ဝမ္တာပင္းဂိတ္ ရုတ္တရက္ ပိတ္လိုက္သျဖင့္ မိုင္းလားနယ္ေျမအတြင္း ခရီးသြားႏုိင္ငံျခားသား (၂၀)ခန္႔ ပိတ္မိေန

ဝမ္တာပင္းဂိတ္ ရုတ္တရက္ ပိတ္လိုက္သျဖင့္ မိုင္းလားနယ္ေျမအတြင္း ခရီးသြားႏုိင္ငံျခားသား (၂၀)ခန္႔ ပိတ္မိေန
အောက်တိုဘာ 24, 2016
By Tachileik News Agency

အထူးေဒသ(၄)မိုင္းလားနယ္ေျမဘက္မွ ရုတ္တရက္အေၾကာင္းမၾကားဘဲ ဂိတ္ပိတ္လိုက္သျဖင့္ ထုိင္းႏိုင္ငံ မယ္ဆိုင္မွ နယ္စပ္ျဖတ္ေက်ာ္ခြင့္ျဖင့္ မိုင္းလားၿမိဳ႕သို႔သြားေရာက္သည့္ ႏိုင္ငံျခားသား(၂၀)ဦးခန္႔ မိုင္းလားၿမိဳ႕တြင္ ပိတ္မိေနေၾကာင္း သိရသည္။

"ကၽြန္မနဲ႔ ပါလာတဲ့ ႏိုင္ငံျခားသားက (၃)ေယာက္ပါတယ္။ မနက္က မိုင္းလားက လဝကရံုးသြားေမးတာ။ ႏိုင္ငံျခားသား (၂၀)ေလာက္ရွိတယ္ေျပာတယ္။ အဓိက ပိတ္တာ ၀မ္တာပင္းမွာ။ မိုင္းလားတပ္ဖြဲ႕ေတြ ထိုင္ေနတဲ့ ဂိတ္က ျဖတ္သန္းခြင့္ မေပးတာ။ ေလာေလာဆယ္ပိတ္တာေတာ့ ႏွစ္ဖက္လံုးက ပိတ္ထားတယ္"ဟု မိုင္းလားၿမိဳ႕တြင္ ႏိုင္ငံျခားသားဧည့္သည္မ်ားႏွင့္အတူ ေရာက္ရွိေနသည့္ အမ်ဳိးသမီးတစ္ဦးက ေျပာသည္။

ႏိုင္ငံျခားသားမ်ား အေနျဖင့္ ထိုင္းႏုိင္ငံမွ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္(EP)ျဖင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္၊ မိုင္းလား၊ က်ိဳင္းတံုႏွင့္ မိုင္းျဖတ္ၿမိဳ႕မ်ားသို႔ ႏွစ္ပတ္အထိသာ ခြင့္ျပဳထားျခင္းျဖစ္ၿပီး သတ္မွတ္ေန႔ရက္တြင္ ထိုင္းႏိုင္ငံအတြင္း ျပန္လည္၀င္ေရာက္ရမည္ျဖစ္ေၾကာင္း သိရသည္။

"မေန႔ညေနက ၀မ္တာပင္းဂိတ္ကိုေရာက္တယ္။ ေရာက္တဲ့အခ်ိန္မွာ ျမန္မာဂိတ္လည္း ပိတ္ထားတယ္။ ကြ်န္ေတာ္နဲ႔ပါတာ ႏိုင္ငံျခားသားေတြက စာရြက္စာတမ္းကလည္း တစ္ရက္အသြားအျပန္နဲ႔ အခ်က္အလက္ ျပည့္စံုေတာ့ လ၀က ျပည္နယ္မွဴးရဲ႕ လမ္းညႊန္မႈနဲ႔ တာပင္းတာ၀န္ခံလ၀ကအရာရွိက   ဝမ္တာပင္းကေန က်ိဳင္းတံုကို ျပန္လိုက္ပို႔ေပးတယ္"ဟု မိုင္းလားသို႔ ႏိုင္ငံျခားသားခရီးသြားမ်ားအား ေမာ္ေတာ္ယာဥ္ျဖင့္ လိုက္လံပို႔ေဆာင္ေပးသူ ကိုဆန္း၀င္းက ေျပာသည္။

