ၿမိတ္စည္ပင္ေကာ္မတီ ဥကၠ႒အျဖစ္ ေစ်းေရဆိုးေျမာင္းႏွင့္ လမ္းျပင္ေပးမည္ဟု ကတိေပးသူ ေရြးခ်ယ္ခံရ

ၿမိတ္စည္ပင္ေကာ္မတီ ဥကၠ႒အျဖစ္ ေစ်းေရဆိုးေျမာင္းႏွင့္ လမ္းျပင္ေပးမည္ဟု ကတိေပးသူ ေရြးခ်ယ္ခံရ
အောက်တိုဘာ 3, 2016
By Tachileik News Agency

တနသၤာရီတိုင္းေဒသႀကီး ၊ ၿမိတ္ၿမိဳ႕နယ္စည္ပင္ေကာ္မတီ ဥကၠ႒ ေရြးခ်ယ္ပြဲတြင္ စည္ပင္နယ္နိမိတ္အတြင္း ေစ်းေရဆိုးေျမာင္းမ်ား ရွင္းလင္းျခင္းႏွင့္ ေပါက္ၿပဲလမ္းမ်ား ျပဳျပင္မည္ဟု ကတိေပးသည့္ ဦးျမတ္ကိုအား ေဒသခံမ်ားက ေရြးခ်ယ္လုိက္ေၾကာင္း သိရသည္။

“လူအမ်ားစုက ကိုယ့္ေဒသအတြက္ အမွန္တကယ္ လုပ္ေပးႏိုင္သူ ျဖစ္ႏိုင္တယ္လို႔ ယံုၾကည္ၾကတယ္။ သူကလည္း အေရြးခ်ယ္ခံရရင္ ၿမိဳ႕ေပၚက စည္ပင္သာယာေရး နယ္နိမိတ္အတြင္း ေစ်းေတြက ေရဆိုးေျမာင္းေတြကို ရွင္းလင္းမယ္။ ေစ်းအမိုးေတြျပင္မယ္။ ေပါက္ၿပဲေနတဲ့ လမ္းေတြ  ျပဳျပင္ေပးႏိုင္ေအာင္ ႀကိဳးစားသြားမယ္လို႔ ေျပာေတာ့ လူေတြက ယံုၾကည္ၿပီး ေရြးခ်ယ္ၾကတာ”ဟု အရပ္ဖက္အဖြဲ႕စည္းမွ ဦးေက်ာ္ႏိုင္က ဆိုသည္။

ၿမိတ္ၿမိဳ႕ စည္ပင္သာယာနယ္နိမိတ္အတြင္း ေစ်းႀကီးေလးခုမွ ေရဆိုးေျမာင္းမ်ားႏွင့္ လမ္းမေကာင္းသည့္ ဒဏ္ကို ေဒသခံမ်ားက ျပဳျပင္ေစလိုျခင္းျဖစ္ေၾကာင္း သိရသည္။

 “အႀကီးဆံုးေစ်းဆို ၿမိဳ႕လယ္ေခါင္မွာရိွတယ္။ ဒါေပမဲ့ ၿမိဳ႕အဂၤါရပ္နဲ႔ မညီဘူးျဖစ္ေနတယ္။ လူေတြက ေစ်းကို အဆင့္မီ ျဖစ္ေအာင္လုပ္ေစခ်င္ၾကတာ။ ဦးျမတ္ကိုကလည္း သူတာဝန္ယူရရင္ လုပ္ေပးႏုိင္တယ္ ေျပာတယ္”ဟု ၿမိတ္ေဒသခံတစ္ဦးက ဆိုသည္။

ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ေရြးခ်ယ္ပြဲကို ေအာက္တိုဘာလ (၂)ရက္ေန႔က  ၿမိတ္ခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနရံုးတြင္ က်င္းပရာ ၿမိတ္ၿမိဳ႕နယ္ေပၚရွိ ရပ္ကြက္ (၁၄)ခုမွ ရပ္/ေက်းအဆင့္ ကိုယ္စားလွယ္ (၄၁) ဦးအနက္ ေရြးခ်ယ္ခံကိုယ္စားလွယ္ (၁၁) ဦးထဲမွ ဆႏၵမဲအမ်ားဆုံးရသည့္ ဦးျမတ္ကိုအား ေရြးခ်ယ္လိုက္ျခင္းျဖစ္ေၾကာင္း တလိုင္စုရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းမင္းလွိဳင္ထံမွ သိရသည္။

ၿမိတ္ၿမိဳ႕နယ္ စည္ပင္ေကာ္မတီ ဥကၠ႒ ေရြးခ်ယ္ပြဲသို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ဌာနဆိုင္ရာ အသီးသီးကလည္း တက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာ္ေဇာ္(ၿမိတ္)

~~~~~~~~⊰❂ unicode ~~~~~~~~
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌ ရွေးချယ်ပွဲတွင် စည်ပင်နယ်နိမိတ်အတွင်း ဈေးရေဆိုးမြောင်းများ ရှင်းလင်းခြင်းနှင့် ပေါက်ပြဲလမ်းများ ပြုပြင်မည်ဟု ကတိပေးသည့် ဦးမြတ်ကိုအား ဒေသခံများက ရွေးချယ်လိုက်ကြောင်း သိရသည်။

“လူအများစုက ကိုယ့်ဒေသအတွက် အမှန်တကယ် လုပ်ပေးနိုင်သူ ဖြစ်နိုင်တယ်လို့ ယုံကြည်ကြတယ်။ သူကလည်း အရွေးချယ်ခံရရင် မြို့ပေါ်က စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဈေးတွေက ရေဆိုးမြောင်းတွေကို ရှင်းလင်းမယ်။ ဈေးအမိုးတွပြေင်မယ်။ ပေါက်ပြဲနေတဲ့ လမ်းတွေ ပြုပြင်ပေးနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောတော့ လူတွေက ယုံကြည်ပြီး ရွေးချယ်ကြတာ”ဟု အရပ်ဖက်အဖွဲ့စည်းမှ ဦးကျော်နိုင်က ဆိုသည်။

မြိတ်မြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း ဈေးကြီးလေးခုမှ ရေဆိုးမြောင်းများနှင့် လမ်းမကောင်းသည့် ဒဏ်ကို ဒေသခံများက ပြုပြင်စေလိုခြင်းဖြစ်ကြောင်း သိရသည်။

 “အကြီးဆုံးဈေးဆို မြို့လယ်ခေါင်မှာရှိတယ်။ ဒါပေမဲ့ မြို့အင်္ဂါရပ်နဲ့ မညီဘူးဖြစ်နေတယ်။ လူတွေက ဈေးကို အဆင့်မီ ဖြစ်အောင်လုပ်စေချင်ကြတာ။ ဦးမြတ်ကိုကလည်း သူတာဝန်ယူရရင် လုပ်ပေးနိုင်တယ် ပြောတယ်”ဟု မြိတ်ဒေသခံတစ်ဦးက ဆိုသည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ရွေးချယ်ပွဲကို အောက်တိုဘာလ (၂)ရက်နေ့က မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပရာ မြိတ်မြို့နယ်ပေါ်ရှိ ရပ်ကွက် (၁၄)ခုမှ ရပ်/ကျေးအဆင့် ကိုယ်စားလှယ် (၄၁) ဦးအနက် ရွေးချယ်ခံကိုယ်စားလှယ် (၁၁) ဦးထဲမှ ဆန္ဒမဲအများဆုံးရသည့် ဦးမြတ်ကိုအား ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း တလိုင်စုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလှိုင်ထံမှ သိရသည်။

မြိတ်မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌ ရွေးချယ်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အသီးသီးကလည်း တက်ရောက်ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇော်ဇော်(မြိတ်)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~