ၿမိတ္ၿမိဳ႕တြင္ ျပည္သူပိုင္ပစၥည္းမ်ား မၾကာခဏဖ်က္ဆီး ခံေနရ

ၿမိတ္ၿမိဳ႕တြင္ ျပည္သူပိုင္ပစၥည္းမ်ား မၾကာခဏဖ်က္ဆီး ခံေနရ
အောက်တိုဘာ 20, 2016
By Tachileik News Agency

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕ေလဆိပ္အနီးရွိ ႀတိဂံပံုစံ ( ၾကက္လ်ွာစြန္း )ပန္းၿခံအား ေအာက္တိုဘာလ (၁၉) ရက္က လူတခ်ိဳ႕လာေရာက္ ဖ်က္ဆီးသြားေၾကာင္း ၿမိတ္ၿမိဳ႕ခံမ်ားထံမွ သိရသည္။

“လက္ရွိေတာ့ ဘယ္သူဘယ္၀ါ လာေရာက္ ဖ်က္ဆီးသြားတယ္ဆိုတာကို မသိရေသးပါဘူး။ ကြ်န္ေတာ္တုိ႔လည္း ရွာေဖြ စံုစမ္းေနပါတယ္။ အခုလိုမ်ိဳး ျပည္သူပိုင္ပစၥည္းမ်ားကို ရည္ရြယ္ခ်က္ရွိရွိနဲ႕ လာေရာက္ ဖ်က္ဆီးသြားတာကိုေတာ႔ ထိေရာက္တဲ႔ ဥပေဒနဲ႕ အေရးယူႏိုင္ဖို႔ ျပဳလုပ္သြားပါမယ္”ဟု ၿမိတ္စည္ပင္သာယာေရးအဖြဲ႕ရံုးမွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

ၿမိတ္ၿမိဳ႕နယ္တြင္ ျပည္သူပိုင္ပစၥည္းမ်ားကို ဖ်က္ဆီးမႈမ်ား မၾကာခဏ ျဖစ္ေပၚေနေၾကာင္း ၿမိတ္ၿမိဳ႕နယ္ ရဲစခန္းရံုးမွ တာ၀န္ရွိသူတစ္ဦးထံမွ သိရသည္။

အဆိုပါ ႀတိဂံပံုစံပန္းၿခံကို ယခင္က ျပည္သူမ်ား အပန္းေျဖအနားယူႏိုင္ရန္ ဖြင္႔လွစ္ေပးထားခဲ႔ေသာ္လည္း လူငယ္တခ်ိဳ႕က အရက္ေသစာ ေသာက္စားမွဳမ်ား ျပဳလုပ္သျဖင့္ လြန္ခဲ့သည့္ (၂) ႏွစ္၀န္းက်င္က သံဇကာၿခံစည္းရိုးခတ္၍ အလွဆင္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ေဇာ္ေဇာ္(ၿမိတ္)


~~~~~~~~⊰❂ unicode ~~~~~~~~

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့လေဆိပ်အနီးရှိ တြိဂံပုံစံ ( ကြက်လျှာစွန်း )ပန်းခြံအား အောက်တိုဘာလ (၁၉) ရက်က လူတချို့လာရောက် ဖျက်ဆီးသွားကြောင်း မြိတ်မြို့ခံများထံမှ သိရသည်။

“လက်ရှိတော့ ဘယ်သူဘယ်ဝါ လာရောက် ဖျက်ဆီးသွားတယ်ဆိုတာကို မသိရသေးပါဘူး။ ကျွန်တော်တို့လည်း ရှာဖွေ စုံစမ်းနေပါတယ်။ အခုလိုမျိုး ပြည်သူပိုင်ပစ္စည်းများကို ရည်ရွယ်ချက်ရှိရှိနဲ့ လာရောက် ဖျက်ဆီးသွားတာကိုတော့ ထိရောက်တဲ့ ဥပဒေနဲ့ အရေးယူနိုင်ဖို့ ပြုလုပ်သွားပါမယ်”ဟု မြိတ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြိတ်မြို့နယ်တွင် ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးမှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း မြိတ်မြို့နယ် ရဲစခန်းရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါ တြိဂံပုံစံပန်းခြံကို ယခင်က ပြည်သူများ အပန်းဖြေအနားယူနိုင်ရန် ဖွင့်လှစ်ပေးထားခဲ့သော်လည်း လူငယ်တချို့က အရက်သေစာ သောက်စားမှုများ ပြုလုပ်သဖြင့် လွန်ခဲ့သည့် (၂) နှစ်ဝန်းကျင်က သံဇကာခြံစည်းရိုးခတ်၍ အလှဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇော်ဇော်(မြိတ်)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~