ေက်ာက္မဲ၌ ဆိုင္ကယ္စီးဦးထုပ္ မေဆာင္းသူမ်ားကို စုေပါင္းအဖြဲ႔ျဖင့္ ေရွာင္တခင္ စစ္ေဆး အေရးယူ

ေက်ာက္မဲ၌ ဆိုင္ကယ္စီးဦးထုပ္ မေဆာင္းသူမ်ားကို စုေပါင္းအဖြဲ႔ျဖင့္ ေရွာင္တခင္ စစ္ေဆး အေရးယူ
အောက်တိုဘာ 25, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕နယ္ ပင္လံုလမ္း ႏွင့္ သီရိမဂၤလာလမ္း လမ္းဆံုတြင္ ေအာက္တိုဘာလ(၂၅)ရက္ေန႔ နံနက္(၉)နာရီခြဲ၀န္းက်င္က ၿမိဳ႕နယ္ပူးေပါင္းအဖြဲ႔မွ ဆိုင္ကယ္စီး ဦးထုပ္မေဆာင္းသူမ်ားအား ေရွာင္တခင္ ဖမ္းဆီး စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

"ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၊ ကညန၊ မီးသတ္၊ ယာဥ္ထိန္းရဲ၊ ပို႔/ဆက္ ပါတဲ့အဖြဲ႕ေပါ့၊ အဓိကက ဆိုင္ကယ္စီးဦးထုပ္ မေဆာင္းသူေတြကို ဖမ္းတာပါပဲ မနက္ (၉)နာရီခြဲကေန စဖမ္းေနတာ အခု အစီး(၃၀)ေလာက္ေတာ့ရွိၿပီ"ဟု ဖမ္းဆီေရး အဖြဲ႕တြင္ ပါဝင္သည့္ ကညန အရာရွိတစ္ဦးက ေျပာသည္။

တစ္ၿမိဳ႕လံုး အတိုင္းအတာျဖင့္ ယေန႔အတြက္ တစ္ေနရာတည္းတြင္သာ ေရွာင္တခင္ဖမ္းဆီးျခင္းျဖစ္ၿပီး ဒဏ္ေၾကးပမာဏကို အတိအက်မသိရေသးေၾကာင္း ၎ကေျပာသည္။

"ဆိုင္ကယ္စီးၿပီး ဆိုင္ကယ္ဦးထုပ္မေဆာင္းရင္ က်ပ္ ၃၀,၀၀၀ လို႔ ၾကားတယ္၊ မိရင္ ဆိုင္ကယ္ကို ထိန္းသိမ္းၿပီး လူေတြကိုေတာ့ ေလွ်ာက္လႊာေရးျဖည့္ၿပီး တရားရံုးမွာ ဒဏ္ေငြ ေဆာင္ရတယ္လို႔ေျပာတယ္"ဟု ၿမိဳ႕ခံတစ္ဦးျဖစ္သူ ကိုၿဖဳိးက ေျပာသည္။

သတင္း/ဓာတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ပင်လုံလမ်း နှင့် သီရိမင်္ဂလာလမ်း လမ်းဆုံတွင် အောက်တိုဘာလ(၂၅)ရက်နေ့ နံနက်(၉)နာရီခွဲဝန်းကျင်က မြို့နယ်ပူးပေါင်းအဖွဲ့မှ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူများအား ရှောင်တခင် ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

"မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကညန၊ မီးသတ်၊ ယာဉ်ထိန်းရဲ၊ ပို့/ဆက် ပါတဲ့အဖွဲ့ပေါ့၊ အဓိကက ဆိုင်ကယ်စီးဦးထုပ် မဆောင်းသူတွေကို ဖမ်းတာပါပဲ မနက် (၉)နာရီခွဲကနေ စဖမ်းနေတာ အခု အစီး(၃၀)လောက်တော့ရှိပြီ"ဟု ဖမ်းဆီရေး အဖွဲ့တွင် ပါဝင်သည့် ကညန အရာရှိတစ်ဦးက ပြောသည်။

တစ်မြို့လုံး အတိုင်းအတာဖြင့် ယနေ့အတွက် တစ်နေရာတည်းတွင်သာ ရှောင်တခင်ဖမ်းဆီးခြင်းဖြစ်ပြီး ဒဏ်ကြေးပမာဏကို အတိအကျမသိရသေးကြောင်း၎င်းကပြောသည်။

"ဆိုင်ကယ်စီးပြီး ဆိုင်ကယ်ဦးထုပ်မဆောင်းရင် ကျပ် ၃၀,ဝဝဝ လို့ ကြားတယ်၊ မိရင် ဆိုင်ကယ်ကို ထိန်းသိမ်းပြီး လူတွေကိုတော့ လျှောက်လွှာရေးဖြည့်ပြီး တရားရုံးမှာ ဒဏ်ငွေ ဆောင်ရတယ်လို့ပြောတယ်"ဟု မြို့ခံတစ်ဦးဖြစ်သူ ကိုဖြိုးက ပြောသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~