လုပ္ငန္းခြင္အတြင္း အမ်ိဳးသမီးမ်ားကို မဖြယ္မရာျပဳလုပ္သည့္ တရုတ္ႏုိင္ငံသားအား လဝကဥပေဒျဖင့္ပါ အမႈဖြင့္ထား

လုပ္ငန္းခြင္အတြင္း အမ်ိဳးသမီးမ်ားကို မဖြယ္မရာျပဳလုပ္သည့္ တရုတ္ႏုိင္ငံသားအား လဝကဥပေဒျဖင့္ပါ အမႈဖြင့္ထား
အောက်တိုဘာ 7, 2016
By Tachileik News Agency

လုပ္ငန္းခြင္အတြင္း အမ်ိဳးသမီးမ်ားအား မဖြယ္မရာ ျပဳလုပ္မႈျဖင့္ တိုင္တန္းခံရသည့္ ၿမိတ္ၿမိဳ႕မွ ႀကိမ္သီးလုပ္ငန္း လုပ္ကိုင္ေနသည့္ တရုတ္ႏုိင္ငံသားမွာ  လုပ္ငန္းလုပ္ကိုင္ခြင့္ လိုင္စင္မရိွသည္ကို စိစစ္ေတြ႔ရိွရ၍ လူဝင္မႈႀကီးၾကပ္ေရးဥပေဒအရ အေရးယူရန္ တိုင္ၾကားလုိက္ေၾကာင္း သိရသည္။

“လုပ္ငန္းခြင္မွာ အမ်ိဳးသမီးေတြကို ကာအိေျႏၵပ်က္ျပားေအာင္လုပ္တယ္။ ဖုန္းထဲက ညစ္ညမ္း ဗီဒီဖိုင္ေတြကို ျပတယ္ဆိုၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမွာ လာတိုင္တာပါ” ဟု ကလြင္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး  ဦးရန္ႏိုင္စိုးက ဆိုသည္။

တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ၿမိဳ႕နယ္၊ ကလြင္ေက်းရြာအုပ္စု တကၠသိုလ္ရပ္ကြက္၊ တကၠသိုလ္ရိပ္သာ (၄) လမ္းရွိ ဦးတင္ထြန္း၏ ေနအိမ္တြင္ လာေရာက္ ငွားရမ္းေနထိုင္သူ အသက္(၃၄)ႏွစ္ရွိ တရုတ္ႏိုင္ငံသား Mr. ZHANG QUAN (ဇန္ကၽြန္း(ခ)တာေကာ)သည္ ႀကိမ္သီးပုတီးလုပ္ငန္းခြင္တြင္ အမ်ိဳးသမီး (၁၃) ဦးကို ခန္႔ထားျခင္း ျဖစ္ေၾကာင္း လုပ္ငန္းခြင္မွ အမ်ိဳးသမီးတစ္ဦးျဖစ္သူ မထက္ထက္ထံမွ သိရသည္။

