မိုင္းတံုၿမိဳ႕ ေနာင္ပါရင္ - ရြာသစ္ ေက်းရြာခ်င္းဆက္လမ္းေက်ာက္ေခ်ာလမ္းခင္းရန္ က်ပ္ ၅၅ သန္းသံုးစြဲမည္

မိုင္းတံုၿမိဳ႕ ေနာင္ပါရင္ - ရြာသစ္ ေက်းရြာခ်င္းဆက္လမ္းေက်ာက္ေခ်ာလမ္းခင္းရန္ က်ပ္ ၅၅ သန္းသံုးစြဲမည္
အောက်တိုဘာ 19, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခရိုင္၊ မိုင္းတံုၿမိဳ႕နယ္ရွိ ေနာင္ပါရင္ - ရြာသစ္ ေက်းရြာခ်င္းဆက္လမ္း (၀/၅.၅)မိုင္အား က်ပ္(၅၅ . ၁၃၅) သန္း ကုန္က်မည့္ ေက်ာက္ေခ်ာလမ္းခင္းျခင္းေဆာင္ရြက္ရန္ Power Earth Co.,Ltd က တင္ဒါရသြားေၾကာင္း သိရသည္။

"ေျမသားလမ္း(၁၈)ေပအက်ယ္နဲ႔ ေရနႈုတ္ေျမာင္းရယ္ Box Culvert တစ္စင္းရယ္ ေဆာင္ရြက္ၿပီးပါၿပီ။ လမ္းခင္းဖို႔ ေက်ာက္ထုတ္လုပ္ စုေဆာင္းေနဆဲပါ။ အလုပ္သမားအဖြဲ႕ေတြလည္း ေတာင္ႀကီးမွာ သြားေရာက္ေခၚယူေနပါၿပီ။ အခ်ိန္မီသတ္မွတ္ကာလအတြင္း ၿပီးစီးေအာင္ ေဆာင္ရြက္သြားမွာပါ"ဟု  Power Earth Co.,Ltdမွ မန္ေနဂ်င္းဒါ႐ုိက္တာ ဦးစိုင္းျမင့္ေအာင္က ေျပာသည္။

အဆိုပါ လမ္းအား ေက်းလက္ေဒသဖြ႔ံၿဖိဳးတိုးတက္ေရးဦးစီးဌာနက ၂၀၁၆ - ၂၀၁၇ဘ႑ာေရးႏွစ္အတြက္ ျပည္ေထာင္စုရန္ပုံေငြမွ ခြင့္ျပဳေပးခ့ၿဲပီး တင္ဒါေအာင္ျမင္သည့္ Power Earth Co.,Ltdသို႔ လုပ္ငန္းအပ္ႏွံထားေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေအာင္ေဇယ်

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ရှိ နောင်ပါရင် - ရွာသစ် ကျေးရွာချင်းဆက်လမ်း (ဝ/၅.၅)မိုင်အား ကျပ်(၅၅ . ၁၃၅) သန်း ကုန်ကျမည့် ကျောက်ချောလမ်းခင်းခြင်းဆောင်ရွက်ရန် Power Earth Co.,Ltd က တင်ဒါရသွားကြောင်း သိရသည်။

"မြေသားလမ်း(၁၈)ပေအကျယ်နဲ့ ရေနှုတ်မြောင်းရယ် Box Culvert တစ်စင်းရယ် ဆောင်ရွက်ပြီးပါပြီ။ လမ်းခင်းဖို့ ကျောက်ထုတ်လုပ် စုဆောင်းနေဆဲပါ။ အလုပ်သမားအဖွဲ့တွေလည်း တောင်ကြီးမှာ သွားရောက်ခေါ်ယူနေပါပြီ။ အချိန်မီသတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမှာပါ"ဟု Power Earth Co.,Ltdမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းမြင့်အောင်က ပြောသည်။

အဆိုပါ လမ်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၆ - ၂၀၁၇ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုရန်ပုံငွေမှ ခွင့်ပြုပေးခြဲ့ပီး တင်ဒါအောင်မြင်သည့် Power Earth Co.,Ltdသို့ လုပ်ငန်းအပ်နှံထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အောင်ဇေယျ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~