မိုင္းလားေဒသ ၀မ္တာပင္းႏွင့္ မိုင္းယုဂိတ္ မဖြင့္ေသး၍ ကုန္စည္လုပ္သားမ်ား အလုပ္လက္မဲ့ျဖစ္ေန

မိုင္းလားေဒသ ၀မ္တာပင္းႏွင့္ မိုင္းယုဂိတ္ မဖြင့္ေသး၍ ကုန္စည္လုပ္သားမ်ား အလုပ္လက္မဲ့ျဖစ္ေန
အောက်တိုဘာ 27, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းလားေဒသတြင္ ဝင္ေရာက္တပ္စြဲထားသည့္ ဝ တပ္ဖြဲ႕တခ်ဳိ႕တစ္၀က္ ျပန္လည္ထြက္ခြာ သြားၿပီ ဆိုေသာ္လည္း ရုတ္တရက္ပိတ္ထားသည့္ ၀မ္တာပင္းႏွင့္မိုင္းယုဂိတ္ ျပန္လည္ ဖြင့္လွစ္ျခင္း မရွိေသးသည့္ အတြက္ ေဒသတြင္း လုပ္ငန္းရပ္နားထားရသူ မ်ားေနေၾကာင္း သိရသည္။

"အခုလို ဂိတ္ပိတ္လိုက္ေတာ့ ထိုင္းႏိုင္ငံ မယ္ဆိုင္က အသီးေတြကိုလည္း မိုင္းလားကို ပို႔လို႔မရေတာ့ဘူး။ အဲဒီလို ပို႔လို႔မရေတာ့ မယ္ဆိုင္နဲ႔ တာခ်ီလိတ္က လုပ္သားေတြလည္း အလုပ္ လက္မဲ့ျဖစ္ေနတယ္။ ကားသမားေတြလည္း နားထားရေတာ့ ေလာေလာဆယ္ အခက္ေတြ႕ေနတာေပါ့"ဟု မယ္ဆိုင္မွ သစ္သီးမ်ားအား မိုင္းလားသို႔ ပို႔ေဆာင္သူ ကိုစိုင္းေက်ာ္က ေျပာသည္။

"မိုင္းလားဂိတ္ မပိတ္ခင္တုန္းက ဆိုရင္ေတာ့ မိုင္းလားကို ပို႔မယ့္သစ္သီးေတြ မယ္ဆိုင္မွာေရာက္ၿပီဆိုရင္ ကြ်န္ေတာ္တို႔က ေန႔တြက္ခ အေနနဲ႔ သြားသြားၿပီး ကုန္အတင္အခ် လုပ္ရတာေပါ့။ အခု ဂိတ္ပိတ္ထားတဲ့ သံုးေလးရက္ အတြင္းမွာ အလုပ္မရွိဘူး ျဖစ္ေနတယ္။ တစ္ေန႔လုပ္ တစ္ေန႔စားသမားေတြအတြက္ အခက္ေတြ႕သြားတာေပါ့ဗ်ာ"ဟု မယ္ဆိုင္ ႏွင့္ တာခ်ီလိတ္တြင္ ကုန္တင္ကုန္ခ်အျဖစ္ လုပ္ကိုင္ေနသည့္ ကိုေန၀င္းက ေျပာသည္။

က်ဳိင္းတံု - မိုင္းလားအၾကားရွိ ၀မ္တာပင္းဂိတ္ ႏွင့္ မိုင္းယုဂိတ္မ်ားကို ေအာက္တိုဘာလ (၂၃)ရက္ေန႔က ရုတ္တရက္ ပိတ္လိုက္ျခင္းေၾကာင့္ မိုင္းလားေဒသႏွင့္ဆက္သြယ္ အလုပ္ လုပ္ကိုင္ေနသူမ်ား လုပ္ငန္း ရပ္နားေနရျခင္းျဖစ္ေၾကာင္း သိရသည္။

"ကုန္သည္ေတြကေတာ့ သူတို႔မွာ ေငြရွိေတာ့ မသိသာေပမဲ့ တစ္ရက္လုပ္ တစ္ရက္စား အလုပ္သမား ဘ၀က ပိုသိသာပါတယ္။ အခု မလုပ္မရွိေတာ့ မိုင္းလားဂိတ္ေတြ အျမန္ဖြင့္ပါေစလို႔ ေမွ်ာ္လင့္ေနရတယ္။ မယ္ဆိုင္၊ တာခ်ီလိတ္က လုပ္သားေတြလိုပဲ က်ဳိင္းတံု နဲ႔ မိုင္းလားမွာရွိတဲ့ ကုန္တင္ကုန္ခ် လုပ္သားေတြလည္း ကြ်န္ေတာ္တို႔ နည္းတူပါပဲ။ ဒီဂိတ္ကို မီွခိုေနရတဲ့ အတြက္ အလုပ္မဲ့ ေနၾကတာေတြေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕မွ ကိုေက်ာ္ထြန္းက ေျပာသည္။

