မိုင်းဖြတ်၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွင် သက်ကြီး အငြိမ်းစား ဆရာ/မများအား ပူဇော်ကန်တော့

မိုင်းဖြတ်၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွင် သက်ကြီး အငြိမ်းစား ဆရာ/မများအား ပူဇော်ကန်တော့
အောကျတိုဘာ 5, 2016
By Tachileik News Agency
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် မိုင်းဖြတ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)တွင် သက်ကြီး အငြိမ်းစား ဆရာ/မများအား ပူဇော်ကန်တော့ပွဲကို အောက်တိုဘာလ(၅)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
"အငြိမ်းစားယူသွားတဲ့ ဆရာ/ဆရာမတွေကို ဖိတ်ကြားပြီးတော့ ကျွန်မတို့ ပညာရေးဌာန အနေနဲ့ ကမ္ဘာ့ဆရာများနေ့မှာ  ပူဇော်ကန်တော့ရတဲ့ အတွက် လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ/ဆရာမများ ကိုယ်စား ဝမ်းသာမိပါတယ်"ဟု ခရိုင်ပညာရေးမှူး ဒေါ်သက်ထားက ပြောသည်။
အဆိုပါ ပူဇော်ကန်တော့ပွဲတွင် ကျောင်းသား/ကျောင်းသူများမှ မြတ်ဆရာ သီချင်းဖြင့် ဖျော်ဖြေကြပြီး ဘက်စုံထူးချွန်ဆုရ အထက(မိုင်းဖြတ်)မှ အလယ်တန်းပြ ဆရာမ ဒေါ်မာလာယော်အား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ကာ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် စာစီစာကုံး/ကဗျာ ပြိုင်ပွဲများ၌ ပထမ၊ ဒုတိယဆုရရှိသော ကျောင်းသူ/ကျောင်းသားများအား တာဝန်ရှိသူများက ဆုများပေးအပ်သည်။
သတင်း/ဓာတ်ပုံ - ကိုသာ
~~~~~~~~⊰❂ unicode ~~~~~~~~
ကမာ္ဘ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် မိုင်းဖြတ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)တွင် သက်ကြီး အငြိမ်းစား ဆရာ/မများအား ပူဇော်ကန်တော့ပွဲကို အောက်တိုဘာလ(၅)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

"အငြိမ်းစားယူသွားတဲ့ ဆရာ/ဆရာမတွေကို ဖိတ်ကြားပြီးတော့ ကျွန်မတို့ ပညာရေးဌာန အနေနဲ့ ကမာ္ဘ့ဆရာများနေ့မှာ ပူဇော်ကန်တော့ရတဲ့ အတွက် လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ/ဆရာမများ ကိုယ်စား ဝမ်းသာမိပါတယ်"ဟု ခရိုင်ပညာရေးမှူး ဒေါ်သက်ထားက ပြောသည်။

အဆိုပါ ပူဇော်ကန်တော့ပွဲတွင် ကျောင်းသား/ကျောင်းသူများမှ မြတ်ဆရာ သီချင်းဖြင့် ဖျော်ဖြကြပြေီး ဘက်စုံထူးချွန်ဆုရ အထက(မိုင်းဖြတ်)မှ အလယ်တန်းပြ ဆရာမ ဒေါ်မာလာယော်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ကာ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် စာစီစာကုံး/ကဗျာ ပြိုင်ပွဲများ၌ ပထမ၊ ဒုတိယဆုရရှိသော ကျောင်းသူ/ကျောင်းသားများအား တာဝန်ရှိသူများက ဆုများပေးအပ်သည်။

"ကျွန်တော့် အနေနဲ့ကတော့ ခုလိုနေ့မျိုးမှာ ပူဇော်ကန်တော့ခံရ၊ အသိအမှတ်ပြုခံရတာကို အရမ်း ဝမ်းသာမိပါတယ်၊ ခု ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ ဆရာ/ဆရာမတွေအနေနဲ့လည်း ကျောင်းသား၊ကျောင်းသူလေးတွေကို ထူးချွန်ထက်မြက်အောင် ပညာသင်ကြားပေးစေလိုပါတယ်"ဟု အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးထွန်းမြင့်က ပြောသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် အငြိမ်းစားဆရာ/ဆရာမ များအား ဂုဏ်ပြု အမှတ်တရလက်ဆောင်များ ပေးအပ်ကာ ကန်တော့ခဲ့ကြကြောင်း နှင့် သိရှိရပါသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~