မိုင္းတံု၌ အသက္ (၈၀)အထက္ ဘိုးဘြားမ်ားအား ပူေဇာ္ကန္ေတာ့ျခင္းႏွင့္ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ေဆာင္

မိုင္းတံု၌ အသက္ (၈၀)အထက္ ဘိုးဘြားမ်ားအား ပူေဇာ္ကန္ေတာ့ျခင္းႏွင့္ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ေဆာင္
အောက်တိုဘာ 1, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ မိုင္းဆတ္ခရိုင္၊ မိုင္းတံုၿမိဳ႕နယ္တြင္ ေအာက္တိုဘာလ (၁)ရက္ေန႔ နံနက္ပိုင္းက က်င္းပသည့္ ဘိုးဘြားပူေဇာ္ကန္ေတာ့ပြဲတြင္ ဘိုးဘြားမ်ားအား က်န္းမာေရး စစ္ေဆး ကုသမွဳမ်ား လုပ္ေဆာင္ေပးေၾကာင္း သိရသည္။

အျပည္ျပည္ဆိုင္ရာ သက္ႀကီးရြယ္အုိမ်ားေန႔ အထိမ္းအမွတ္အျဖစ္ က်င္းပသည့္ အဆိုပါ အခမ္းအနားသို႔ အသက္(၈၀)ႏွင့္အထက္ ဘိုးဘြား (၂၄) ဦးအား ပူေဇာ္ကန္ေတာ့ျခင္း၊ လွဴဘြယ္ပစၥည္းေပးအပ္ျခင္းႏွင့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းကုိ ၿမိဳ႕မရပ္ကြက္ရွိ ဓမၼာ႐ုံ၌ ျပဳလုပ္ေၾကာင္း သိရသည္။

ဘိုးဘြားမ်ားအား က်ပ္(၁၅,၀၀၀)စီႏွင့္ အေႏြးေစာင္ထူတစ္ထည္စီ လွဴဒါန္းေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားအား မိုင္းဆတ္ခ႐ုိင္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ စမိုင္းတံုအေျခခ် စစ္ဗ်ဴဟာမွဴးတို႔က ဦးစီး က်င္းပျခင္းျဖစ္ၿပီး၊ ဌာနဆိုင္ရာမ်ား၊ ႏုိင္ငံေရးပါတီမ်ားမွ တာဝန္ရိွသူမ်ား၊ အမ်ိဳးသမီးေရးရာအဖြဲ႕ႏွင့္ မိခင္ႏွင့္ကေလးအသင္းဝင္မ်ားလည္း တက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေအာင္ေဇယ်

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက ကျင်းပသည့် ဘိုးဘွားပူဇော်ကန်တော့ပွဲတွင် ဘိုးဘွားများအား ကျန်းမာရေး စစ်ဆေး ကုသမှုများ လုပ်ဆောင်ပေးကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် အဆိုပါ အခမ်းအနားသို့ အသက်(၈၀)နှင့်အထက် ဘိုးဘွား (၂၄) ဦးအား ပူဇော်ကန်တော့ခြင်း၊ လှူဘွယ်ပစ္စည်းပေးအပ်ခြင်းနှင့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းကို မြို့မရပ်ကွက်ရှိ ဓမ္မာရုံ၌ ပြုလုပ်ကြောင်း သိရသည်။

ဘိုးဘွားများအား ကျပ်(၁၅,ဝဝဝ)စီနှင့် အနွေးစောင်ထူတစ်ထည်စီ လှူဒါန်းကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအား မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် စမိုင်းတုံအခြေချ စစ်ဗျူဟာမှူးတို့က ဦးစီး ကျင်းပခြင်းဖြစ်ပြီး၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးအသင်းဝင်များလည်း တက်ရောက်ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~