PNO မွ ခမ္းသာင၀္းဂ်ာနယ္ အေပၚ တရားစြဲဆိုထားမႈ ေအာက္တိုဘာလ(၁၁)ရက္ေန႔တြင္ အၿပီးသတ္ အမိန္႔ခ်မည္

PNO မွ ခမ္းသာင၀္းဂ်ာနယ္ အေပၚ တရားစြဲဆိုထားမႈ ေအာက္တိုဘာလ(၁၁)ရက္ေန႔တြင္ အၿပီးသတ္ အမိန္႔ခ်မည္
အောက်တိုဘာ 10, 2016
By Tachileik News Agency

ပအို၀္အမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO)မွ အေသေရဖ်က္မႈႏွင့္ တရားစြဲဆိုထားေသာ ခမ္းသာင၀္းဂ်ာနယ္အား ေအာက္တိုဘာလ (၁၁)ရက္ေန႔တြင္ အၿပီးသတ္ အမိန္႔ခ်မွတ္မည္ျဖစ္ေၾကာင္း သိရသည္။

ခမ္းသာင၀္းဂ်ာနယ္မွာ ပအို၀့္ဘာသာျဖင့္ ထုတ္ေ၀သည့္ တိုင္းရင္းသားမီဒီယာတစ္ခုျဖစ္ၿပီး ပအို၀့္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO)မွ ေဒသခံမ်ားထံမွ အလွဴေငြႏွင့္ လကၻက္ေျခာက္မ်ားကို  PNO ၏ တံဆိပ္ပါသည့္ စာျဖင့္ လိုက္လံေကာက္ခံမႈအေပၚ ေဆာင္းပါးေရးသား ထုတ္ေ၀ခဲ့သည့္အတြက္ ပုဒ္မ(၅၀၀)ျဖင့္ တရားစြဲဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တရားစြဲဆိုမႈေၾကာင့္ ရံုးခ်ိန္းေပါင္း (၃၇)ႀကိမ္ တက္ေရာက္၍ တရားရင္ဆိုင္ခဲ့ရၿပီး၊ ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၃)ရက္ေန႔တြင္ အၿပီးသတ္အမိန္႔ခ်မည္ဟု တရားရံုးမွ ထုတ္ျပန္ခဲ့ေသာ္လည္း အမိန္႔ခ်မွတ္ရန္ ရက္ေရႊ႕ဆိုင္းခဲ့ရာမွ  ေအာက္တိုဘာလ (၁၁)ရက္ေန႔တြင္ အၿပီးသတ္အမိန္႔ခ်မွတ္ရန္ တရားရံုး ထပ္မံခ်ိန္းဆိုထားျခင္း ျဖစ္ေၾကာင္း သိရသည္။

တရားစြဲဆိုခံထားရသူမ်ားမွာ ခမ္းသာင၀္းဂ်ာနယ္မွ အယ္ဒီတာခ်ဳပ္အပါအ၀င္ အယ္ဒီတာတစ္ဦးအား တရားစြဲဆိုထားျခင္းျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ပအိုဝ်အမျိုးသားအဖွဲ့ချုပ်(PNO)မှ အသေရေဖျက်မှုနှင့် တရားစွဲဆိုထားသော ခမ်းသာငဝ်းဂျာနယ်အား အောက်တိုဘာလ (၁၁)ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

ခမ်းသာငဝ်းဂျာနယ်မှာ ပအိုဝ့်ဘာသာဖြင့် ထုတေ်ဝသည့် တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီး ပအိုဝ့်အမျိုးသားအဖွဲ့ချုပ် (PNO)မှ ဒေသခံများထံမှ အလှူငွေနှင့် လက္ဘက်ခြောက်များကို PNO၏ တံဆိပ်ပါသည့် စာဖြင့် လိုက်လံကောက်ခံမှုအပေါ် ဆောင်းပါးရေးသား ထုတေ်ဝခဲ့သည့်အတွက် ပုဒ်မ(၅၀၀)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားစွဲဆိုမှုကြောင့် ရုံးချိန်းပေါင်း (၃၇)ကြိမ် တက်ရောက်၍ တရားရင်ဆိုင်ခဲ့ရပြီး၊ ပြီးခဲ့သည့် အောက်တိုဘာလ (၃)ရက်နေ့တွင် အပြီးသတ်အမိန့်ချမည်ဟု တရားရုံးမှ ထုတ်ပြန်ခဲ့သော်လည်း အမိန့်ချမှတ်ရန် ရက်ရွှေ့ဆိုင်းခဲ့ရာမှ အောက်တိုဘာလ (၁၁)ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ရန် တရားရုံး ထပ်မံချိန်းဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။

တရားစွဲဆိုခံထားရသူများမှာ ခမ်းသာငဝ်းဂျာနယ်မှ အယ်ဒီတာချုပ်အပါအဝင် အယ်ဒီတာတစ်ဦးအား တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~