ဝမ္တာပင္းဂိတ္ကို မိုင္းလားေဒသဘက္မွ ေအာက္တိုဘာလ (၂၃)ရက္ေန႔ ညေနပိုင္းတြင္ ျဖတ္သန္းခြင့္ ပိတ္ပင္ထားလိုက္သည့္အတြက္ တပ္မေတာ္မွ လံုျခံဳေရးယူထားသည့္ ၀မ္တာပင္း ပူးေပါင္းစစ္ေဆးေရးဂိတ္ႏွင့္ မိုင္းလားနယ္ေျမအတြင္း "၀"တပ္မွ တပ္စြဲထားသည့္ ဂိတ္ (၂)ဂိတ္မွာ မိုင္(၂၀)ခန္႔အတြင္း ၀မ္တာပင္းေက်းရြာမွ က်ိဳင္းတံုၿမိဳ႕သို႔ ေက်ာင္းတက္ရန္လာေသာ ကေလးငယ္မ်ားႏွင့္ ေဒသတြင္း ခရီးသြားမ်ား ပိတ္မိေနၿပီး ၎တို႔မွာ မိုင္းလားသို႔လည္း ဝင္ခြင့္မရဘဲျဖစ္ေနေၾကာင္း သိရသည္။

"ႏိုင္ငံျခားသားေတြ ပိတ္မိေနတဲ့အေၾကာင္းကို ကၽြန္ေတာ့္ဆီေတာ့ အခုခ်ိန္အထိ သတင္းပို႔လာတာ မရွိေသးဘူး။ တကယ္လို႔ သတင္းပို႔လာရင္ ကၽြန္ေတာ္ေျဖရွင္းေပးမွာပါ။ သူတို႔ေတြ ျပန္လာလို႔မရဘူး ဆိုရင္လည္း ကၽြန္ေတာ့္ဆီဖုန္းဆက္ေပးခိုင္းပါ။ အဆင္ေျပေအာင္ ေျဖရွင္းေပးပါ့မယ္။ အေထာက္အထား ျပည့္ျပည့္စံုေလးေတာ့လိုတယ္"ဟု ဒုတိယျပည္နယ္ လ၀က ဦးစီးဌာနမွဴး ဦးကိုကိုေသာ္က Tachileik News Agency သို႔ ေျပာသည္။

