မိုင္းတံု၌ ဆည္ေျမာင္းဦးစီးဌာနက ေခ်ာင္းကို ျပဳျပင္ေပးလိုက္မႈေၾကာင့္ ရပ္ကြက္ေနလူထုႏွင့္ လယ္သမားမ်ားအၾကား ေျပလည္မႈရရိွ

မိုင္းတံု၌ ဆည္ေျမာင္းဦးစီးဌာနက ေခ်ာင္းကို ျပဳျပင္ေပးလိုက္မႈေၾကာင့္ ရပ္ကြက္ေနလူထုႏွင့္ လယ္သမားမ်ားအၾကား ေျပလည္မႈရရိွ
အောက်တိုဘာ 1, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ မိုင္းဆတ္ခရိုင္၊ မိုင္းတံုၿမိဳ႕တြင္ စိုက္ပ်ဳိးေရးအတြက္ ဆည္ တည္ေဆာက္သည့္ လယ္သမားမ်ားနွင့္ အနီးဝန္းက်င္မွ ေရလႊမ္းခံရသည့္ ေဒသခံမ်ားအၾကား အျငင္းပြားေနသျဖင့္ ဆည္ေျမာင္းဦးစီးဌာနက ရပ္ကြက္မ်ား ေရမလႊမ္းရန္ လက္ရိွေခ်ာင္းအား ျပဳျပင္ေပးရန္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

"လယ္သမားေတြ အတြက္ ဆည္ကလည္း စုိက္ပ်ိဳးအတြက္ လိုတယ္။ ရပ္ကြက္ထဲ ေရဝင္ေရာက္တာ၊ ကမ္းပါးၿပဳိတာေတြ မျဖစ္ေအာင္ ျဖစ္ေပၚေနတ့ဲ ေသာင္ခုံေတြကု္ိ ရပ္ကြက္ကေန အနည္းဆံုးေပ(၂၀၀)အကြာကတိုင္းၿပီး ေကာက္ေကြ႔ေနတ့ဲေခ်ာင္းကုိ ေျဖာင့္ေပးသြားမယ္။"ဟု ခ႐ုိင္ဦးစီးအရာရိွ ဦးေငြစုိးက ေျပာသည္။

မိုင္းတံုၿမိဳ႕ နမ့္တံုေခ်ာင္းမွေရကို အျမင့္ပိုင္းရိွ စိုက္ခင္းမ်ားမွ ေတာင္သူမ်ားက ဆည္တည္ေဆာက္၍ ေရေလွာင္ထားရာမွ မိုးသည္းထန္စြာ ရြာသြန္းခ်ိန္တြင္ ဆည္တာေပါင္ပ်က္စီးကာ အနိမ့္ပိုင္းရိွ လူေနအိမ္မ်ားသို႔ ေရဝင္သျဖင့္ ေတာင္သူမ်ားႏွင့္ ရပ္ကြက္ေနျပည္သူမ်ားအၾကား အျငင္း ပြားေနၾကျခင္းျဖစ္သည္။

"မိုးသည္းထန္ၿပီး ေတာင္က်ေရ က်ဆင္းမႈေၾကာင့္ ၿမိဳ႕ထိပ္ပုိင္းက ဆည္ၿပိဳၿပီး ကြၽန္ေတာ္တို႔ ရပ္ကြက္ထဲက အနိမ့္ပုိင္းမွာရိွေနတ့ဲ ေနအိမ္(၉၃)လံုး ေရလႊမ္းဝင္ေရာက္ခံခ့ဲရတယ္။ ေခ်ာင္းကမ္းပါးေတြလည္း ၿပိဳက်ခ့ဲတယ္။ ဒါေၾကာင့္ ဒီဆည္ကုိ ထပ္မလုပ္ေစခ်င္ဘူး"ဟု ဆည္အနီးေနထိုင္သူ ဦးဟန္စိန္က ေျပာသည္။

အဆိုပါ အျငင္းပြားမႈမ်ားေၾကာင့္ မိုင္းဆတ္ခ႐ုိင္ ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မွဳ စီမံခန္႔ခြဲေရးဦးစီးဌာန ဦးစီးအရာရိွ ဦးေငြစုိးႏွင့္ မိုင္းတံုၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဆန္းဝင္း၊ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္လင္း၊ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေစာမူးလာ ႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (မိုင္းတံုၿမိဳ႕နယ္) ဒုတိယဥကၠဌ ဦးသန္းစုိးတို႔ ပါဝင္သည့္အဖြဲ႕သည္ စက္တင္ဘာလ၏ ဒုတိယပတ္အတြက္းက ကြင္းဆင္းစစ္ေဆး ၾကည့္ရႈခဲ့ၾကျခင္းျဖစ္သည္။

"လယ္သမားေတြအတြက္ ဒီဆည္က စပါးစုိက္ဖို႔ ၾကက္သြန္စုိက္ဖို႔ လိုအပ္တယ္။ ဆည္ေၾကာင့္ ေရႀကီးရတယ္ ဆိုတာေတာ့ မဟုတ္ေသးဘူး။ ေတာင္က်ေရမ်ားလို႔ ဒီဆည္လည္း ၿပဳိပ်က္ရတာပဲ။ အုန္းေတာကြင္းလယ္(၁၀၅)ဧက အတြက္ လိုအပ္လို႔ အခုဆည္ကုိ ျပန္ေဆာက္ေနတာ"ဟု လယ္သမားမ်ားအဖြဲ႔မွ ဦးစုိင္းမတ္က ေျပာသည္။

