တောလိုက်​အတူသွားရာမှ အချင်းချင်း တူမီး​သေနတ်​ဖြင့်​ ပစ်​ခတ်​မှု မိုင်းတုံ၌ ဖြစ်ပွား

တောလိုက်​အတူသွားရာမှ အချင်းချင်း တူမီး​သေနတ်​ဖြင့်​ ပစ်​ခတ်​မှု မိုင်းတုံ၌ ဖြစ်ပွား
အောက်တိုဘာ 2, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းတုံမြို့နယ်​၊ မိုင်းဟန်​​ကျေးရွာအုပ်​စု၊ နားဖ​ယောင်း​ကျေးရွာ၏ အ​နောက်​ဖက်​​တောအတွင်း အမဲလိုက်​ရန်​ အတူသွားသူ အချင်းချင်း အထင်​မှားကာ တူမီးသေနတ်ဖြင့်​ ပစ်​ခတ်​သဖြင့်​၂၀၁၆ စက်​တင်​ဘာလ (၃၀)ရက်​​နေ့ ည​နေ(၆)ချိန်​ခန့်​က ​တစ်​ဦးဒဏ်​ရာရရှ်ိခဲ့​ကြောင်း သိရသည်​။

"ဌာ​နေပြည်​သူ့စစ်​​ ခေါင်း​ဆောင်​ ဦးကျအီးနဲ့ အဖွဲ့ဝင်(၇)ဦးက ဒဏ်ရာရထားတဲ့ သူတစ်​ဦးရယ်​၊ တူမီးနဲ့ပစ်​တဲ့ တရားခံ တစ်​ဦးရယ်​​ ခေါ်လာပြီး အပ်​နှံတယ်​၊ တူမီး​သေနတ်​နဲ့ပစ်​တာလို့သိရတယ်​ အပစ်​ခံရသူအိုက်​ဘိုရဲ့ ဝဲဘက်​ လက်​​မောင်းရင်းက​နေ​ ဖောက်​ဝင်​​ပေါက်​ထွက်​ပြီး ချိုင်း​အောက်​ နံရိုးကြားထဲဝင်​သွားတဲ့ ဒဏ်​ရာကြောင့်​ ​ဆေးရုံပို့ခဲ့ပြီး ပြစ်​မှုကျူးလွန်​သူ ကျရှောင် (ခ) ကျ​ဆော်​ကို အရေးယူထားပါတယ်"ဟု နား​ကောင်းမူး​ ကျေးရွာနယ်​​မြေရဲစခန်းမှ စခန်းမှူးရဲအုပ်​​ ကျော်​မိုးနိုင်​က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်​။

ဖြစ်​စဉ်​မှာ အိုက်​ဘိုမှ တစ်​ရွာတည်း​နေထိုင်​ခဲ့ဘူးသူ နားဖ​ယောင်းရွာ​နေ ကျရှောင်(ခ)ကျ​ဆော်​အား​ တွေ့ရှိပြီး အမဲအတူလိုက်​ရန်​​ ခေါ်ခဲ့​ကြောင်း၊ ကျ​ရှောင်​မှ ဖုန်းဆက်​​နေသဖြင့်​ ဆဲ၍​ခေါ်ဆိုရာမှ မ​ကျေမနပ်​ဖြစ်​ကာ တူမီး​သေနတ်​ဖြင့်​ တစ်​ချက်​ပစ်​ခတ်​ခဲ့သဖြင့်​ အိုက်​ဘိုလဲကျသွားစဉ်​ ကျ​ရှောင်​မှာ အိမ်​သို့ပြန်​သွားခဲ့​ကြောင်း၊ ဒဏ်​ရာရရှိသူ အိုက်​ဘိုမှာ လဲကျ​နေရာမှ လျှိုအတွင်း သွား​ရောက်​ပုန်း​အောင်း၍ ဇနီးဖြစ်​သူထံဖုန်း ဆက်​ခဲ့​ကြောင်း၊ ၎င်း၏ ဇနီး မနားလယ်​မှ ဌာ​နေပြည်​သူ့စစ်​​ခေါင်း​ဆောင် ဦးကျအီးထံ အ​ကြောင်းကြား၍​လိုက်လံရှာ​​ဖွေခဲ့ရာ၂၀၁၆​ခုနှစ် အောက်​တိုဘာ(၁)ရက်​(နေ့ (၀၀း၃၀)ချိန်​ခန့်​တွင်​ အသံ​ပေး​ခေါ်ယူရာမှ ဒဏ်​ရာများဖြင့်​ အိုက်​ဘိုအား ပြန်​လည်​​တွေ့ရှိခဲ့​ကြောင်း သိရသည်​။




