မိုင္းတံုတြင္ ျပည္ေထာင္စုလႊတ္ေတာ္ဖြ႔ံၿဖိဳးေရးရန္ပုံေငြအား ရပ္ေက်းလုပ္ငန္းေကာ္မတီမ်ားသို႔ေပးအပ္

မိုင္းတံုတြင္ ျပည္ေထာင္စုလႊတ္ေတာ္ဖြ႔ံၿဖိဳးေရးရန္ပုံေငြအား ရပ္ေက်းလုပ္ငန္းေကာ္မတီမ်ားသို႔ေပးအပ္
အောက်တိုဘာ 24, 2016
By Tachileik News Agency

႐ွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခ႐ုိင္၊ မိုင္းတံုၿမိဳ႕နယ္အတြင္း ဖြံ႔ၿဖိဳးေရးလုပ္ငန္းမ်ားလုပ္ေဆာင္ရန္ ျပည္ေထာင္စုလႊတ္ေတာ္ ရန္ပံုေငြက်ပ္သိန္းတစ္ေထာင္အား ရပ္ကြက္ေက်းရြာမ်ားအလိုက္ လုပ္ငန္း ေကာ္မတီမ်ားသုိ႔ ေအာက္တိုဘာလ (၂၄) ရက္တြင္ ခြဲေဝေပးလုိက္ေၾကာင္း သိရသည္။

"လုပ္ငန္းအားလံုး စံခ်ိန္စံၫႊန္းျပည့္မီေရး၊ လက္ရာေသသပ္ေကာင္းမြန္ေရး၊ ျပည္သူလူထုအေနနဲ႔ ပစၥည္းအင္အား၊ ေငြအင္အား၊ လုပ္အားမ်ားပါဝင္လုပ္ေဆာင္ ထိန္းသိမ္းေစာင့္ေ႐ွာက္ သြားၾကေစလိုပါတယ္။ လုပ္ငန္း မစတင္မီ၊ လုပ္ငန္းေဆာင္ရြက္ေနစဥ္၊ လုပ္ငန္းၿပီးစီးခ်ိန္ေတြကုိ မွတ္တမ္းဓာတ္ပုံမ်ားထားရိွေစလိုပါတယ္။ စာရင္းစစ္ခံႏိုင္ေရးအတြက္လည္း ျပင္ဆင္ထားေစခ်င္တယ္။ သက္ဆိုင္ရာ ဌာနဆိုင္ရာမ်ားကလည္း လုပ္ငန္းမ်ား အခ်ိန္မီၿပီးစီးျပီးအရည္အေသြးေကာင္းမြန္ေရး ဝုိင္းဝန္းေဆာင္ရြက္ေပးၾကပါ"ဟု မိုင္းတံုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဆန္းဝင္းက ေျပာသည္။

အဆိုပါက်ပ္သိန္းတစ္ေထာင္အား ႏွစ္ႀကိမ္ခြဲေဝခ်ထားေပးမည္ျဖစ္ၿပီး ခြင့္ျပဳရန္ပုံေငြမ်ားမွ ႏိုင္ငံေတာ္သို႔ လုပ္ငန္းခြန္ (၂) ရာခိုင္ႏႈန္း၊ အေထြေထြအသုံးစရိတ္မ်ားအတြက္ (၃) ရာခိုင္ႏႈန္းတို႔အား တစ္ပါတည္း ျဖတ္ေတာက္၍ က်န္ေငြအား လုပ္ငန္းေကာ္္မတီမ်ားသုိ႔ အျပည့္အဝထုတ္ေပးလိုက္ၿပီး လုပ္ငန္းမ်ားအား၂၀၁၇ ခုႏွစ္ မတ္လကုန္တြင္ အၿပီးေဆာင္ရြက္သြားရမည္ျဖစ္ေၾကာင္း သိရသည္။

“စနစ္တက်မွန္မွန္ကန္ကန္နဲ႔ ေဆာင္ရြက္တ့ဲလုပ္ငန္းေတြမွာ စံခ်ိန္စံၫႊန္းမီေအာင္ ေဆာင္ရြက္ၾကပါ။ လိုအပ္ခ်က္ရိွရင္လည္း ျပည္သူကထည့္ဝင္ေဆာင္ရြက္ၾကပါ။ မိမိေဒသမွာလုပ္ထားတ့ဲ ဖြ႔ံၿဖိဳးေရး လုပ္ငန္းေတြ တာ႐ွည္ၿမဲျမံေအာင္ဝုိင္းဝန္းထိန္းသိမ္းေပးၾကပါ။ ဌာနဆိုင္ရာမ်ားကလည္း ၾကပ္မတ္စစ္ေဆးေပးဖို႔ လိုအပ္ခ်က္ေတြ ပညာရပ္ဆိုင္ရာကအစ ပ့ံပုိးကူညီၾကေစလိုပါတယ္"ဟု ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေအာင္ေက်ာ္ဦးက ေျပာသည္။

အဆိုပါရန္ပံုေငြျဖင့္ ၿမိဳ႕နယ္တြင္းစိမ့္စမ္းေရသြယ္ယူသိုေလွာင္ေရးလုပ္ငန္း(၈)ခု၊ လမ္းတံတားလုပ္ငန္း (၁၈)ခုႏွင့္ ေဘာလံုးကြင္းတစ္ကြင္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

