တိုင္းရင္းသားစည္းလံုး ညီညြတ္မႈ မၿပိဳကြဲေရးအတြက္ နမ့္ခမ္းတြင္ ဆႏၵထုတ္ေဖၚ

တိုင္းရင္းသားစည္းလံုး ညီညြတ္မႈ မၿပိဳကြဲေရးအတြက္ နမ့္ခမ္းတြင္ ဆႏၵထုတ္ေဖၚ
အောက်တိုဘာ 27, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္ခမ္းၿမိဳ႕တြင္ တုိင္းရင္းသားစည္းလံုးညီညြတ္မႈမၿပိဳကြဲေရးအတြက္ ဆႏၵထုတ္ေဖၚမႈကို ေဒသခံအင္အား (၅၀၀)ေက်ာ္ျဖင့္ ေအာက္တိုဘာလ (၂၇)ရက္တြင္ ျပဳလုပ္ေနေၾကာင္း သိရသည္။

 “အဓိကဆႏၵျပရတာကေတာ့ တိုင္းရင္းသားအခ်င္းခ်င္း စည္းလံုးညီညြတ္မႈမျပိဳကြဲေရး၊ ႏိုင္ငံေတာ္ဘ႑ာ အလြဲသံုးစားမႈ ပေပ်ာက္ေရးေပါ့ဗ်ာ။ သက္ဆိုင္ရာ အာဏာပိုင္ေတြဆီကေန ခြင့္ျပဳခ်က္ရထားၿပီးမွ ဆႏၵျပတာပါ”ဟု နမ့္ခမ္းသွ်မ္းစာေပႏွင့္ ယဥ္ေက်းမႈရံုး ဒုဥကၠဌ ဦးစိုင္းထြန္းေအးက ေျပာသည္။

အဆိုပါ ဆႏၵထုတ္ေဖၚသူမ်ားသည္ သ်ွမ္းစာေပယာဥ္ေက်းမႈရံုးမွ အင္အား (၅၀၀) ျဖင့္ စတင္ကာ ျပည္ေထာင္စုလမ္းမႀကီးအတိုင္း ထြက္ခြာလာသည့္တေလွ်ာက္ ေဒသခံမ်ားက ပူးေပါင္းမႈရိွေၾကာင္း သိရသည္။

“မီးပြိဳင့္ကိုေက်ာ္ ဟိုဘက္ ရပ္ကြက္ထိေပါ့။ အဲဒီကေန ရံုးအထိျပန္ေကြ႕လာမွာပါ။ ျပည္သူလူထု လာပူးေပါင္းတာေတြလည္း ပါေတာ့ အင္အားက အတိအက်ေျပာလို႔ မရေတာ့ဘူးဗ်။ စတာကေတာ့ ၅၀၀ ကေနစတာပါ”ဟု ဒုဥကၠဌ ဦးစိုင္းထြန္းေအးက Tachileik News Agencyသို႔ ေျပာသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - Mwe Noon


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးအတွက် ဆန္ဒထုတ်ဖော်မှုကို ဒေသခံအင်အား (၅၀၀)ကျော်ဖြင့် အောက်တိုဘာလ (၂၇)ရက်တွင် ပြုလုပ်နေကြောင်း သိရသည်။

 “အဓိကဆန္ဒပြရတာကတော့ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ နိုင်ငံတော်ဘဏ္ဍာ အလွဲသုံးစားမှု ပပျောက်ရေးပေါ့ဗျာ။ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကနေ ခွင့်ပြုချက်ရထားပြီးမှ ဆန္ဒပြတာပါ”ဟု နမ့်ခမ်းသျှမ်းစာပေနှင့် ယဉ်ကျေးမှုရုံး ဒုဥက္ကဌ ဦးစိုင်းထွန်းအေးက ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်သူများသည် သျှမ်းစာပေယာဉ်ကျေးမှုရုံးမှ အင်အား (၅၀၀) ဖြင့် စတင်ကာ ပြည်ထောင်စုလမ်းမကြီးအတိုင်း ထွက်ခွာလာသည့်တလျှောက် ဒေသခံများက ပူးပေါင်းမှုရှိကြောင်း သိရသည်။

“မီးပွိုင့်ကိုကျော် ဟိုဘက် ရပ်ကွက်ထိပေါ့။ အဲဒီကနေ ရုံးအထိပြန်ကွေ့လာမှာပါ။ ပြည်သူလူထု လာပူးပေါင်းတာတွေလည်း ပါတော့ အင်အားက အတိအကျပြောလို့ မရတော့ဘူးဗျ။ စတာကတော့ ၅၀၀ ကနေစတာပါ”ဟု ဒုဥက္ကဌ ဦးစိုင်းထွန်းအေးက Tachileik News Agencyသို့ ပြောသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Mwe Noon

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~