~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်​းတုံမြို့နယ်​၊ မိုင်​းဟန်​​ကျေးရွာအုပ်​စု၊ နားဖ​ယောင်​း​ကျေးရွာ၏ အ​နောက်​ဖက်​​တောအတွင်​း အမဲလိုက်​ရန်​ အတူသွားသူ အချင်​းချင်​း အထင်​မှားကာ တူမီးသေနတ်ဖြင်​့ ပစ်​ခတ်​သဖြင့်​၂၀၁၆ စက်​တင်​ဘာလ (၃၀)ရက်​​နေ့ ည​နေ(၆)ချိန်​ခန်​့က ​တစ်​ဦးဒဏ်​ရာရရှိ်ခဲ့​ကြောင်​း သိရသည်​။

"ဌာ​နပြေည်​သူ့စစ်​​ ခေါင်​း​ဆောင်​ ဦးကျအီးနဲ့ အဖွဲ့ဝင်(၇)ဦးက ဒဏ်ရာရထားတဲ့ သူတစ်​ဦးရယ်​၊ တူမီးနဲ့ပစ်​တဲ့ တရားခံ တစ်​ဦးရယ်​​ ခေါ်လာပြီး အပ်​နှံတယ်​၊ တူမီး​သေနတ်​နဲ့ပစ်​တာလို့သိရတယ်​ အပစ်​ခံရသူအိုက်​ဘိုရဲ့ ဝဲဘက်​ လက်​​မောင်​းရင်​းက​နေ​ ဖောက်​ဝင်​​ပေါက်​ထွက်​ပြီး ချိုင်​း​အောက်​ နံရိုးကြားထဲဝင်​သွားတဲ့ ဒဏ်​ရာကြောင်​့ ​ဆေးရုံပို့ခဲ့ပြီး ပြစ်​မှုကျူးလွန်​သူ ကျရှောင် (ခ) ကျ​ဆော်​ကို အရေးယူထားပါတယ်"ဟု နား​ကောင်​းမူး​ ကျေးရွာနယ်​​မြေရဲစခန်​းမှ စခန်​းမှူးရဲအုပ်​​ ကျော်​မိုးနိုင်​က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်​။

ဖြစ်​စဉ်​မှာ အိုက်​ဘိုမှ တစ်​ရွာတည်​း​နေထိုင်​ခဲ့ဘူးသူ နားဖ​ယောင်​းရွာ​နေ ကျရှောင်(ခ)ကျ​ဆော်​အား​ တွေ့ရှိပြီး အမဲအတူလိုက်​ရန်​​ ခေါ်ခဲ့​ကြောင်​း၊ ကျ​ရှောင်​မှ ဖုန်​းဆက်​​နေသဖြင်​့ ဆဲ၍​ခေါ်ဆိုရာမှ မ​ကျေမနပ်​ဖြစ်​ကာ တူမီး​သေနတ်​ဖြင်​့ တစ်​ချက်​ပစ်​ခတ်​ခဲ့သဖြင်​့ အိုက်​ဘိုလဲကျသွားစဉ်​ ကျ​ရှောင်​မှာ အိမ်​သို့ပြန်​သွားခဲ့​ကြောင်​း၊ ဒဏ်​ရာရရှိသူ အိုက်​ဘိုမှာ လဲကျ​နေရာမှ လျှိုအတွင်​း သွား​ရောက်​ပုန်​း​အောင်​း၍ ဇနီးဖြစ်​သူထံဖုန်​း ဆက်​ခဲ့​ကြောင်​း၊၎င်း၏ ဇနီး မနားလယ်​မှ ဌာ​နပြေည်​သူ့စစ်​​ခေါင်​း​ဆောင် ဦးကျအီးထံ အ​ကြောင်းကြား၍​လိုက်လံရှာ​​ဖွေခဲ့ရာ၂၀၁၆​ခုနှစ် အောက်​တိုဘာ(၁)ရက်​(နေ့ (ဝဝး၃၀)ချိန်​ခန်​့တွင်​ အသံ​ပေး​ခေါ်ယူရာမှ ဒဏ်​ရာများဖြင်​့ အိုက်​ဘိုအား ပြန်​လည်​​တွေ့ရှိခဲ့​ကြောင်​း သိရသည်​။

"အိုက်​ဘိုကို ရှာ​တွေ့​တော့ နားဖ​ယောင်​းရွာကို ပြန်​သယ်​လာတယ်​၊ ကျ​ရှောင်​ကို လည်​းရွာကသူ့အိမ်​မှာ​တွေ့တာနဲ့ ဖမ်​းပြီး ရဲစခန်​းကိုလာအပ်​ခဲ့တာ"ဟု ပြည်​သူ့စစ်​​ခေါင်​း​ဆောင်​ ဦးကျအီးက ပြောသည်​။

ပြစ်​မှုကျူးလွန်​ခဲ့သူ ကျ​ရှောင် (ခ) ကျ​ဆော်​အားနယ်​​မြေခံနား​ကောင်​းမှူးရဲစခန်​းတွင် (ပ)၂/၂၀၁၆၊ ရာဇသတ်​ကြီးပုဒ်​မ(၃၀၇)အရ အမှုဖွင့်ကာ အရေးယူးထားကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - အောင်ဇေယျ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~