မိုင္းလား ႏွင့္ ဝမ္တာပင္းဂိတ္ႏွစ္ခုၾကား ပိတ္မိေနသည့္ ဌာနဆိုင္ရာ ဝန္ထမ္းႏွင့္ ခရီးသြားစာရင္းမ်ား စိစစ္ေန

မိုင္းလား ႏွင့္ ဝမ္တာပင္းဂိတ္ႏွစ္ခုၾကား ပိတ္မိေနသည့္ ဌာနဆိုင္ရာ ဝန္ထမ္းႏွင့္ ခရီးသြားစာရင္းမ်ား စိစစ္ေန
အောက်တိုဘာ 24, 2016
By Tachileik News Agency

က်ဳိင္းတံု - မိုင္းလားအၾကားရွိ ဝမ္တာပင္းစုေပါင္းဂိတ္အား ေအာက္တိုဘာလ(၂၃)ရက္ေန႔က ရုတ္တရက္ ပိတ္လိုက္ျခင္းေၾကာင့္ ဂိတ္ႏွစ္ခုအၾကားႏွင့္ မိုင္းလားဘက္ျခမ္းတြင္ ပိတ္မိေနေသာ ဌာနဆိုင္ရာ ၀န္ထမ္းမ်ားႏွင့္ ခရီးသြားဧည့္သည္စာရင္းမ်ားကို သက္ဆိုင္ရာအလိုက္ ျပဳစုေနေၾကာင္း သိရသည္။

"အခုက ႏွစ္ဘက္လံုး အသြားအလာေတြကို အကုန္ပိတ္ထားတာ။ အခု ၾကားထဲမွာ ပိတ္မိေနတဲ့ ဌာနဆိုင္ရာေတြနဲ႔ မိသားစု၀င္ေတြ ဘယ္ေလာက္ရွိလဲ ဆိုတာေတြ ေနာက္ၿပီး က်ဳိင္းတံုမွာေနၿပီး ဟိုဘက္ကို သြားလည္တ့ဲသူတို႔၊ အလုပ္သြားလုပ္တဲ့သူတို႔ေတြက က်ဳိင္းတံုဘက္ကို ျပန္လာခ်င္တာ ဘယ္ႏွစ္ဦးရွိလဲ ဆိုတာေတြကို စာရင္းျပဳစုေနၾကတယ္"ဟု အမည္မေဖာ္လိုသည့္ အစိုးရအရာရွိတစ္ဦးက Tachileik News Agency ( တာခ်ီလိတ္သတင္းေအဂ်င္စီ )သို႔ ေျပာသည္။

မိုင္းလားနယ္ေျမအတြင္းရွိ ဂိတ္ႏွင့္ တပ္မေတာ္ကလံုၿခံဳေရးယူထားသည့္ ၀မ္တာပင္း စုေပါင္းဂိတ္ႏွစ္ခုၾကား မိုင္(၂၀)ခန္႔ကြာေ၀းၿပီး ဂိတ္ႏွစ္ခုၾကား ေက်းရြာမ်ားတြင္ ပိတ္မိေနေသာ ခရီးသြားမ်ားမွာ မိုင္းလားႏွင့္ က်ိဳင္းတံု ႏွစ္ဖက္စလံုးသို႔ ဝင္ခြင့္ မရေသးေၾကာင္း သိရသည္။

"ထိုင္းက ခရီးသြားေတြဆိုလည္း အဲဒီဘက္မွာ ေရာက္ေနတယ္။ သူတို႔ဘက္က အေၾကာင္းၾကားလာရင္ အလည္အပတ္သြားတာ ဘယ္သူေတြရွိတယ္ဆိုတာကို စိစစ္သြားမွာပါ။ ဒီဘက္ကို ျပန္လာရမယ့္ လူကေတာ့ ျပန္လာရမွာပါ။ အႏၱရာယ္ေတာ့ မရွိပါဘူး။ ကာလေလးတစ္ခုပါပဲ"ဟု အဆိုပါ အရာရိွက ဆိုသည္။
ဂိတ္ႏွစ္ခုအၾကား ေက်းရြာမ်ားတြင္ ပိတ္မိေနသူမ်ားတြင္ ခရီးသြား(၃၀)ခန္႔ႏွင့္ က်ိဳင္းတံုသို႔ ေက်ာင္းလာတက္မည့္သူမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

"ဟိုဘက္လည္း သြားလို႔မရဘူး။ ဒီဘက္လည္း သြားလို႔မရဘူး။ ယခုလက္ရွိေတာ့ ေက်းရြာေတြမွာရွိတဲ့ အိမ္ေတြမွာ တည္းခိုေနပါတယ္။ မိုင္းလားျပန္သြားမယ္ဆိုလည္း "၀"တပ္ဖြဲ႕က ပိတ္ထားတယ္။ ၀မ္တာပင္း စုေပါင္းဂိတ္မွာ တပ္စြဲထားတဲ့ ျမန္မာ့တပ္မေတာ္ကလည္း ပိတ္ထားတယ္။ ေပးမသြားဘူး။ ရြာမွာေတာ့ ေအးေအးေဆးေဆးပါပဲ။ အခုလက္ရွိတည္းေနတာ ၀မ္တာပင္းေက်းရြာပါ"ဟု ပိတ္မိေနသူတစ္ဦးက ေျပာသည္။