ထိုင္းႏိုင္ငံ မယ္ဆိုင္မွ ထိုင္းႏိုင္ငံထြက္ကုန္ပစၥည္းမ်ားကို မိုင္းလားသို႔ ၀မ္တာပင္းႏွင့္ မိုင္းယုဂိတ္မ်ားမွ တင္သြင္းေနျခင္းျဖစ္ၿပီး တရုတ္ႏိုင္ငံထြက္ပစၥည္းမ်ားကို မိုင္းလားမွတစ္ဆင့္ က်ဳိင္းတံု၊ တာခ်ီလိတ္ၿမိဳ႕မ်ားသို႔ တင္ပို႔ေနျခင္းျဖစ္သည္။

သတင္း - ကိုေဇာင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလားဒေသတွင် ဝင်ရောက်တပ်စွဲထားသည့် ဝ တပ်ဖွဲ့တချို့တစ်ဝက် ပြန်လည်ထွက်ခွာ သွားပြီ ဆိုသော်လည်း ရုတ်တရက်ပိတ်ထားသည့် ဝမ်တာပင်းနှင့်မိုင်းယုဂိတ် ပြန်လည် ဖွင့်လှစ်ခြင်း မရှိသေးသည့် အတွက် ဒေသတွင်း လုပ်ငန်းရပ်နားထားရသူ များနေကြောင်း သိရသည်။

"အခုလို ဂိတ်ပိတ်လိုက်တော့ ထိုင်းနိုင်ငံ မယ်ဆိုင်က အသီးတွေကိုလည်း မိုင်းလားကို ပို့လို့မရတော့ဘူး။ အဲဒီလို ပို့လို့မရတော့ မယ်ဆိုင်နဲ့ တာချီလိတ်က လုပ်သားတွေလည်း အလုပ် လက်မဲ့ဖြစ်နေတယ်။ ကားသမားတွေလည်း နားထားရတော့ လောလောဆယ် အခက်တွေ့နေတာပေါ့"ဟု မယ်ဆိုင်မှ သစ်သီးများအား မိုင်းလားသို့ ပို့ဆောင်သူ ကိုစိုင်းကျော်က ပြောသည်။

"မိုင်းလားဂိတ် မပိတ်ခင်တုန်းက ဆိုရင်တော့ မိုင်းလားကို ပို့မယ့်သစ်သီးတွေ မယ်ဆိုင်မှာရောက်ပြီဆိုရင် ကျွန်တော်တို့က နေ့တွက်ခ အနေနဲ့ သွားသွားပြီး ကုန်အတင်အချ လုပ်ရတာပေါ့။ အခု ဂိတ်ပိတ်ထားတဲ့ သုံးလေးရက် အတွင်းမှာ အလုပ်မရှိဘူး ဖြစ်နေတယ်။ တစ်နေ့လုပ် တစ်နေ့စားသမားတွေအတွက် အခက်တွေ့သွားတာပေါ့ဗျာ"ဟု မယ်ဆိုင် နှင့် တာချီလိတ်တွင် ကုန်တင်ကုန်ချအဖြစ် လုပ်ကိုင်နေသည့် ကိုနေဝင်းက ပြောသည်။

ကျိုင်းတုံ - မိုင်းလားအကြားရှိ ဝမ်တာပင်းဂိတ် နှင့် မိုင်းယုဂိတ်များကို အောက်တိုဘာလ (၂၃)ရက်နေ့က ရုတ်တရက် ပိတ်လိုက်ခြင်းကြောင့် မိုင်းလားဒေသနှင့်ဆက်သွယ် အလုပ် လုပ်ကိုင်နေသူများ လုပ်ငန်း ရပ်နားနေရခြင်းဖြစ်ကြောင်း သိရသည်။

"ကုန်သည်တွေကတော့ သူတို့မှာ ငွေရှိတော့ မသိသာပေမဲ့ တစ်ရက်လုပ် တစ်ရက်စား အလုပ်သမား ဘဝက ပိုသိသာပါတယ်။ အခု မလုပ်မရှိတော့ မိုင်းလားဂိတ်တွေ အမြန်ဖွင့်ပါစေလို့ မျှော်လင့်နေရတယ်။ မယ်ဆိုင်၊ တာချီလိတ်က လုပ်သားတွေလိုပဲ ကျိုင်းတုံ နဲ့ မိုင်းလားမှာရှိတဲ့ ကုန်တင်ကုန်ချ လုပ်သားတွေလည်း ကျွန်တော်တို့ နည်းတူပါပဲ။ ဒီဂိတ်ကို မှီခိုနေရတဲ့ အတွက် အလုပ်မဲ့ နကြေတာတွေပေါ့"ဟု တာချီလိတ်မြို့မှ ကိုကျော်ထွန်းက ပြောသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မှ ထိုင်းနိုင်ငံထွက်ကုန်ပစ္စည်းများကို မိုင်းလားသို့ ဝမ်တာပင်းနှင့် မိုင်းယုဂိတ်များမှ တင်သွင်းနခြေင်းဖြစ်ပြီး တရုတ်နိုင်ငံထွက်ပစ္စည်းများကို မိုင်းလားမှတစ်ဆင့် ကျိုင်းတုံ၊ တာချီလိတ်မြို့များသို့ တင်ပို့နခြေင်းဖြစ်သည်။

သတင်း - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~