တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်ပနိုင်ငံသားများ ဒေသတွင်း ဆိုင်ကယ်စီးနင်းခွင့် လိုင်စင် လျှောက်ထားရမည်
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်ပနိုင်ငံသားများ ဒေသတွင်း ဆိုင်ကယ်စီးနင်းခွင့် လိုင်စင် လျှောက်ထားရမည်
အောကျတိုဘာ 9, 2016
By Tachileik News Agency
ကာလရှည်နေထိုင်သည့် နိုင်ငံခြားသားများ အနေဖြင့် ဒေသတွင်း ဆိုင်ကယ်စီးနင်းခွင့်လိုင်စင်ကို လျှောက်ထားနိုင်ပြီး ရက်တိုအလည်အပတ်လာသူများအား ထုတ်ပေးခြင်းမရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန) တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း လုပ်ငန်းလာရောက် လုပ်ကိုင်သည့် ပြည်ပနိုင်ငံသားအချို့သည် ယာဉ်မောင်းလိုင်စင် လာရောက်လျှောက်ထားမှုများ ရှိနေပြီး နိုင်ငံတကာ လိုင်စင်ရှိပြီးသူများကိုလည်း (ခ)လိုင်စင် ပြောင်းလဲ ချထားပေးမှုများကိုလည်း လုပ်ဆောင်ပေးကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ခရီးသွားလုပ်ငန်းမှာ ၂၀၁၆ ခုနှစ်အတွင်း တိုးတက်လာခြင်းဖြစ်သဖြင့် ဒေသတွင်းယာဉ်မောင်းလိုင်စင်ကိစ္စကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ သိရသည်။
သတင်း - ရွှေဇော်
~~~~~~~~⊰❂ unicode ~~~~~~~~
ကာလရှည်နေထိုင်သည့် နိုင်ငံခြားသားများ အနဖြေင့် ဒေသတွင်း ဆိုင်ကယ်စီးနင်းခွင့်လိုင်စင်ကို လျှောက်ထားနိုင်ပြီး ရက်တိုအလည်အပတ်လာသူများအား ထုတ်ပေးခြင်းမရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန) တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ သိရသည်။
“ယာဉ်မောင်းလိုင်စင်အတွက် လုပ်ပိုင်ခွင့် ပေးထားပါတယ်။ အဓိကက လာလုပ်ဖို့ပဲလိုတာ။ သုံးလေးရက် လောက်နေတဲ့ သူဆိုရင်တော့ မလုပ်ပေးဘူးပေါ့။ လုပ်ငန်းလာလုပ်တဲ့သူတို့၊ ရက်ရှည်လာလည်တဲ့သူတွေ ဆိုရင်လည်း လျှောက်လို့ရပါတယ်။ ရက်နည်းနည်းပဲနပြေီး အလည်အပတ်သဘောမျိုးလာရင်တော့ လိုင်စင်လုပ်မပေးပါဘူး။” ဟု တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိန်က ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း လုပ်ငန်းလာရောက် လုပ်ကိုင်သည့် ပြည်ပနိုင်ငံသားအချို့သည် ယာဉ်မောင်းလိုင်စင် လာရောက်လျှောက်ထားမှုများ ရှိနပြေီး နိုင်ငံတကာ လိုင်စင်ရှိပြီးသူများကိုလည်း (ခ)လိုင်စင် ပြောင်းလဲ ချထားပေးမှုများကိုလည်း လုပ်ဆောင်ပေးကြောင်း သိရသည်။
 “လာရောက်လည်ပတ်တဲ့ သူတွေအနေနဲ့က ရက်တိုများကြတယ်။ သတ်မှတ်ရက်ပြည့်ရင် ထိုင်းပြန်ပြီး ဗီဇာ သက်တမ်းတိုးရတော့ အကုန်ကျများတဲ့ အခါကျတော့ ဆိုင်ကယ်စီးနင်းခွင့်လိုင်စင်လုပ်ဖို့ဆိုတဲ့ ကိစ္စတွေကျတော့ သူတို့အတွက် အခက်အခဲလိုဖြစ်နေတာပေါ့။ ဗီဇာသက်တမ်းကို ဒီမှာပဲတိုးလို့ရရင်
ကောင်းမယ်လို့တော့ သူတို့တွေက ပြောကြတယ်။” ဟု ထားဝယ်ခရိုင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ထားဝယ်ရုံးခွဲ) ဌာနခွဲစာရေး ဒေါ်အေးအေးမြက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ခရီးသွားလုပ်ငန်းမှာ ၂၀၁၆ ခုနှစ်အတွင်း တိုးတက်လာခြင်းဖြစ်သဖြင့် ဒေသတွင်းယာဉ်မောင်းလိုင်စင်ကိစ္စကို ဆောင်ရွက်နခြေင်းဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ သိရသည်။
သတင်း - ရွှေဇော်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~