၀မ္တာပင္းေက်းရြာမွာ လူဦးေရမ်ားျပားသည့္ ေက်းရြာျဖစ္ျပီး ဂိတ္(၂)ခုၾကားရိွ ေက်းရြာငယ္မ်ားမွ ေဒသခံမ်ားမွာလည္း လတ္တေလာတြင္ ႏွစ္ဘက္စလံုးသို႔ ျဖတ္သန္းသြားလာခြင့္မရိွျဖစ္ေနေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

 ကျိုင်းတုံ - မိုင်းလားအကြားရှိ ဝမ်တာပင်းစုပေါင်းဂိတ်အား အောက်တိုဘာလ(၂၃)ရက်နေ့က ရုတ်တရက် ပိတ်လိုက်ခြင်းကြောင့် ဂိတ်နှစ်ခုအကြားနှင့် မိုင်းလားဘက်ခြမ်းတွင် ပိတ်မိနေသော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ခရီးသွားဧည့်သည်စာရင်းများကို သက်ဆိုင်ရာအလိုက် ပြုစုနေကြောင်း သိရသည်။

"အခုက နှစ်ဘက်လုံး အသွားအလာတွေကို အကုန်ပိတ်ထားတာ။ အခု ကြားထဲမှာ ပိတ်မိနေတဲ့ ဌာနဆိုင်ရာတွေနဲ့ မိသားစုဝင်တွေ ဘယ်လောက်ရှိလဲ ဆိုတာတွေ နောက်ပြီး ကျိုင်းတုံမှာနပြေီး ဟိုဘက်ကို သွားလည်တဲ့သူတို့၊ အလုပ်သွားလုပ်တဲ့သူတို့တွေက ကျိုင်းတုံဘက်ကို ပြန်လာချင်တာ ဘယ်နှစ်ဦးရှိလဲ ဆိုတာတွေကို စာရင်းပြုစုနကြေတယ်"ဟု အမည်မဖော်လိုသည့် အစိုးရအရာရှိတစ်ဦးက Tachileik News Agency ( တာချီလိတ်သတင်းအေဂျင်စီ )သို့ ပြောသည်။

မိုင်းလားနယ်မြေအတွင်းရှိ ဂိတ်နှင့် တပ်မတော်ကလုံခြုံရေးယူထားသည့် ဝမ်တာပင်း စုပေါင်းဂိတ်နှစ်ခုကြား မိုင်(၂၀)ခန့်ကွောဝးပြီး ဂိတ်နှစ်ခုကြား ကျေးရွာများတွင် ပိတ်မိနေသော ခရီးသွားများမှာ မိုင်းလားနှင့် ကျိုင်းတုံ နှစ်ဖက်စလုံးသို့ ဝင်ခွင့် မရသေးကြောင်း သိရသည်။

"ထိုင်းက ခရီးသွားတွေဆိုလည်း အဲဒီဘက်မှာ ရောက်နေတယ်။ သူတို့ဘက်က အကြောင်းကြားလာရင် အလည်အပတ်သွားတာ ဘယ်သူတွေရှိတယ်ဆိုတာကို စိစစ်သွားမှာပါ။ ဒီဘက်ကို ပြန်လာရမယ့် လူကတော့ ပြန်လာရမှာပါ။ အန္တရာယ်တော့ မရှိပါဘူး။ ကာလလေးတစ်ခုပါပဲ"ဟု အဆိုပါ အရာရှိက ဆိုသည်။
ဂိတ်နှစ်ခုအကြား ကျေးရွာများတွင် ပိတ်မိနေသူများတွင် ခရီးသွား(၃၀)ခန့်နှင့် ကျိုင်းတုံသို့ ကျောင်းလာတက်မည့်သူများလည်း ပါဝင်ကြောင်း သိရသည်။

"ဟိုဘက်လည်း သွားလို့မရဘူး။ ဒီဘက်လည်း သွားလို့မရဘူး။ ယခုလက်ရှိတော့ ကျေးရွာတွေမှာရှိတဲ့ အိမ်တွေမှာ တည်းခိုနေပါတယ်။ မိုင်းလားပြန်သွားမယ်ဆိုလည်း "ဝ"တပ်ဖွဲ့က ပိတ်ထားတယ်။ ဝမ်တာပင်း စုပေါင်းဂိတ်မှာ တပ်စွဲထားတဲ့ မြန်မာ့တပ်မတော်ကလည်း ပိတ်ထားတယ်။ ပေးမသွားဘူး။ ရွာမှာတော့ အေးအေးဆေးဆေးပါပဲ။ အခုလက်ရှိတည်းနေတာ ဝမ်တာပင်းကျေးရွာပါ"ဟု ပိတ်မိနေသူတစ်ဦးက ပြောသည်။

ဝမ်တာပင်းကျေးရွာမှာ လူဦးရေများပြားသည့် ကျေးရွာဖြစ်ပြီး ဂိတ်(၂)ခုကြားရှိ ကျေးရွာငယ်များမှ ဒေသခံများမှာလည်း လတ်တလောတွင် နှစ်ဘက်စလုံးသို့ ဖြတ်သန်းသွားလာခွင့်မရှိဖြစ်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~