အဆိုပါ တ႐ုတ္ႏိုင္ငံသားအား ဥပေဒအရ အေရးယူေပးပါရန္ မထက္ထက္က တိုင္တန္းလာသျဖင့္ ၿမိတ္ၿမိဳ႕မ ရဲစခန္းတြင္ ေအာက္တုိဘာလ (၆) ရက္ေန႔က (ပ)၁၇၈၂/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၅၄/၂၉၂(က)ျဖင့္ အမႈဖြင့္လွစ္ထားျခင္းျဖစ္ၿပီး အဆိုပါ တ႐ုတ္ႏိုင္ငံသားအား ၿမိတ္ၿမိဳ႕နယ္လဝကဦးစီးမွဴး ဦးစိုးႏိုင္လြင္က စစ္ေဆးရာ ၎သည္ လုပ္ငန္းဗီဇာျဖင့္ ၿမိတ္ၿမိဳ႕သို႔ လာေရာက္ေနထိုင္ျခင္းေသာ္လည္း လုပ္ငန္းလုပ္ကိုင္ခြင့္ လိုင္စင္မ႐ွိျခင္း၊ သက္ဆိုင္ရာဌာနသို႔ သတင္းပို႔ရန္ ပ်က္ကြက္ျခင္းတို႔ေၾကာင့္ ၁၉၄၇ခုႏွစ္၊ ျမန္မာႏိုင္ငံ လူဝင္မႈႀကီးၾကပ္ေရး (လတ္တေလာျပဌာန္းခ်က္မ်ား) အက္ဥပေဒပုဒ္မ ၄(၂)ကို က်ဴးလြန္၍ ယင္းအက္ဥပေဒ ပုဒ္မ ၁၃(၁)အရ အေရးယူေပးပါရန္လဝကဦးစီးမွဴး ဦးစိုးႏိုင္လြင္က တိုင္ၾကားသျဖင့္ ၿမိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၇၈၃/၂၀၁၆၊လဝကအက္ ဥပေဒပုဒ္မ ၁၃(၁)အရအမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာ္ေဇာ္(ၿမိတ္)

~~~~~~~~⊰❂ unicode ~~~~~~~~

လုပ်ငန်းခွင်အတွင်း အမျိုးသမီးများအား မဖွယ်မရာ ပြုလုပ်မှုဖြင့် တိုင်တန်းခံရသည့် မြိတ်မြို့မှ ကြိမ်သီးလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားမှာ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်မရှိသည်ကို စိစစ်တွေ့ရှိရ၍ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူရန် တိုင်ကြားလိုက်ကြောင်း သိရသည်။

“လုပ်ငန်းခွင်မှာ အမျိုးသမီးတွေကို ကာအိန္ဒပျြေက်ပြားအောင်လုပ်တယ်။ ဖုန်းထဲက ညစ်ညမ်း ဗီဒီဖိုင်တွေကို ပြတယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လာတိုင်တာပါ” ဟု ကလွင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု တက္ကသိုလ်ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာ (၄) လမ်းရှိ ဦးတင်ထွန်း၏ နေအိမ်တွင် လာရောက် ငှါးရမ်းနေထိုင်သူ အသက်(၃၄)နှစ်ရှိ တရုတ်နိုင်ငံသား Mr. ZHANG QUAN (ဇန်ကျွန်း(ခ)တာကော)သည် ကြိမ်သီးပုတီးလုပ်ငန်းခွင်တွင် အမျိုးသမီး (၁၃) ဦးကို ခန့်ထားခြင်း ဖြစ်ကြောင်း လုပ်ငန်းခွင်မှ အမျိုးသမီးတစ်ဦးဖြစ်သူ မထက်ထက်ထံမှ သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားအား ဥပဒေအရ အရေးယူပေးပါရန် မထက်ထက်က တိုင်တန်းလာသဖြင့် မြိတ်မြို့မ ရဲစခန်းတွင် အောက်တိုဘာလ (၆) ရက်နေ့က (ပ)၁၇၈၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၅၄/၂၉၂(က)ဖြင့် အမှုဖွင့်လှစ်ထားခြင်းဖြစ်ပြီး အဆိုပါ တရုတ်နိုင်ငံသားအား မြိတ်မြို့နယ်လဝကဦးစီးမှူး ဦးစိုးနိုင်လွင်က စစ်ဆေးရာ၎င်းသည် လုပ်ငန်းဗီဇာဖြင့် မြိတ်မြို့သို့ လာရောက်နေထိုင်ခြင်းသော်လည်း လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်မရှိခြင်း၊ သက်ဆိုင်ရာဌာနသို့ သတင်းပို့ရန် ပျက်ကွက်ခြင်းတို့ကြောင့် ၁၉၄၇ခုနှစ်၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၄(၂)ကို ကျူးလွန်၍ ယင်းအက်ဥပဒေ ပုဒ်မ ၁၃(၁)အရ အရေးယူပေးပါရန်လဝကဦးစီးမှူး ဦးစိုးနိုင်လွင်က တိုင်ကြားသဖြင့် မြိတ်မြို့မရဲစခန်းတွင် (ပ)၁၇၈၃/၂၀၁၆၊လဝကအက် ဥပဒေပုဒ်မ ၁၃(၁)အရအမှုဖွင့်လှစ်ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇော်ဇော်(မြိတ်)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~