တာခ်ီလိတ္ၿမိဳ႕ မယ္ဆိုင္ေခ်ာင္းအနီး က်ပ္သိန္းေပါင္း(၁၅၀)ခန္႔ တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ မယ္ဆိုင္ေခ်ာင္းအနီး က်ပ္သိန္းေပါင္း(၁၅၀)ခန္႔ တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ
အောက်တိုဘာ 9, 2016
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္၊ ေမဖလား၀ါးကြင္း၊ မယ္ဆိုင္ေခ်ာင္းအနီးတြင္ အမ်ဳိးသားတစ္ဦးထံမွ က်ပ္သိန္းေပါင္း (၁၅၀)ခန္႔ တန္ဖိုးရွိ စိတ္ၾကြေဆးျပားမ်ားကို ပူးေပါင္းအဖြဲ႔ျဖင့္ ဖမ္းဆီးရမိလိုက္ေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀) တာခ်ီလိတ္မွ သိရသည္။

ေအာက္တိုဘာလ (၉)ရက္ေန႔ ညေန(၄)နာရီခြဲ၀န္းက်င္က မူးယစ္တပ္ဖြဲ႔စု (၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား၊ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ ျပည္သူ႔စစ္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔မွ မကာဟိုခမ္း ရပ္ကြက္၊ ေမဖလား၀ါးကြင္း၊ မယ္ဆိုင္ေခ်ာင္းအနီးတြင္ မူးယစ္ေဆး၀ါး သတင္းအရ ေစာင့္ဆိုင္းေနစဥ္ လမ္းေလွ်ာက္၍ ေရာက္ရွိလာသူ အားဖာ(က်ား)အား စစ္ေဆးရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားကို ရွာေဖြေတြ႕ရွိရမိတာ ျဖစ္ေၾကာင္း သိရသည္။

မယ္ဆိုင္ေခ်ာင္းအနီး လမ္းေလွ်ာက္လာသူ အားဖာ(က်ား)အား အဆိုပါ ပူးေပါင္းအဖြဲ႔မွ စစ္ေဆး ရွာေဖြရာတြင္ ၎ကိုင္ေဆာင္ထားေသာ ပလပ္စတစ္အိတ္ အတြင္းမွ အဆင့္ဆင့္ ထုတ္ပိုးထားသည္ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၁၀,၀၀၀)တိတိကို ရွာေဖြေတြ႕ရွိရာ အဆိုပါ ေဆးျပားမ်ား၏ အေလးခ်ိန္မွာ (၁)ကီလိုခန္႔ရွိၿပီး ကာလတန္ဖိုးေငြမွာ က်ပ္သိန္းေပါင္း (၁၅၀)ခန္႔ ရွိေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ လက္၀ယ္ေတြ႕ရွိရသူ အသက္(၁၈)ႏွစ္အရြယ္ အားဖာ(က်ား)အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၉၃/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၆(က)အရ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားရွိၿပီး ကြင္းဆက္တရားခံမ်ားအား ဖမ္းဆီးရမိေရးအတြက္ ရဲတပ္ဖြဲ႔မွ ဆက္လက္ စံုစမ္း ေဖာ္ထုတ္ေနလွ်က္ရွိေၾကာင္း သိရွိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်း၊ မယ်ဆိုင်ချောင် းအနီးတွင် အမျိုးသားတစ်ဦးထံမှ ကျပ်သိန်းပေါင်း (၁၅၀)ခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိလိုက်ကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ သိရသည်။

အောက်တိုဘာလ (၉)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်က မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မကာဟိုခမ်း ရပ်ကွက်၊ မေဖလားဝါးကွင်း၊ မယ်ဆိုင်ချောင်းအနီးတွင် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် လမ်းလျှောက်၍ ရောက်ရှိလာသူ အားဖာ(ကျား)အား စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိရမိတာ ဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်ချောင်းအနီး လမ်းလျှောက်လာသူ အားဖာ(ကျား)အား အဆိုပါ ပူးပေါင်းအဖွဲ့မှ စစ်ဆေး ရှာဖွေရာတွင်၎င်းကိုင်ဆောင်ထားသော ပလပ်စတစ်အိတ် အတွင်းမှ အဆင့်ဆင့် ထုတ်ပိုးထားသည် Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၁၀,ဝဝဝ)တိတိကို ရှာဖွေတွေ့ရှိရာ အဆိုပါ ဆေးပြားများ၏ အလေးချိန်မှာ (၁)ကီလိုခန့်ရှိပြီး ကာလတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၁၅၀)ခန့် ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ အသက်(၁၈)နှစ်အရွယ် အားဖာ(ကျား)အား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၉၃/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိပြီး ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ ဆက်လက် စုံစမ်း ဖော်ထုတ်နေလျှက်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~