နယ္စပ္ၿမိဳ႕ တာခ်ီလိတ္တြင္ ႏိုင္ငံေတာ္သီခ်င္းဖြင့္၍ အေလးျပဳမည့္အစီအစဥ္ ေအာက္တိုဘာတြင္ စတင္မည္

နယ္စပ္ၿမိဳ႕ တာခ်ီလိတ္တြင္ ႏိုင္ငံေတာ္သီခ်င္းဖြင့္၍ အေလးျပဳမည့္အစီအစဥ္ ေအာက္တိုဘာတြင္ စတင္မည္
အောက်တိုဘာ 7, 2016
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ အမ်ိဳးသားေရး စိတ္ဓာတ္ ျမင့္မားေရး အတြက္ ႏိုင္ငံေတာ္သီခ်င္းဖြင့္၍ အေလးျပဳမည့္ အစီအစဥ္ကို ေအာက္တိုဘာလအတြင္း လုပ္ေဆာင္ သြားမည္ျဖစ္ရာ ေဒသတြင္း ပူးေပါင္းပါဝင္မႈမွာ အေရးႀကီးေၾကာင္း တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴးက တိုက္တြန္းလိုက္သည္။

"ၿမိဳ႕တြင္းမွာ ဖြင့္ဖို ့အတြက္ စီစဥ္ထားၿပီးပါၿပီ။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ အစည္းအေ၀းလည္း လုပ္ဖို ့ ရိွပါတယ္။ ဒီၿမိဳ႕က ရပ္ကြက္ေတြတိုင္းရဲ႕ ဓာတ္တို္င္ေတြမွာ ေလာ္စပီကာေတြလည္း ရိွတဲ့အတြက္ ဒါေတြကို ျပန္ၿပီးေတာ့ ေပါင္းစပ္ညႇိႏိႈင္းရမွာေပါ့။ ေဒသကလည္း အားလုံးစုေပါင္း ပါ၀င္မွ ဒီကိစၥက ျဖစ္ေျမာက္မွာပါ။"ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အစီအစဥ္ ျဖစ္ေျမာက္ေရးအတြက္ အစည္းအေဝးတြင္ ညိႇႏိႈင္းေဆြးေႏြးသြားမည္ျဖစ္ၿပီး ရလဒ္မ်ားကို ျပည္သူမ်ားထံ အသိေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို ့ ရွမ္း(အေရွ ့)က ထိုင္းႏိုင္ငံရဲ႕ အေလ့အထကိုပဲ စိတ္ထဲမွာ ရိွေနတဲ့အတြက္ အဲ့လိုလည္း ကၽြန္ေတာ္ မျဖစ္ေစခ်င္ဘူး။ သူမ်ားႏိုင္ငံလိုပဲ ကိုယ့္ႏိုင္ငံမွာလည္း ဒါမ်ိဳး အေလ့အထေတြရိွတယ္။ ေနာက္ၿပီးေတာ့ ဇာတိေသြး၊ ဇာတိမာန္တက္ႀကြဖို ့အတြက္ကို ရည္ရြယ္ၿပီး လုပ္သြားမွာပါ။"ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက ဆုိသည္။

ႏိုင္ငံေတာ္သီခ်င္းဖြင့္၍ အေလးျပဳမည့္ အစီအစဥ္ကို ေန႔စဥ္ နံနက္(၁)ႀကိမ္၊ ညေန(၁)ႀကိမ္ျပဳလုပ္မွာျဖစ္ၿပီး၊ အမွတ္(၁)၊အမွတ္(၂)ခ်စ္ၾကည္ေရးတံတားမွစ၍ ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ ဖြင့္လွစ္သြားမွာ ျဖစ္ၿပီး အေသးစိပ္ကိုေတာ့ ဆက္လက္ေဆြးေႏြးသြားမွာ ျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံႏွင့္ နယ္စပ္ၿမိဳ႕ျဖစ္သည့္ ျမဝတီၿမိဳ႕တြင္ ေဒသခံမ်ား အမ်ိဳးသားေရးစိတ္ဓာတ္ျမင့္မားေရးအတြက္ ႏိုင္ငံေတာ္သီခ်င္းဖြင့္၍ အေလးျပဳျခင္းကို ၂၀၁၆ခုႏွစ္၊ ဇူလိုင္လကတည္းက စတင္ကာ ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့တွင် အမျိုးသားရေး စိတ်ဓာတ် မြင့်မားရေး အတွက် နိုင်ငံတော်သီချင်းဖွင့်၍ အလေးပြုမည့် အစီအစဉ်ကို အောက်တိုဘာလအတွင်း လုပ်ဆောင် သွားမည်ဖြစ်ရာ ဒေသတွင်း ပူးပေါင်းပါဝင်မှုမှာ အရေးကြီးကြောင်း တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးက တိုက်တွန်းလိုက်သည်။

"မြို့တွင်းမှာ ဖွင့်ဖို့အတွက် စီစဉ်ထားပြီးပါပြီ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အစည်းအေဝးလည်း လုပ်ဖို့ ရှိပါတယ်။ ဒီမြို့က ရပ်ကွက်တွေတိုင်းရဲ့ ဓာတ်တို်င်တွေမှာ လော်စပီကာတွေလည်း ရှိတဲ့အတွက် ဒါတွေကို ပြန်ပြီးတော့ ပေါင်းစပ်ညှိနှိုင်းရမှာပေါ့။ ဒေသကလည်း အားလုံးစုပေါင်း ပါဝင်မှ ဒီကိစ္စက ဖြစ်မြောက်မှာပါ။"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အစီအစဉ် ဖြစ်မြောက်ရေးအတွက် အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး ရလဒ်များကို ပြည်သူများထံ အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ရှမ်း(အရှေ့)က ထိုင်းနိုင်ငံရဲ့ အလေ့အထကိုပဲ စိတ်ထဲမှာ ရှိနေတဲ့အတွက် အဲ့လိုလည်း ကျွန်တော် မဖြစ်စေချင်ဘူး။ သူများနိုင်ငံလိုပဲ ကိုယ့်နိုင်ငံမှာလည်း ဒါမျိုး အလေ့အထတွေရှိတယ်။ နောက်ပြီးတော့ ဇာတိသွေး၊ ဇာတိမာန်တက်ကြွဖို့အတွက်ကို ရည်ရွယ်ပြီး လုပ်သွားမှာပါ။"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဆိုသည်။

နိုင်ငံတော်သီချင်းဖွင့်၍ အလေးပြုမည့် အစီအစဉ်ကို နေ့စဉ် နံနက်(၁)ကြိမ်၊ ညနေ(၁)ကြိမ်ပြုလုပ်မှာဖြစ်ပြီး၊ အမှတ်(၁)၊အမှတ်(၂)ချစ်ကြည်ရေးတံတားမှစ၍ မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်သွားမှာ ဖြစ်ပြီး အသေးစိပ်ကိုတော့ ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တွင် ဒေသခံများ အမျိုးသားရေးစိတ်ဓာတ်မြင့်မားရေးအတွက် နိုင်ငံတော်သီချင်းဖွင့်၍ အလေးပြုခြင်းကို ၂၀၁၆ခုနှစ်၊ ဇူလိုင်လကတည်းက စတင်ကာ ပြုလုပ်နပြေီဖြစ်ကြောင်း သိရှိရသည်။

သတင်း - #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~