အထူးေဒသ(၄)မိုင္းလားၿမိဳ႕ႏွင့္ ဆက္သြယ္ထားသည့္ ၀င္/ထြက္ေပါက္မ်ားျဖစ္သည့္ ဝမ္တာပင္းဂိတ္ႏွင့္ မိုင္းယုဂိတ္မ်ားအား ေအာက္တိုဘာလ(၂၃)ရက္ ညေနပိုင္းတြင္ မိုင္းလားနယ္ေျမအတြင္း တပ္စြဲထားသည့္ "၀"တပ္ဖြဲ႕မွ အေၾကာင္းၾကားျခင္းမရွိဘဲ ပိတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုဇက္


~~~~~~~~⊰❂ unicode ~~~~~~~~

အထူးဒေသ(၄)မိုင်းလားနယ်မြေဘက်မှ ရုတ်တရက်အကြောင်းမကြားဘဲ ဂိတ်ပိတ်လိုက်သဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်မှ နယ်စပ်ဖြတ်ကျော်ခွင့်ဖြင့် မိုင်းလားမြို့သို့သွားရောက်သည့် နိုင်ငံခြားသား(၂၀)ဦးခန့် မိုင်းလားမြို့တွင် ပိတ်မိနေကြောင်း သိရသည်။
"ကျွန်မနဲ့ ပါလာတဲ့ နိုင်ငံခြားသားက (၃)ယောက်ပါတယ်။ မနက်က မိုင်းလားက လဝကရုံးသွားမေးတာ။ နိုင်ငံခြားသား (၂၀)လောက်ရှိတယ်ပြောတယ်။ အဓိက ပိတ်တာ ဝမ်တာပင်းမှာ။ မိုင်းလားတပ်ဖွဲ့တွေ ထိုင်နေတဲ့ ဂိတ်က ဖြတ်သန်းခွင့် မပေးတာ။ လောလောဆယ်ပိတ်တာတော့ နှစ်ဖက်လုံးက ပိတ်ထားတယ်"ဟု မိုင်းလားမြို့တွင် နိုင်ငံခြားသားဧည့်သည်များနှင့်အတူ ရောက်ရှိနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
နိုင်ငံခြားသားများ အနဖြေင့် ထိုင်းနိုင်ငံမှ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(EP)ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်၊ မိုင်းလား၊ ကျိုင်းတုံနှင့် မိုင်းဖြတ်မြို့များသို့ နှစ်ပတ်အထိသာ ခွင့်ပြုထားခြင်းဖြစ်ပြီး သတ်မှတ်နေ့ရက်တွင် ထိုင်းနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
"မနေ့ညနေက ဝမ်တာပင်းဂိတ်ကိုရောက်တယ်။ ရောက်တဲ့အချိန်မှာ မြန်မာဂိတ်လည်း ပိတ်ထားတယ်။ ကျွန်တော်နဲ့ပါတာ နိုင်ငံခြားသားတွေက စာရွက်စာတမ်းကလည်း တစ်ရက်အသွားအပြန်နဲ့ အချက်အလက် ပြည့်စုံတော့ လဝက ပြည်နယ်မှူးရဲ့ လမ်းညွှန်မှုနဲ့ တာပင်းတာဝန်ခံလဝကအရာရှိက ဝမ်တာပင်းကနေ ကျိုင်းတုံကို ပြန်လိုက်ပို့ပေးတယ်"ဟု မိုင်းလားသို့ နိုင်ငံခြားသားခရီးသွားများအား မော်တော်ယာဉ်ဖြင့် လိုက်လံပို့ဆောင်ပေးသူ ကိုဆန်းဝင်းက ပြောသည်။
ဝမ်တာပင်းဂိတ်ကို မိုင်းလားဒေသဘက်မှ အောက်တိုဘာလ (၂၃)ရက်နေ့ ညနေပိုင်းတွင် ဖြတ်သန်းခွင့် ပိတ်ပင်ထားလိုက်သည့်အတွက် တပ်မတော်မှ လုံခြုံရေးယူထားသည့် ဝမ်တာပင်း ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် မိုင်းလားနယ်မြေအတွင်း "ဝ"တပ်မှ တပ်စွဲထားသည့် ဂိတ် (၂)ဂိတ်မှာ မိုင်(၂၀)ခန့်အတွင်း ဝမ်တာပင်းကျေးရွာမှ ကျိုင်းတုံမြို့သို့ ကျောင်းတက်ရန်လာသော ကလေးငယ်များနှင့် ဒေသတွင်း ခရီးသွားများ ပိတ်မိနပြေီး၎င်းတို့မှာ မိုင်းလားသို့လည်း ဝင်ခွင့်မရဘဲဖြစ်နေကြောင်း သိရသည်။
"နိုင်ငံခြားသားတွေ ပိတ်မိနေတဲ့အကြောင်းကို ကျွန်တော့်ဆီတော့ အခုချိန်အထိ သတင်းပို့လာတာ မရှိသေးဘူး။ တကယ်လို့ သတင်းပို့လာရင် ကျွန်တော်ဖြေရှင်းပေးမှာပါ။ သူတို့တွေ ပြန်လာလို့မရဘူး ဆိုရင်လည်း ကျွန်တော့်ဆီဖုန်းဆက်ပေးခိုင်းပါ။ အဆင်ပြေအောင် ဖြေရှင်းပေးပါ့မယ်။ အထောက်အထား ပြည့်ပြည့်စုံလေးတော့လိုတယ်"ဟု ဒုတိယပြည်နယ် လဝက ဦးစီးဌာနမှူး ဦးကိုကိုသော်က Tachileik News Agency သို့ ပြောသည်။
အထူးဒေသ(၄)မိုင်းလားမြို့နှင့် ဆက်သွယ်ထားသည့် ဝင်/ထွက်ပေါက်များဖြစ်သည့် ဝမ်တာပင်းဂိတ်နှင့် မိုင်းယုဂိတ်များအား အောက်တိုဘာလ(၂၃)ရက် ညနေပိုင်းတွင် မိုင်းလားနယ်မြေအတွင်း တပ်စွဲထားသည့် "ဝ"တပ်ဖွဲ့မှ အကြောင်းကြားခြင်းမရှိဘဲ ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~