" ေငြစာရင္းမ်ား မွန္ကန္စြာ ေရးဆြဲေရး၊ ေဒသေစ်းႏွဳန္းအရ မွန္ကန္ေစေရး၊ ဓာတ္ပုံမွတ္တမ္းမ်ား ေဆာင္ရြက္ထားရွိျပီး စာရင္းစစ္ေဆးခံႏိုင္ေအာင္ ႀကိဳးစားေပးၾကပါ"ဟု ၿမိဳ႕နယ္စာရင္းစစ္ အရာရိွက ေျပာၾကားသည္။

ၿမိဳ႕နယ္လုပ္ငန္းႀကီးၾကပ္မႈေကာ္မတီကို ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္၊ ျပည္နယ္လႊတ္ေတာ္ ကုိယ္စားလွယ္ႏွစ္ဦး၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ ၿမိဳ႕နယ္ေက်းလက္ဦးစီးအရာရိွ၊ ၿမိဳ႕နယ္စည္ပင္သာယာေရး အမႈေဆာင္အရာရိွ၊ ရပ္မိရပ္ဖကုိယ္စားလွယ္မ်ား ပါဝင္ ဖြ႔ဲစည္းထားေၾကာင္း သိရသည္။

သတင္း - ေအာင္ေဇယ်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရန် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေကျပ်သိန်းတစ်ထောင်အား ရပ်ကွက်ကျေးရွာများအလိုက် လုပ်ငန်း ကော်မတီများသို့ အောက်တိုဘာလ (၂၄) ရက်တွင် ခွဲဝေပေးလိုက်ကြောင်း သိရသည်။

"လုပ်ငန်းအားလုံး စံချိန်စံညွှန်းပြည့်မီရေး၊ လက်ရာသေသပ်ကောင်းမွန်ရေး၊ ပြည်သူလူထုအနေနဲ့ ပစ္စည်းအင်အား၊ ငွေအင်အား၊ လုပ်အားများပါဝင်လုပ်ဆောင် ထိန်းသိမ်းစောင့်ရှောက် သွားကြစေလိုပါတယ်။ လုပ်ငန်း မစတင်မီ၊ လုပ်ငန်းဆောင်ရွက်နေစဉ်၊ လုပ်ငန်းပြီးစီးချိန်တွေကို မှတ်တမ်းဓာတ်ပုံများထားရှိစေလိုပါတယ်။ စာရင်းစစ်ခံနိုင်ရေးအတွက်လည်း ပြင်ဆင်ထားစေချင်တယ်။ သက်ဆိုင်ရာ ဌာနဆိုင်ရာများကလည်း လုပ်ငန်းများ အချိန်မီပြီးစီးပြီးအရည်အသွေးကောင်းမွန်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြပါ"ဟု မိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဆန်းဝင်းက ပြောသည်။

အဆိုပါကျပ်သိန်းတစ်ထောင်အား နှစ်ကြိမ်ခွဲဝေချထားပေးမည်ဖြစ်ပြီး ခွင့်ပြုရန်ပုံငွေများမှ နိုင်ငံတော်သို့ လုပ်ငန်းခွန် (၂) ရာခိုင်နှုန်း၊ အထွေထွေအသုံးစရိတ်များအတွက် (၃) ရာခိုင်နှုန်းတို့အား တစ်ပါတည်း ဖြတ်တောက်၍ ကျန်ငွေအား လုပ်ငန်းကော်မတီများသို့ အပြည့်အဝထုတ်ပေးလိုက်ပြီး လုပ်ငန်းများအား၂၀၁၇ ခုနှစ် မတ်လကုန်တွင် အပြီးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

“စနစ်တကျမှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်တဲ့လုပ်ငန်းတွေမှာ စံချိန်စံညွှန်းမီအောင် ဆောင်ရွက်ကြပါ။ လိုအပ်ချက်ရှိရင်လည်း ပြည်သူကထည့်ဝင်ဆောင်ရွက်ကြပါ။ မိမိဒေသမှာလုပ်ထားတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ တာရှည်မြဲမြံအောင်ဝိုင်းဝန်းထိန်းသိမ်းပေးကြပါ။ ဌာနဆိုင်ရာများကလည်း ကြပ်မတ်စစ်ဆေးပေးဖို့ လိုအပ်ချက်တွေ ပညာရပ်ဆိုင်ရာကအစ ပံ့ပိုးကူညီကြစေလိုပါတယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦးက ပြောသည်။

အဆိုပါရန်ပုံငွဖြေင့် မြို့နယ်တွင်းစိမ့်စမ်းရေသွယ်ယူသိုလှောင်ရေးလုပ်ငန်း(၈)ခု၊ လမ်းတံတားလုပ်ငန်း (၁၈)ခုနှင့် ဘောလုံးကွင်းတစ်ကွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

" ငွေစာရင်းများ မှန်ကန်စွာ ရေးဆွဲရေး၊ ဒေသဈေးနှုန်းအရ မှန်ကန်စေရေး၊ ဓာတ်ပုံမှတ်တမ်းများ ဆောင်ရွက်ထားရှိပြီး စာရင်းစစ်ဆေးခံနိုင်အောင် ကြိုးစားပေးကြပါ"ဟု မြို့နယ်စာရင်းစစ် အရာရှိက ပြောကြားသည်။

မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျေးလက်ဦးစီးအရာရှိ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ၊ ရပ်မိရပ်ဖကိုယ်စားလှယ်များ ပါဝင် ဖွဲ့စည်းထားကြောင်း သိရသည်။

သတင်း - အောင်ဇေယျ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~