ၿမိတ္တြင္ က်ဳေတာအတြင္း စြန္႔ပစ္ခံရသည့္ ေမြးကင္းစကေလးအား ေစာင့္ေရွာက္ကယ္တင္ထား

ၿမိတ္တြင္ က်ဳေတာအတြင္း စြန္႔ပစ္ခံရသည့္ ေမြးကင္းစကေလးအား ေစာင့္ေရွာက္ကယ္တင္ထား
အောက်တိုဘာ 4, 2016
By Tachileik News Agency

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕နယ္၊ သမုတ္ေက်းရြာအုပ္စု ေရတကူေက်းရြာ၏ ရြာအျပင္ဘက္ရွိ က်ဴေတာတြင္ စြန္႔ပစ္ခံရသည့္ ေမြးကင္းစကေလးငယ္အား ေဆးကုသေစာင့္ေရွာက္မႈေပးထားေၾကာင္း သိရသည္။

ဦးေခါင္းတြင္ ကုတ္ျခစ္ဒဏ္ရာမ်ားျဖင့္ ပါးစပ္အတြင္း အမွိဳက္မ်ားဆို႔ေနသည့္ ကေလးငယ္အား ဆာလာအိတ္အတြင္း ၾကြပ္ၾကြပ္အိတ္ျဖင္႔ထုပ္၍ သမုတ္ရြာ အျပင္ဘက္ မီးရထားလမ္းေဟာင္း က်ဴေတာထဲတြင္ ေအာက္တိုဘာလ (၁) ရက္ေန႔က စြန္႔ပစ္ထားသည္ကို ငွက္ပစ္သည့္ ကေလးငယ္မ်ားႏွင့္ ရာဘာခ်က္ အလုပ္သမားမ်ားက ေတြ႔ရိွသျဖင့္ သက္ဆိုင္ရာေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင္႔ ရဲစခန္းသို႔ အေၾကာင္းၾကားကာ အပ္ႏွံခဲ႔ျခင္းျဖစ္ေၾကာင္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးထိန္လင္းအင္ထံမွ သိရသည္။

လက္ရွိတြင္ အဆိုပါကေလးအား မိခင္ႏွင့္ ကေလးေစာင္႔ေရွာက္ေရးအဖြဲ႔က ေဆးကုသေပးကာ က်န္းမားေနၿပီး စြန္႔ပစ္ခဲ့သည့္ မိခင္ျဖစ္သူအား အေရးယူႏုိင္ရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ေဇာ္ေဇာ္(ၿမိတ္)



~~~~~~~~⊰❂ unicode ~~~~~~~~

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ သမုတ်ကျေးရွာအုပ်စု ရေတကူကျေးရွာ၏ ရွာအပြင်ဘက်ရှိ ကျူတောတွင် စွန့်ပစ်ခံရသည့် မွေးကင်းစကလေးငယ်အား ဆေးကုသစောင့်ရှောက်မှုပေးထားကြောင်း သိရသည်။

ဦးခေါင်းတွင် ကုတ်ခြစ်ဒဏ်ရာများဖြင့် ပါးစပ်အတွင်း အမှိုက်များဆို့နေသည့် ကလေးငယ်အား ဆာလာအိတ်အတွင်း ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်၍ သမုတ်ရွာ အပြင်ဘက် မီးရထားလမ်းဟောင်း ကျူတောထဲတွင် အောက်တိုဘာလ (၁) ရက်နေ့က စွန့်ပစ်ထားသည်ကို ငှက်ပစ်သည့် ကလေးငယ်များနှင့် ရာဘာချက် အလုပ်သမားများက တွေ့ရှိသဖြင့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းသို့ အကြောင်းကြားကာ အပ်နှံခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထိန်လင်းအင်ထံမှ သိရသည်။

လက်ရှိတွင် အဆိုပါကလေးအား မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့က ဆေးကုသပေးကာ ကျန်းမားနပြေီး စွန့်ပစ်ခဲ့သည့် မိခင်ဖြစ်သူအား အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဇော်ဇော်(မြိတ်) 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~