မီးေဘးကာကြယ္ေရးအတြက္ နမ့္စန္ၿမိဳ႕မသုသာန္ရွင္းလင္းေရးႏွင့္ မီးတားလမ္း လုပ္ေဆာင္

မီးေဘးကာကြယ္ေရးအတြက္ နမ့္စန္ၿမိဳ႕မသုသာန္ရွင္းလင္းေရးႏွင့္ မီးတားလမ္း လုပ္ေဆာင္
အောက်တိုဘာ 23, 2016
By Tachileik News Agency

မီးေဘးအနၱရာယ္ကင္း႐ွင္းေရးအတြက္ နမ့္စန္ၿမိဳ႕မသုသာန္အတြင္း ၿခဳံႏြယ္မ်ား႐ွင္းလင္းျခင္းႏွင့္ မီးတားလမ္းလုပ္ေဆာင္ျခင္းတို႔ကို နမ့္စန္ၿမိဳ႕ ေမတၱာ႐ွင္(အခမဲ့)နာေရးကူညီမႈအသင္းမွ လုပ္ေဆာင္ေနေၾကာင္းသိရသည္။

"အခုလုိျခံဳႏြယ္ေတြ ႐ွင္းလင္းရတာ သုသာန္လည္း သန္႔႐ွင္းသြားေအာင္၊ သုသာန္နားမွာ႐ွိတဲ့ လူေနအိမ္ေတြလည္း မီးေဘးကင္းေအာင္ မီးတားလမ္းေတြ ေဖာက္တယ္။ လုိအပ္တဲ့ ေျမထုိးစက္ကုိ လယ္ယာစုိက္ပ်ိဳးေရးနဲ႔ ဆည္ေျမာင္၀န္ႀကီးဌာန (စက္မႈ၊သီးႏွံ)က အခမဲ့ကူညီၿပီး ျခံဳႏြယ္ေတြကုိ လာေရာက္႐ွင္းလင္းေပးတယ္။ စက္မ၀င္ႏုိင္တဲ့ေနရာေတြကုိေတာ့ လူအားနဲ႔ပဲ ႐ွင္းလင္းတယ္”ဟု သန္႔႐ွင္းေရးလာေရာက္လုပ္ေဆာင္ေနသည့္ ကုိမ်ိဳးေဇယ်ဦးက ေျပာသည္။

သုသာန္အတြင္း ၿခဳံႏြယ္မ်ား႐ွင္းလင္းျခင္းအား နမ့္စန္ၿမိဳ႕ ေမတၱာ႐ွင္(အခမဲ့)နာေရးကူညီမႈအသင္းက မုိးရာသီကုန္ဆုံးခ်ိန္မ်ားတြင္ ႏွစ္စဥ္လုပ္ေဆာင္ေပးေနေၾကာင္းသိရသည္။

သတင္း/ဓါတ္ပံု - သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~
မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် နမ့်စန်မြို့မသုသာန်အတွင်း ခြုံနွယ်များရှင်းလင်းခြင်းနှင့် မီးတားလမ်းလုပ်ဆောင်ခြင်းတို့ကို နမ့်စန်မြို့ မေတ္တာရှင်(အခမဲ့)နာရေးကူညီမှုအသင်းမှ လုပ်ဆောင်နေကြောင်းသိရသည်။

"အခုလိုခြုံနွယ်တွေ ရှင်းလင်းရတာ သုသာန်လည်း သန့်ရှင်းသွားအောင်၊ သုသာန်နားမှာရှိတဲ့ လူနေအိမ်တွေလည်း မီးဘေးကင်းအောင် မီးတားလမ်းတွေ ဖောက်တယ်။ လိုအပ်တဲ့ မြေထိုးစက်ကို လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်ဝန်ကြီးဌာန (စက်မှု၊သီးနှံ)က အခမဲ့ကူညီပြီး ခြုံနွယ်တွေကို လာရောက်ရှင်းလင်းပေးတယ်။ စက်မဝင်နိုင်တဲ့နေရာတွေကိုတော့ လူအားနဲ့ပဲ ရှင်းလင်းတယ်”ဟု သန့်ရှင်းရေးလာရောက်လုပ်ဆောင်နေသည့် ကိုမျိုးဇေယျဦးက ပြောသည်။

သုသာန်အတွင်း ခြုံနွယ်များရှင်းလင်းခြင်းအား နမ့်စန်မြို့ မေတ္တာရှင်(အခမဲ့)နာရေးကူညီမှုအသင်းက မိုးရာသီကုန်ဆုံးချိန်များတွင် နှစ်စဉ်လုပ်ဆောင်ပေးနေကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - သန်းစိုးအောင် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~