မိုင္းတံုေဆးရံု၌ ကုသေရးပိုင္း အားထားလာသျဖင့္ လူနာမ်ားလာသည့္ အတြက္ ေဆးရံုကုတင္ မလံုေလာက္ျဖစ္ေန

မိုင္းတံုေဆးရံု၌ ကုသေရးပိုင္း အားထားလာသျဖင့္ လူနာမ်ားလာသည့္ အတြက္ ေဆးရံုကုတင္ မလံုေလာက္ျဖစ္ေန
အောက်တိုဘာ 21, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းတံုၿမိဳ႕ ျပည္သူ႔ေဆး႐ုံ၏ ကုသေရးပိုင္းအား ေဒသခံမ်ားက အားထားမႈ မ်ားလာသျဖင့္ လစဥ္တက္ေရာက္ကုသလူနာမွာ (၁၀၀)ေက်ာ္ေနၿပီး ေဆးရုံႏွင့္ လူနာအင္အား မမွ်မတျဖစ္ေနေၾကာင္း  သိရသည္။

“အခုလက္ရိွ ေဆး႐ုံတက္ခြဲစိတ္လူနာ(၇)ဦးအပါအဝင္ လူနာ(၃၉)ဦးရိွေနတယ္။ ဆရာဝန္အခန္းနဲ႔ စတိုခန္းမွာပါေနရာခ်ထားေနရတယ္။ ဖြ႔ဲစည္းပုံအရ ကုတင္(၂၅)လံုး ၊ ကေလးကုတင္(၁၀)လံုး၊ ေစတနာ႐ွင္ေတြလွဴဒါန္း ထားတ့ဲ ကုတင္(၁၀)လံုးရိွေပမဲ့ မေလာက္ဘူး"ဟု အထက္တန္းသူနာျပဳဆရာမ နန္းဆိုင္ေအာင္က ေျပာသည္။

လက္ရိွတြင္ ဆရာဝန္(၂)ဦး၊ အထက္တန္းသူနာျပဳ(၂)ဦး၊ သူနာျပဳ(၆)ဦးျဖင့္ ကုသေရး ေဆာင္ရြက္ေပးလ်ွက္ရိွၿပီးေဆး႐ုံတက္ေရာက္ကုသူဦးေရမွာ ၂၀၁၆ ခုႏွစ္ ဇူလိုင္လတြင္ (၁၀၀)ဦး၊ ၾသဂုတ္လတြင္(၁၁၀)ဦး၊ စက္တင္ဘာလတြင္ (၁၆၄)ဦးႏွင့္ ေအာက္တိုဘာလ(၁)ရက္မွ (၂၀) ရက္ေန႔အထိ (၁၅၀)ဦးရိွေနၿပီး ေန႔စဥ္ျပင္ပလူနာ(၃၀)ေက်ာ္ခန္႔အား ကုသေပးေနရေၾကာင္း သိရသည္။

"ဆရာဝန္န႔ဲ ဆရာမေတြက အရင္လို မဟုတ္ေတာ့ဘူး။ ေတာ္ေတာ္ဂ႐ုစိုက္ပါတယ္။ ကုန္က်စရိတ္လည္း အေတာ္သက္သာပါတယ္။ ေငြမရ္ိွရင္လည္း အလကားကုေပးတယ္။ ကြၽန္ေတာ္တို႔ကလည္း တတ္ႏိုင္သေလာက္ ျပန္လွဴဒါန္းေပးတယ္။ အျပန္အလွန္ ေစတနာထားၾကတာေပါ့"ဟု လက္ရိွေဆး႐ုံတက္ ခြဲစိတ္ကုသမွဳခံယူေနသူ ဦးေမာင္ထြန္းက ေျပာသည္။

ေဆးရံုႏွင့္ လူနာအင္အား မမွ်မတကုသမႈေပးေနရၿပီး ေဆးရံုအတြက္ ကုသေရးပိုင္းစက္ပစၥည္း လိုအပ္ခ်က္မ်ားလည္း ရိွေနေၾကာင္း သိရသည္။

"ေအာက္စီဂ်င္စက္(၂)လံုးရိွတယ္။ တစ္လံုးကပ်က္ေနလို႔ တစ္လံုးပဲသုံးလို႔ရတယ္။ ေအာက္စီဂ်င္အိုးတစ္လံုး တာခ်ီလိတ္မွာရင္ ကားခကဘတ္ေငြ(၁၅၀၀)ေလာက္ေပးရတယ္။ ကားဂိတ္ေတြကုိ နည္းနည္း ညိွႏိွဳင္းေပးေစလိုတယ္။ အေရးေပၚလိုအပ္တာက Cautary ေသြးတိတ္ခြဲစိတ္စက္တစ္ခု၊ Vaccum ေလစုပ္ကေလးေမြးစက္လိုအပ္တယ္။ လူနာအေျခအေနအရ သူနာျပဳေတြလည္း လိုေသးတယ္"ဟု ၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာသက္ခိုင္မင္းက ေျပာသည္။

အဆိုပါ ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံအား ကုတင္(၅၀)အဆင္ျမႇင့္တင္ႏိုင္ပါက ပုိမိုအဆင္ေျပၿပီး လူနာမ်ားအတြက္လည္း ကုန္က်စရိတ္သက္သာေစမည္ဟု ေဒသခံမ်ားက အႀကံျပဳသည္။

