မိုင္းျဖတ္ၿမိဳ႕၏ ပထမဆံုးလမ္းမီးမ်ား ျပည္ေထာင္စုလမ္းမ၏ လမ္းခြဲမ်ားတြင္ စတင္တပ္ဆင္

မိုင္းျဖတ္ၿမိဳ႕၏ ပထမဆံုးလမ္းမီးမ်ား ျပည္ေထာင္စုလမ္းမ၏ လမ္းခြဲမ်ားတြင္ စတင္တပ္ဆင္
အောက်တိုဘာ 22, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခ႐ိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ ျပည္ေထာင္စု လမ္းမႀကီးေပၚရွိ ၿမိဳ႕တြင္းလမ္းခြဲ ေနရာမ်ားတြင္ လမ္းမီး (၇)လံုးအား ေအာက္တိုဘာလ (၂၁) ရက္ေန႔တြင္ တပ္ဆင္ၿပီးစီးသြားၿပီး ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက လစဥ္ မီတာခ (၉၀၀၀)က်ပ္ ေပးေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ကန္လံုေရအားလ်ွပ္စစ္ကုမၸဏီအေနနဲ႔ကေတာ့ မီး(၇)လံုးအတြက္ တစ္လကို္ (၉၀၀၀)က်ပ္ႏႈန္း စည္ပင္သာယာဌာနထံက ေကာက္ခံသြားပါမယ္ " ဟု ကန္လံုေရအားလ်ွပ္စစ္ကုမၸဏီမွ တာဝန္႐ွိသူတစ္ဦးက ေျပာသည္။

အဆိုပါ လမ္းမီးမ်ားအား ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက ၂၀၁၆- ၂၀၁၇ ဘ႑ာေရးႏွစ္တြင္ ေကာက္ခံရ႐ွိေသာ အခြန္ေငြမ်ားမွ ၿမိဳ႕သာယာလွပေရးအတြက္ မီးတစ္လံုးလွ်င္ (၇၀,၀၀၀)က်ပ္ ျဖင့္ ဝယ္ယူတပ္ဆင္လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္ ေမြးကတည္းက မိုင္းျဖတ္ၿမိဳ႕မွာ ေနလာတာပါ။ ဒီလုိ လမ္းမီးေတြတပ္တာ တစ္ခါမွ မေတြ႔ခဲ့ရပါဘူး။ ခုမွ လမ္းမီးေတြ တပ္လိုက္ေတာ့ ၿမိဳ႕နဲ႔တူလာတာေပါ့ဗ်ာ" ဟု အသက္ (၃၀)ေက်ာ္အရြယ္ စိုင္းလံုက ေျပာသည္။

မိုင္းျဖတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန အေနျဖင့္ ၂၀၁၇ - ၂၀၁၈ ဘတ္ဂ်က္တြင္ လမ္းမီးမ်ား တိုးခ်ဲ႕တပ္ဆင္ရန္ လ်ာထားေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ စည္ပင္သာယာေရးဌာန အေနနဲ႔ ဒီႏွစ္ဘတ္ဂ်က္မွာ (၇) လံုးတပ္ဆင္ေပးခဲ့ပါတယ္။ လာမယ့္ ၂၀၁၇-၂၀၁၈ ဘတ္ဂ်က္မွာေတာ့ ကြ်န္ေတာ့္ အေနနဲ႔ (၁၀) လံုးတပ္ဆင္ႏိုင္ဖို႔ ရည္ရြယ္ထားပါတယ္"ဟု မိုင္းျဖတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာ႐ွိ ဦးတိုးေဇာ္ထြန္းက ေျပာသည္။

မိုင္းျဖတ္ၿမိဳ႕အား ျမန္မာ့လွ်ပ္စစ္ဓါတ္အားလုပ္ငန္းမွ လွ်ပ္စစ္ေပးေ၀မႈမွာ တစ္ေန႔လွ်င္ ႏွစ္နာရီခန္႔သာ ရရိွသျဖင့္ ကန္လံုေရအားလ်ွပ္စစ္ကုမၸဏီမွ လွ်ပ္စစ္ဓါတ္အားကိုလည္း သံုးစြဲေနရျခင္းျဖစ္ၿပီး လမ္းမီးမ်ားကို ကန္လံုေရအားလွ်ပ္စစ္ကုမၸဏီမွ အသံုးျပဳျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု -  ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မြို့တွင်းလမ်းခွဲ နေရာများတွင် လမ်းမီး (၇)လုံးအား အောက်တိုဘာလ (၂၁) ရက်နေ့တွင် တပ်ဆင်ပြီးစီးသွားပြီး မြို့နယ်စည်ပင်သာယာရေးဌာနက လစဉ် မီတာခ (၉၀၀၀)ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ကန်လုံရေအားလျှပ်စစ်ကုမ္ပဏီအနေနဲ့ကတော့ မီး(၇)လုံးအတွက် တစ်လကို် (၉၀၀၀)ကျပ်နှုန်း စည်ပင်သာယာဌာနထံက ကောက်ခံသွားပါမယ် " ဟု ကန်လုံရေအားလျှပ်စစ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ လမ်းမီးများအား မြို့နယ်စည်ပင်သာယာရေးဌာနက ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကောက်ခံရရှိသော အခွန်ငွေများမှ မြို့သာယာလှပရေးအတွက် မီးတစ်လုံးလျှင် (၇၀,ဝဝဝ)ကျပ် ဖြင့် ဝယ်ယူတပ်ဆင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်တော် မွေးကတည်းက မိုင်းဖြတ်မြို့မှာ နေလာတာပါ။ ဒီလို လမ်းမီးတွေတပ်တာ တစ်ခါမှ မတွေ့ခဲ့ရပါဘူး။ ခုမှ လမ်းမီးတွေ တပ်လိုက်တော့ မြို့နဲ့တူလာတာပေါ့ဗျာ" ဟု အသက် (၃၀)ကျော်အရွယ် စိုင်းလုံက ပြောသည်။

မိုင်းဖြတ်မြို့နယ်စည်ပင်သာယာရေးဌာန အနဖြေင့် ၂၀၁၇ - ၂၀၁၈ ဘတ်ဂျက်တွင် လမ်းမီးများ တိုးချဲ့တပ်ဆင်ရန် လျာထားကြောင်း သိရသည်။

"ကျွန်တော်တို့ စည်ပင်သာယာရေးဌာန အနေနဲ့ ဒီနှစ်ဘတ်ဂျက်မှာ (၇) လုံးတပ်ဆင်ပေးခဲ့ပါတယ်။ လာမယ့် ၂၀၁၇-၂၀၁၈ ဘတ်ဂျက်မှာတော့ ကျွန်တော့် အနေနဲ့ (၁၀) လုံးတပ်ဆင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်"ဟု မိုင်းဖြတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်းက ပြောသည်။

မိုင်းဖြတ်မြို့အား မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ လျှပ်စစ်ပေးေဝမှုမှာ တစ်နေ့လျှင် နှစ်နာရီခန့်သာ ရရှိသဖြင့် ကန်လုံရေအားလျှပ်စစ်ကုမ္ပဏီမှ လျှပ်စစ်ဓာတ်အားကိုလည်း သုံးစွဲနေရခြင်းဖြစ်ပြီး လမ်းမီးများကို ကန်လုံရေအားလျှပ်စစ်ကုမ္ပဏီမှ အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~