါင္း (၁၄၂) ဦး တက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း - #ဟံႏိုင္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA)ကို နိုင်ငံတော်အစိုးရက မတရားအသင်း ဆက်သွယ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၇ (၁)/(၂)တို့အား ပယ်ဖျက်ပေးထားသည့်အတွက် ဒေသခံများအနဖြေင့် ပွင့်လင်းရင်းနှီးစွာ ပြောဆို ဆက်သွယ်နိုင်ကြောင်း RCSS/SSA၏ ခိုလမ်မြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးတေဝိင်က လဲချားမြို့လူထုကို ပြောကြားလိုက်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့ အမှတ် (၁) ရပ်ကွက် ဖောင်တော်ဦးဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှ ဗိုလ်မှူးကြီးစိုင်းတာဦးနှင့် ဒုဗိုလ်မှူးကြီးစိုင်းငင်းအပါအဝင် (၈)ဦးပါသည့်အဖွဲ့သည် အောက်တိုဘာလ (၂) ရက်က ဒေသခံလူထုနှင့် တွေ့ဆုံပွဲပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)က လက်ရှိကျင့်သုံးနေသည့် မူဝါဒများ၊ ဒီမိုကရေစီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကြောင်း ရှင်းလင်းပြောကြားကြောင်းသိရသည်။

ယင်းတွေ့ဆုံပွဲသို့ လဲချားမြို့မှ SNLD ပါတီ ဥက္ကဌ ဦးစိုင်းဥက္ကာ အပါအဝင် လဲချားမြို့ဒေသခံ (၈၀)ဦး၊ ပင်လုံမှ (၂၁)ဦး၊ ခိုလမ်မှ (၆)ဦး၊ မိုင်းကိုင်မှ (၆)ဦး၊ ကျေးသီးမှ (၁၀)ဦး၊ မိုင်းနောင်မှ (၁၆)ဦးနှင့် မိုင်းရှုးမြို့မှ (၃)ဦး စုစုပေါင်း (၁၄၂) ဦး တက်ရောက်ကြကြောင်း သိရသည်။

သတင်း - #ဟံနိုင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~