လောင်းကစားဒိုင်များကို မြိတ်မြို့၌ ရှောင်တခင် ဖမ်းဆီးအရေးယူမည်

လောင်းကစားဒိုင်များကို မြိတ်မြို့၌ ရှောင်တခင် ဖမ်းဆီးအရေးယူမည်
အောကျတိုဘာ 15, 2016
By Tachileik News Agency



သတင်း - ဇော်ဇော်(မြိတ်)

~~~~~~~~⊰❂ unicode ~~~~~~~~

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်း လောင်းကစားဒိုင်များနှင့် ဘောလုံးပွဲ ဒိုင်များကို ကွင်းဆင်း စစ်ဆေးကာ ရှောင်တခင် ဖမ်းဆီး အရေးယူမှုများ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ရပ်ကျေးအုပ်ချုပ်ရေမှူးများထံ သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။

မြိတ်မြို့ပေါ်တွင် လောင်းကစားဒိုင်များနှင့် ဘောလုံးပွဲဒိုင်များ ပြုလုပ်နေကြောင်း သတင်းပျံ့နှံ့နေသဖြင့် ယင်းကဲ့သို့ လုပ်ဆောင်ရန် ညွှန်ကြားလိုက်ခြင်း ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

သတင်း - ဇော်ဇော်(မြိတ်) 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~