ကြင္းဆင္းစစ္ေဆးမႈမ်ားအၿပီးတြင္ ဆည္ေျမာင္းဦးစီးဌာနက အနိမ့္ပိုင္းရပ္ကြက္မ်ား ေရမလႊမ္းေစရန္ ေခ်ာင္းအား အက်ယ္ေပ(၂၀)ႏွင့္ အနက္ရရိွေအာင္ ဆယ္တင္တူးေဖာ္မႈမ်ား လုပ္ေဆာင္ရန္ ကုန္က် စားရိတ္မ်ားကို တြက္ခ်က္ၿပီး ၂၀၁၇ -၂၀၁၈ ဘတ္ဂ်က္တြင္ လုပ္ေဆာင္ႏုိင္ရန္ တင္ျပသြားမည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေအာင္ေဇယ်

-------------

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် စိုက်ပျိုးရေးအတွက် ဆည် တည်ဆောက်သည့် လယ်သမားများနှင့် အနီးဝန်းကျင်မှ ရေလွှမ်းခံရသည့် ဒေသခံများအကြား အငြင်းပွားနေသဖြင့် ဆည်မြောင်းဦးစီးဌာနက ရပ်ကွက်များ ရေမလွှမ်းရန် လက်ရှိချောင်းအား ပြုပြင်ပေးရန် လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

"လယ်သမားတွေ အတွက် ဆည်ကလည်း စိုက်ပျိုးအတွက် လိုတယ်။ ရပ်ကွက်ထဲ ရေဝင်ရောက်တာ၊ ကမ်းပါးပြိုတာတွေ မဖြစ်အောင် ဖြစ်ပေါ်နေတဲ့ သောင်ခုံတွေကို် ရပ်ကွက်ကနေ အနည်းဆုံးပေ(၂၀၀)အကွာကတိုင်းပြီး ကောက်ကွေ့နေတဲ့ချောင်းကို ဖြောင့်ပေးသွားမယ်။"ဟု ခရိုင်ဦးစီးအရာရှိ ဦးငွေစိုးက ပြောသည်။

မိုင်းတုံမြို့ နမ့်တုံချောင်းမှရေကို အမြင့်ပိုင်းရှိ စိုက်ခင်းများမှ တောင်သူများက ဆည်တည်ဆောက်၍ ရေလှောင်ထားရာမှ မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် ဆည်တာပေါင်ပျက်စီးကာ အနိမ့်ပိုင်းရှိ လူနေအိမ်များသို့ ရေဝင်သဖြင့် တောင်သူများနှင့် ရပ်ကွက်နပြေည်သူများအကြား အငြင်း ပွားနကြခြေင်းဖြစ်သည်။

"မိုးသည်းထန်ပြီး တောင်ကျရေ ကျဆင်းမှုကြောင့် မြို့ထိပ်ပိုင်းက ဆည်ပြိုပြီး ကျွန်တော်တို့ ရပ်ကွက်ထဲက အနိမ့်ပိုင်းမှာရှိနေတဲ့ နေအိမ်(၉၃)လုံး ရေလွှမ်းဝင်ရောက်ခံခဲ့ရတယ်။ ချောင်းကမ်းပါးတွေလည်း ပြိုကျခဲ့တယ်။ ဒါကြောင့် ဒီဆည်ကို ထပ်မလုပ်စေချင်ဘူး"ဟု ဆည်အနီးနေထိုင်သူ ဦးဟန်စိန်က ပြောသည်။

အဆိုပါ အငြင်းပွားမှုများကြောင့် မိုင်းဆတ်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးငွေစိုးနှင့် မိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဆန်းဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မိုင်းတုံမြို့နယ်) ဒုတိယဥက္ကဌ ဦးသန်းစိုးတို့ ပါဝင်သည့်အဖွဲ့သည် စက်တင်ဘာလ၏ ဒုတိယပတ်အတွက်းက ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြခြင်းဖြစ်သည်။

"လယ်သမားတွေအတွက် ဒီဆည်က စပါးစိုက်ဖို့ ကြက်သွန်စိုက်ဖို့ လိုအပ်တယ်။ ဆည်ကြောင့် ရကြေီးရတယ် ဆိုတာတော့ မဟုတ်သေးဘူး။ တောင်ကျရေများလို့ ဒီဆည်လည်း ပြိုပျက်ရတာပဲ။ အုန်းတောကွင်းလယ်(၁၀၅)ဧက အတွက် လိုအပ်လို့ အခုဆည်ကို ပြန်ဆောက်နေတာ"ဟု လယ်သမားများအဖွဲ့မှ ဦးစိုင်းမတ်က ပြောသည်။

ကွင်းဆင်းစစ်ဆေးမှုများအပြီးတွင် ဆည်မြောင်းဦးစီးဌာနက အနိမ့်ပိုင်းရပ်ကွက်များ ရေမလွှမ်းစေရန် ချောင်းအား အကျယ်ပေ(၂၀)နှင့် အနက်ရရှိအောင် ဆယ်တင်တူးဖော်မှုများ လုပ်ဆောင်ရန် ကုန်ကျ စားရိတ်များကို တွက်ချက်ပြီး ၂၀၁၇ -၂၀၁၈ ဘတ်ဂျက်တွင် လုပ်ဆောင်နိုင်ရန် တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~