မိုင္းတံုျပည္သူ႔ေဆး႐ုံသည္ ယခင္က ဆရာဝန္တစ္ဦးသာရိွ၍ ထိေရာက္ေသာ ကုသမႈေဆာင္ရြက္ မေပးႏိုင္သျဖင့္ေဒသခံမ်ားမွာ မိုင္းဆတ္ ကုတင္(၁၀၀)တပ္မေတာ္ေဆး႐ုံႏွင့္ ထိုင္းႏိုင္ငံသို႔ သြားေရာက္ကုသခဲ့ရေၾကာင္း သိရသည္။

အဆိုပါေဆးရံုႏွင့္ ပတ္သက္၍ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မွ ၾကယ္ပြင့္မျပေမးခြန္းအျဖစ္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ေမးျမန္းခဲ့ဖူးေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေအာင္ေဇယ်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့ ပြည်သူ့ဆေးရုံ၏ ကုသရေးပိုင်းအား ဒေသခံများက အားထားမှု များလာသဖြင့် လစဉ်တက်ရောက်ကုသလူနာမှာ (၁၀၀)ကျော်နပြေီး ဆေးရုံနှင့် လူနာအင်အား မမျှမတဖြစ်နေကြောင်း သိရသည်။

“အခုလက်ရှိ ဆေးရုံတက်ခွဲစိတ်လူနာ(၇)ဦးအပါအဝင် လူနာ(၃၉)ဦးရှိနေတယ်။ ဆရာဝန်အခန်းနဲ့ စတိုခန်းမှာပါနေရာချထားနေရတယ်။ ဖွဲ့စည်းပုံအရ ကုတင်(၂၅)လုံး၊ ကလေးကုတင်(၁၀)လုံး၊ စေတနာရှင်တွေလှူဒါန်း ထားတဲ့ ကုတင်(၁၀)လုံးရှိပေမဲ့ မလောက်ဘူး"ဟု အထက်တန်းသူနာပြုဆရာမ နန်းဆိုင်အောင်က ပြောသည်။

လက်ရှိတွင် ဆရာဝန်(၂)ဦး၊ အထက်တန်းသူနာပြု(၂)ဦး၊ သူနာပြု(၆)ဦးဖြင့် ကုသရေး ဆောင်ရွက်ပေးလျှက်ရှိပြီးဆေးရုံတက်ရောက်ကုသူဦးရေမှာ ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် (၁၀၀)ဦး၊ သြဂုတ်လတွင်(၁၁၀)ဦး၊ စက်တင်ဘာလတွင် (၁၆၄)ဦးနှင့် အောက်တိုဘာလ(၁)ရက်မှ (၂၀) ရက်နေ့အထိ (၁၅၀)ဦးရှိနပြေီး နေ့စဉ်ပြင်ပလူနာ(၃၀)ကျော်ခန့်အား ကုသပေးနေရကြောင်း သိရသည်။

"ဆရာဝန်နဲ့ ဆရာမတွေက အရင်လို မဟုတ်တော့ဘူး။ တော်တော်ဂရုစိုက်ပါတယ်။ ကုန်ကျစရိတ်လည်း အတော်သက်သာပါတယ်။ ငွေမရှိ်ရင်လည်း အလကားကုပေးတယ်။ ကျွန်တော်တို့ကလည်း တတ်နိုင်သလောက် ပြန်လှူဒါန်းပေးတယ်။ အပြန်အလှန် စေတနာထားကြတာပေါ့"ဟု လက်ရှိဆေးရုံတက် ခွဲစိတ်ကုသမှုခံယူနေသူ ဦးမောင်ထွန်းက ပြောသည်။

ဆေးရုံနှင့် လူနာအင်အား မမျှမတကုသမှုပေးနေရပြီး ဆေးရုံအတွက် ကုသရေးပိုင်းစက်ပစ္စည်း လိုအပ်ချက်များလည်း ရှိနေကြောင်း သိရသည်။

"အောက်စီဂျင်စက်(၂)လုံးရှိတယ်။ တစ်လုံးကပျက်နေလို့ တစ်လုံးပဲသုံးလို့ရတယ်။ အောက်စီဂျင်အိုးတစ်လုံး တာချီလိတ်မှာရင် ကားခကဘတ်ငွေ(၁၅၀၀)လောက်ပေးရတယ်။ ကားဂိတ်တွေကို နည်းနည်း ညှိနှိုင်းပေးစေလိုတယ်။ အရေးပေါ်လိုအပ်တာက Cautary သွေးတိတ်ခွဲစိတ်စက်တစ်ခု၊ Vaccum လေစုပ်ကလေးမွေးစက်လိုအပ်တယ်။ လူနာအခြေအနေအရ သူနာပြုတွေလည်း လိုသေးတယ်"ဟု မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်းက ပြောသည်။

အဆိုပါ မြို့နယ်ပြည်သူ့ဆေးရုံအား ကုတင်(၅၀)အဆင်မြှင့်တင်နိုင်ပါက ပိုမိုအဆင်ပြပြေီး လူနာများအတွက်လည်း ကုန်ကျစရိတ်သက်သာစေမည်ဟု ဒေသခံများက အကြံပြုသည်။

မိုင်းတုံပြည်သူ့ဆေးရုံသည် ယခင်က ဆရာဝန်တစ်ဦးသာရှိ၍ ထိရောက်သော ကုသမှုဆောင်ရွက် မပေးနိုင်သဖြင့်ဒေသခံများမှာ မိုင်းဆတ် ကုတင်(၁၀၀)တပ်မတော်ဆေးရုံနှင့် ထိုင်းနိုင်ငံသို့ သွားရောက်ကုသခဲ့ရကြောင်း သိရသည်။

အဆိုပါဆေးရုံနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ကြယ်ပွင့်မပြမေးခွန်းအဖြစ် ပြည်ထောင်စုလွှတ်တော်တွင် မေးမြန်းခဲ့ဖူးကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~