ထိုင်းနိုင်ငံအတွင်း ခရိုင်များ အလိုက် လုပ်အားခလစာများ တိုးမြှင့်မှု ၂၀၁၇ တွင် အသက်ဝင်မည်

ထိုင်းနိုင်ငံအတွင်း ခရိုင်များ အလိုက် လုပ်အားခလစာများ တိုးမြှင့်မှု ၂၀၁၇ တွင် အသက်ဝင်မည်
အောကျတိုဘာ 31, 2016
By Tachileik News Agency




ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (SERC) နှင့် ထိုင်းနိုင်လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအသီးသီး အပါအဝင် ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) တို့ စုပေါင်း တောင်းဆိုခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ဒုတိယပတ်အတွင်းကျင်းပသော ထိုင်းအစိုးရ အလုပ်သမား ၀န်ကြီးဌာန၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် လုပ်ခတိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


နေ့စားခ ဘတ်(၃၀၀)မှ (၃၀၅)ဘတ် တိုးမြှင့်သတ်မှတ်လိုက်သည့် ခရိုင်(၄၉)ခုတွင် မယ်ဟောင်ဆောင်၊ လန်းပန်း၊ ကန်ချာပူရီခရိုင်များပါဝင်ပြီး (၃၀၀)ဘတ်မှ (၃၀၈)ဘတ် တိုးမြှင့်သတ်မှတ်လိုက်သည့်ခရိုင်မှာ ချင်းမိုင်၊ ချွန်ဘူရီ၊ ဆူရတ်ဌာနီခရိုင်တို့ ပါဝင်သည့် (၁၃)ခရိုင်၊ ဘတ်(၃၀၀)မှ (၃၁၀)ဘတ်သို့ တိုးမြှင့်သတ်မှတ်လိုက်သည့် ခရိုင်မှာ (၇)ခရိုင်တွင် ဘန်ကောက်မြို့တော်နှင့် အနီးတစ်ဝိုက်ရှိ နခွန်ပထုံ၊ နွန်ထဘူရီ၊ ပထုံဌာနီ၊ စမွတ်ပရာကန်၊ စမွတ်ဆာခွန်၊ ဖူးကစ် တို့ပါဝင်ကြောင်း သိရသည်။

လုပ်ခလစာ လုံးဝတိုးမြှင့်သတ်မှတ်ခြင်းမရှိသည့် ခရိုင်(၈)ခုမှာ စင်ခဘူရီ၊ ချုံဖော်၊ နခွန်စီဌာမရာ့၊ တရာန်၊ ရနောင်း၊ နာရာသီဝ၊ ပတနီ၊ ယလာ့ခရိုင်များဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇက်


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားအရေး လှုပ်ရှားသူများက အလုပ်သမားများအား အခြေခံ လုပ်ခလစာအဖြစ် ဘတ်(၃၆၀)ထိ တိုးမြှင့်ပေးရန် တောင်းဆိုထားသော်လည်း ထိုင်းအစိုးရက မူလသတ်မှတ်လစာထက် အနိမ့်ဆုံး (၅) ဘတ်မှ အမြင့်ဆုံး(၁၀)ဘတ်အထိ တိုးပေးလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်သမားများ၏ နေ့စားခအဖြစ် အနည်းဆုံး တစ်ရက်လုပ်ခ ဘတ်(၃၀၀) သတ်မှတ်ထားသည်ကို (၃၆၉)ဘတ်အထိ ထပ်မံတိုးမြှင့်ပေးရန် တောင်းဆိုထားကြခြင်းဖြစ်ကြောင်း သိရသည်။

"လုပ်ခတိုးပေးတာကို အုပ်စု(၃)အုပ်စုခွဲလိုက်တယ်။ ပထမအုပ်စုက (၅)ဘတ်၊ ဒုတိယအုပ်စုက(၈)ဘတ်နဲ့ တတိယအုပ်စု(၁၀)ဘတ်ဆိုပြီး လစာတိုးတာ ခရိုင်ပေါင်း(၆၉)ခရိုင်မှာ။ မတိုးတဲ့ခရိုင်ကတော့ (၈)ခရိုင်လောက် ကျန်သေးတယ်။ အဓိကတော့ ထိုင်းနိုင်ငံအလုပ်သမားအဖွဲ့အစည်းတွေနဲ့ ရွှေ့ပြောင်း အလုပ်သမား ကွန်ရက်တို့က တောင်းဆိုခဲ့တာ။ "ဟု ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား အကူအညီပေးနေသည့် AAC အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (SERC) နှင့် ထိုင်းနိုင်လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအသီးသီး အပါအဝင် ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) တို့ စုပေါင်း တောင်းဆိုခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ဒုတိယပတ်အတွင်းကျင်းပသော ထိုင်းအစိုးရ အလုပ်သမား ဝန်ကြီးဌာန၏ အစည်းအေဝးဆုံးဖြတ်ချက်ဖြင့် လုပ်ခတိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုးမြှင့်လိုက်သည့် လုပ်ခလစာအား ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ(၁)ရက်နေ့တွင် အလုပ်သမားများ စတင်ခံစားရမည် ဖြစ်ကြောင်း သိရသည်။

နေ့စားခ ဘတ်(၃၀၀)မှ (၃၀၅)ဘတ် တိုးမြှင့်သတ်မှတ်လိုက်သည့် ခရိုင်(၄၉)ခုတွင် မယ်ဟောင်ဆောင်၊ လန်းပန်း၊ ကန်ချာပူရီခရိုင်များပါဝင်ပြီး (၃၀၀)ဘတ်မှ (၃၀၈)ဘတ် တိုးမြှင့်သတ်မှတ်လိုက်သည့်ခရိုင်မှာ ချင်းမိုင်၊ ချွန်ဘူရီ၊ ဆူရတ်ဌာနီခရိုင်တို့ ပါဝင်သည့် (၁၃)ခရိုင်၊ ဘတ်(၃၀၀)မှ (၃၁၀)ဘတ်သို့ တိုးမြှင့်သတ်မှတ်လိုက်သည့် ခရိုင်မှာ (၇)ခရိုင်တွင် ဘန်ကောက်မြို့တော်နှင့် အနီးတစ်ဝိုက်ရှိ နခွန်ပထုံ၊ နွန်ထဘူရီ၊ ပထုံဌာနီ၊ စမွတ်ပရာကန်၊ စမွတ်ဆာခွန်၊ ဖူးကစ် တို့ပါဝင်ကြောငး် သိရသည်။

လုပ်ခလစာ လုံးဝတိုးမြှင့်သတ်မှတ်ခြင်းမရှိသည့် ခရိုင်(၈)ခုမှာ စင်ခဘူရီ၊ ချုံဖော်၊ နခွန်စီဌာမရာ့၊ တရာန်၊ ရနောင်း၊ နာရာသိီဝ၊ ပတနီ၊ ယလာ့ခရိုင်များဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~