မိုင္းျဖတ္ၿမိဳ႕၌ ႏွစ္က်ိပ္ရွစ္ဆူ ဝကၤဘာ ဘုရားမီးထြန္းပူေဇာ္ပြဲေတာ္ ေလးရက္ၾကာ က်င္းပမည္

မိုင္းျဖတ္ၿမိဳ႕၌ ႏွစ္က်ိပ္ရွစ္ဆူ ဝကၤဘာ ဘုရားမီးထြန္းပူေဇာ္ပြဲေတာ္ ေလးရက္ၾကာ က်င္းပမည္
အောက်တိုဘာ 12, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ တာခ်ီလိတ္ခ႐ိုင္ မိုင္းျဖတ္ၿမိဳ႕တြင္ ႏွစ္က်ိပ္ရွစ္ဆူ ဝကၤဘာ ဘုရားမီးထြန္း ပူေဇာ္ပြဲအား ေအာက္တိုဘာလ (၁၂) ရက္မွ (၁၆) ရက္အထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

တတိယအႀကိမ္ေျမာက္အျဖစ္ က်င္းပသည့္ အဆိုပါပြဲေတာ္တြင္ အေကြ႔ေပါင္း(၃၅၀)ေကြ႕ ပါ႐ွိသည့္ ဝကၤဘာလမ္းမ်ား အတုိင္း ႏွစ္က်ိပ္႐ွစ္ဆူေသာ ဘုရားဆင္းထုေတာ္မ်ားအား ဖူးေမွ်ာ္ႏိုင္ရန္ႏွင့္ ဆီမီးပူေဇာ္ႏိုင္ရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

"အမ်ားျပည္သူေတြ ကုသိုလ္ရ႐ွိႏိုင္ေအာင္ ပြင့္ေတာ္မူၿပီးကုန္ေသာ ႏွစ္က်ိပ္႐ွစ္ဆူေသာ ဘုရားရွင္တို႔ရဲ႕ ဂုဏ္ေတာ္ေတြကို အာ႐ုဏ္ျပဳ၍ ယခုလို သီတင္းကြ်တ္ကာလမွာ ဆီမီးပူေဇာ္ၿပီး ကမၻာသူကမၻာသား ႏိုင္ငံသူ၊ ႏိုင္ငံသားအားလံုး ေအးခ်မ္းသာယာမႈအေပါင္းနဲ႔ ျပည့္စံုေစရန္ ရည္႐ြယ္ၿပီး ဒီပြဲကို က်င္းပတာပါ " ဟု စိတၱသုခေက်ာင္းတိုက္ဆရာေတာ္ ဦးဓမၼဝံသက မိန္႔ၾကားသည္။

အဆိုပါ ႏွစ္က်ိပ္ရွစ္ဆူ ဝကၤဘာ မီးထြန္းပြဲ ပထမေန႔တြင္ အမွတ္(၁၈) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္မွ စစ္ဆင္ေရးကြပ္ကဲေရးမွဴး ဗိုလ္မွဴးခ်ဳပ္ မ်ဳိးတင့္ေအာင္ ႏွင့္ တပ္ရင္းမွဴးမ်ား၊ မိုင္းျဖတ္မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေဇာ္ထြန္း၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလိႈင္ႏွင့္ ဌာနဆိုင္ရာ အႀကီးအကဲမ်ား တက္ေရာက္ဖြင့္လွစ္ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူ ဝင်္ကဘာ ဘုရားမီးထွန်း ပူဇော်ပွဲအား အောက်တိုဘာလ (၁၂) ရက်မှ (၁၆) ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တတိယအကြိမ်မြောက်အဖြစ် ကျင်းပသည့် အဆိုပါပွဲတော်တွင် အကွေ့ပေါင်း(၃၅၀)ကွေ့ ပါရှိသည့် ဝင်္ကဘာလမ်းများ အတိုင်း နှစ်ကျိပ်ရှစ်ဆူသော ဘုရားဆင်းထုတော်များအား ဖူးမျှော်နိုင်ရန်နှင့် ဆီမီးပူဇော်နိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

"အများပြည်သူတွေ ကုသိုလ်ရရှိနိုင်အောင် ပွင့်တော်မူပြီးကုန်သော နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့ရဲ့ ဂုဏ်တော်တွေကို အာရုဏ်ပြု၍ ယခုလို သီတင်းကျွတ်ကာလမှာ ဆီမီးပူဇော်ပြီး ကမ္ဘာသူကမ္ဘာသား နိုင်ငံသူ၊ နိုင်ငံသားအားလုံး အေးချမ်းသာယာမှုအပေါင်းနဲ့ ပြည့်စုံစေရန် ရည်ရွယ်ပြီး ဒီပွဲကို ကျင်းပတာပါ " ဟု စိတ္တသုခကျောင်းတိုက်ဆရာတော် ဦးဓမ္မဝံသက မိန့်ကြားသည်။

အဆိုပါ နှစ်ကျိပ်ရှစ်ဆူ ဝင်္ကဘာ မီးထွန်းပွဲ ပထမနေ့တွင် အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မျိုးတင့်အောင် နှင့် တပ်ရင်းမှူးများ၊ မိုင်းဖြတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ဖွင့်လှစ်ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~